Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 17, 2017

မဘသ နောက်ကွယ်က အစတစ်စ" ...

"မဘသ နောက်ကွယ်က အစတစ်စ" ...
 
အမျိုးသား ဝံသာနု ရက္ခိတ ဆိုတဲ့ တရားမဝင်တဲ့ အဖွဲ့သစ်ကို 
ဦးဆောင်ပြီး မဘသ ကို လာမထိနဲ့ ဆိုတဲ့ စိုးထွန်းရှိန်ဆိုတာက
ဒီလိုဗျ ...
သူက တရုတ်လူမျိုး၊ အော်နေတာက အမျိုးသားရေး
ထောင်ထားတဲ့ ကုမ္ပဏီက အမျိုးသား ကြီးပွားတိုးတက်ရေး
ကုမ္ပဏီတဲ့။ သူ့ကို ဒီအခြေအနေရောက်အောင် မြေတောင်မြှောက်ပေးလိုက်သူတွေက ဆင်းသွားတဲ့ အဘတွေ။ ဒဲ့ပြောရရင်
သူနဲ့ အဘတွေက ကျေးဇူးခံ ကျေးဇူးစားတွေ

ဒီခရိုနီက ဗဟိုစည်မှာ ရုံးခန်းလေးတစ်ခန်း ဖွင့်ပြီး ရေထွက်ကုန် ရောင်းဝယ်ရေး လုပ်တယ်။ သူများတွေလိုငါးဖမ်းစက်လှေတွေ၊ အအေးခန်းတွေလဲ မရှိရှာပါဘူး။ ဒါပေမယ့် လုပ်ငန်းရှင်ကြီးတွေက ဘာအဖွဲ့ ညာအဖွဲ့ဆို အလုပ်ရှုတ်တယ်ဆိုပြီး မပါချင်ကြတဲ့ အချိန်မှာ သူ့ကိုဝိုင်းတင်ပေးလိုက်ရာက ရေထွက်ပစ္စည်း ပို့ကုန်အသင်းရဲ့ ဥက္ကဌဖြစ်သွားတယ်။ 
 
လုပ်ပိုင်ခွင့်ရတာနဲ့ အဲဒီတုန်းက မွေးရေဘဏ်၊ အခုကမ္ဘာ့ရတနာဘဏ်ကနေ ငွေတွေ ကျပ်သန်းထောင်ချီပြီး ချေးတယ်။ မူဆယ်၁၀၅မိုင်မှာ ရေထွက်ကုန်တွေ အတွက် ကြားစခန်းဆိုပြီး အအေးခန်းတွေ ဆောက်တယ်။ မြန်မာနိုင်ငံက တက်လာတဲ့ ရေထွက်ကုန်မှန်သမျှ အဲဒီမှာ မနားမနေရ၊ အဲဒီမှာပဲ မရောင်းမနေရ လုပ်လိုက်တာ အချီကြီး ပွသွားတယ်။ 

အဲဒီအချိန်က မွေးရေ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိန်းနဲ့လည်း ညီအစ်ကိုလို ဖြစ်သွားတယ်။ အဲဒီစစ်အာဏာရှင်ခေတ်က ၀န်ကြီးဝန်ကလေးတွေကလည်း လူယုတ်မာတွေ၊ လူလိမ်လူကောက်တွေကိုမှ အကောင်းထင်တဲ့ အချိန်ကိုးဗျ။ အဲဒီလို ၁၀၅မိုင်ကြား စခန်းမှာ ထင်တိုင်းကြဲနေတာကို ၀ိုင်းတိုင်ကြလို့ နောက်နှစ်မှာတော့ သူ့ကိုဥက္ကဌရာထူးက ဖြုတ်လိုက်ပေမယ့် တစ်နှစ်အတွင်းမှာ အချီကြီး ပွသွားတဲ့ သူ့အနေနဲ့ မွေးရေလုပ်ငန်းဆိုတာ သေးသိမ်တယ်လို့ စိတ်ထဲထင်သွားပြီး ခွင်အသစ်ရှာတော့တယ်။

အဲဒီမှာ မွေးရေ၀န်ကြီးရဲ့ ဆက်သွယ်ပေးမှုနဲ့ဗိုလ်ချုပ်ကြီး မောင်အေးသမီးနဲ့ချိတ်ဆက်မိပြီး အိုင်ဗင်ဟို ကုမ္ပဏီက စမ်းသပ် ရှာဖွေတွေ့ရှိထားတဲ့ မိုးထိမိုမိတောင်က ရွှေတွင်းကို လုပ်ခွင့်ရသွားတယ်။ ဒီနေရာမှာ စဉ်းစားရမှာက အဲဒီနေရာဟာ ရွှေအရမ်းထွက်ပါရက်နဲ့ သတ္တုတွင်း ၀န်ကြီးဌာနက ဘာလို့ စက်ရုံမတည်တာလဲ။ယုတ်စွအဆုံး ဦးပိုင်က ဘာလို့အဲဒီနေရာကို မယူတာလဲဆိုတဲ့ မေးခွန်းက ပေါ်လာတယ်။ 
 
ဘာဖြစ်လို့ တကယ့် ရွှေကြောကြီးကို လူမသိသူမသိစီးပွားရေးသမား လက်ထဲထည့်ခဲ့တာလဲ။ အဖြေကတော့ ရှင်းရှင်းလေးပါ။ စစ်အာဏာရှင်ခေတ်မှာ ထိပ်ဆုံးက အာဏာရှင် တစ်ယောက်ရဲ့ သမီးနဲ့ ပေါင်းမိတဲ့ အတွက် အားလုံးက လက်ရှောင်ပေးလိုက်ကြတာပဲ။ ဒီတော့ အဲဒီခရိုနီက လူကြီးတွေကို သူတို့အရိုးနဲ့ သူတို့ပြန်ထိုးဖို့ လုပ်တယ်။ လူကြီးတွေဆီကို မက်လောက်တဲ့ အတိုးနှုန်းပေးပြီး ငွေလိုက်ချေးတော့တယ်။ ပြီးတော့ သူနဲ့သိတဲ့ စီးပွားရေးသမားတွေဆီကလည်း နှစ်ကျပ်တိုး သုံးကျပ်တိုးနဲ့ချေးတယ်။ ပြောလို့ရရင် ချေးလို့ရတဲ့ နေရာတိုင်းကနေ ချေးတယ်။ လူကြီးတွေလည်း သူတို့ပိုက်ဆံလေး အရင်းမဆုံးဖို့ အတွက် သူ့ကို လုပ်ပိုင်ခွင့်တွေ ပေးရတော့တယ်။

သူရထားတဲ့ အကွက်ဟာ ရွှေဘယ်လောက် ထွက်သလဲတော့ မသိဘူး။ နိုင်ငံတော်ကို တစ်နှစ် ရွှေတန်ချိန် ၅.၅တန် ပေးသွင်းပြီး လုပ်ရတဲ့အကွက် ဖြစ်တယ်။ အောက်ခြေ လုပ်သားတွေရဲ့ အဆိုအရ မြေကြီးတစ်ပုံးကို ကျင်တိုင်းရွှေ ၇ကျပ်သား ထွက်တယ်ဆိုတဲ့ နေရာလည်း ဖြစ်တယ်။ အဲဒီခရိုနီက အစိုးရကို ရွှေကြွေးကျန် ဘယ်လောက် ပေးသွင်းဖို့ ကျန်သလဲဆိုတာတော့ ခင်ဗျားတို့ မီဒီယာတွေ ဆက်လက် စုံစမ်းသင့်သပေါ့ဗျာ။ သူပြောသလို မြန်မာနိုင်ငံမှာ နံပါတ်၇ဆိုတာ ကျွန်တော့် အထင်တော့ အချမ်းသာဆုံးကိုပြောတာမဟုတ်ပဲ ကြွေးအထူဆုံး ကြွေးအများဆုံး လူစာရင်းမှာ နံပါတ်၇လို့ ပြောတယ် ထင်တာပဲ။ 

ဒီခရိုနီက ချေးလို့ရသမျှ နေရာတိုင်းက ချေးတယ်။ အကြွေးနဲ့ သူဌေးလုပ်တာပေါ့ဗျာ။ဒီလိုနဲ့ လက်ထဲလဲ ငွေရှိလာရော ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်မလေးတွေနဲ့ တွဲတဲ့ ဇာတ်လမ်းက တစ်ခြား ခရိုနီတွေလိုပဲ စပါလေရော။ ပထမဆုံးက အဆိုတော်မလေး တစ်ယောက်ကို ဖက်ရှင်ဆိုင်ထောင်ပေးတယ်။ ပြီးတော့ အခုတရားဝင် လင်ယူသွားပြီဖြစ်တဲ့ မင်းသမီးလေး တစ်ယောက်နဲ့ တွဲတယ်။ အဲဒီကနေ အခုတော့ မော်ဒယ် တစ်ယောက်နဲ့ တရားဝင် အိုးအိမ်ထူထောင်လိုက်တာပဲ။ 

ပြသနာက အဲဒီမှာစရော။ ထင်ပေါ်ချင်တဲ့စိတ်၊ ကြွားချင်တဲ့ စိတ်တွေကများတော့ ဟန်းနီးမွန်း ပျားရည်ဆန်းခရီးကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာသွားမယ်တဲ့။ သူတွေးတတ်တဲ့ အတွေးလောက်က ငွေပေးရင် လေယာဉ်စီးသလို အာကာသယာဉ်စီးပြီး ခရီးသွားလို့ရတယ် ထင်နေပုံရတယ်။ မသွားခင် တစ်နှစ်လောက် ကြိုတင်ပြီး အာကာသ ခရီးအတွက် ဆေးစစ်ရမှာတွေ၊ အာကာသထဲမှာ နေနည်းထိုင်နည်းစားသောက်နည်းတွေက အစ အီအီးပါတာ အဆုံး ဘယ်လို လုပ်ရမလဲဆိုတဲ့ သင်ကြားပို့ချမှုတွေ နာခံရမယ်ဆိုတာ သိပုံမပေါ်ဘူး။ ဆိုးတာက နိုင်ငံခြား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ကြော်ငြာထားတဲ့ အဲဒီခရီးစဉ်က ဖျက်သိမ်းထားတာ ၂နှစ်ရှိပြီ။ အဲဒါလည်း မသိဘူးထင်ပါတယ်။ကြွားလို့ရရင်ပြီးရော လျှောက်ပြောတာလား။ စတန့်မာ့ကက်တင်းလို့ ခေါ်တဲ့ သူ့ကို တစ်နိုင်ငံလုံးကချက်ခြင်း သိအောင် လုပ်တာလားတော့ မပြောတတ်ပါဘူးဗျာ။ 

နောက်ပေါက် ခရိုနီတွေက ငယ်လေလည်လေဗျ။ သူ့ရဲ့ မိုးထိမိုးမိ ရွှေတွင်းက အလုပ်သမားတွေရဲ့ပြဿနာကိုလဲ အာဏာပိုင်တွေနဲ့ပေါင်းပြီး အလုပ်သမား ခေါင်းဆောင်တွေကို ထောင်သွင်း အကျဉ်းချတဲ့ နည်းနဲ့ ဖြေရှင်းခဲ့တာပဲမဟုတ်ပါလား။တကယ်တွေးကြည့်ရင် ဒေါ်လာ ၁၅သန်းဆိုတာ မြန်မာငွေ ကျပ်သန်းပေါင်း တစ်ထောင်စီ ပုံထားတဲ့ အပုံ၁၅ပုံပဲ။ အဲဒီငွေရဲ့အပုံတစ်ထောင်ပုံတစ်ပုံလောက်ကို မလေးရှားမှာ ဒုက္ခရောက်ပြီး ပြည်တော် ပြန်လာချင်တဲ့ သူတွေကို လှူလိုက်ပါလားဗျာ။ တစ်နိုင်ငံလုံးကနတ်လူသာဓု မခေါ်ပေဘူးလား။ သူ့ဟာသူ ဟန်းနီးမွန်း အတွက် ဘယ်လောက် အကုန်အကျခံမယ် ကြွားနေပေမယ့် မွေးရေဘဏ်ကနေ ကျပ်သန်းထောင်ချီပြီး ချေးထားတဲ့ ငွေကိုတော့ ပြန်ဆပ်ဖို့ နေနေသာသာ အတိုးတောင် မပေးနိုင်တာ ကြာပြီလို့ သူ့နံမည်က ဘဏ်မှာ NPLလို့ခေါ်တဲ့ Non Performance List ထဲမှာ ပါနေတယ်လို့ သိရတယ်။ 

အဲဒီတုန်းက အာမခံပြီး ထုတ်ချေးဖို့ အမိန့်ပေးခဲ့တဲ့မွေးရေ၀န်ကြီး၊ ကြံခိုင်ရေး ပါတီ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိန်းလည်း ဒီအချိန်လောက်ဆို ခေါင်းကြီးနေလောက်ပြီ။ ပြောသာ ပြောရတယ်။ အရင် စစ်အာဏာရှင် အစိုးရက သနားစရာဗျ။ စီးပွားရေးသမား ယောင်ဆောင်တဲ့ လူလိမ်တွေ လိမ်သမျှကို အဟုတ်ထင်ပြီး အကုန်လိုက်လုပ်ရင်း နာမည်ပျက်သွားတာ။ အဲဒီအပြင် သူတို့ ကိုယ်ပိုင်ငွေတွေပါ ဟုတ်နိုးနိုးနဲ့ချေးမိတော့ သူတို့ငွေပြန်ရအောင် အဲဒီလူကို ကောင်းသထက် ကောင်းတဲ့ အလုပ်တွေ ထပ်ထပ် ချပေးရတော့တာပေါ့ဗျာ။

ထားပါတော့။ ဒီလိုနဲ့ သူဒီအဆင့်ရောက်လာတာ အဘတွေရဲ့
ကျေးဇူး သူ့အပေါ်မှာ လည်ပင်းနင့်နေတယ်။ မြန်နာပြည်မှာ နံပါတ် ဘယ်လောက်ပဲ ချိတ်ချိတ် သူ့အဆင့်က ခိုင်းတာလုပ်တဲ့ အဆင့်မှာပဲ ရှိသေးတယ်။ တဖြည်းဖြည်းနဲ့တော့ ပွန်းတွေချကျွေးရာကနေ မြင်းတွေ ဆင်းကလာကြပြီ။ မဘသ နောက်ကွယ်က လက်မဲကြီးလည်း ထင်သာမြင်သာ ရှိလာပါပြီ။

ဆရာလက်စောင်းထက် ဆီမှ အချက်အလက်အတွက်
ကိုးကားပါသည်။

ZN.H

No comments:

Post a Comment