Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 1, 2017

ကျောက်တော် ရေပေါ်သင်္ကြန်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ရေနစ်ပျောက်ဆုံးလျက်ရှိနေ


( ယခုနှစ် ကျင်းပခဲ့သော ကျောက်တော်တောင် ဘုရားပွဲ ရေပေါ်သင်္ကြန်အား မြင်ရစဉ်။ ဓါတ်ပုံ - စစ်မင်းငြိမ်း)
ကျောက်တော်၊ မေလ ၁

ရခိုင်ပြည်နယ်၊ ကျော်တော်တောင်ဘုရားပွဲတော် ရေပေါ်သင်္ကြန်မှာ ယနေ့ (မေလ ၁ ရက်နေ့) နေ့လည်ပိုင်းအချိန်ခန့်က မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ရေနစ်ပျောက်ဆုံးလျက်ရှိနေကြောင်း ကျောက်တော်ဒေသခံ ကိုဇော်ဝင်းကပြောသည်။

ပျောက်ဆုံးနေသူမှာ ကျောက်တော် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ် ကိုအောင်မြင့် အသက်(၂၇ နှစ်) (ဘ) ဦးသာကျော် ဆိုသူဖြစ်ကာ မြို့သစ်ရပ်ကွက်၊ ဘောလုံးကွင်းအနီးတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

“ ကျနော်လည်း အဲဒီပွဲကို မသွားလိုက်ဘူး။ ဒီနေ့ ကျောက်တော် စခန်းမှူးဆီက ဖုန်းဆက်လာတယ်။ တစ်ယောက်ရေနစ်သွားတယ်။ အခုအထိ ရှာမတွေ့သေးဘူးလို့။ ” ဟု ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက ယနေ့ ညနေ ၁၀ နာရီကျော်အချိန်ခန့်က DMG သို့ ပြောသည်။

ကျောက်တော်တောင် ဘုရားပွဲတော် ရေပေါ်သင်္ကြန်ကို ဧပြီလ ၂၇ ရက်နေ့မှ စတင်ကာ မေလ ၁ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ် ဘုရားဖူးပြည်သူများ လာရောက်ခဲ့ကြကာ ကစ္ဆပနဒီရေပြင်တွင်လည်း စက်လှေ၊ သမ္ဗန်များဖြင့် ရေပက်ကစားခဲ့ကြကြောင်းလည်း သိရသည်။

ယခုနှစ် ကျောက်တော်တောင်ဘုရားပွဲသည် ယခင်နှစ်များထက် ပိုမိုစည်ကားခဲ့ကြောင်း သိရသည်။

ဖဒူ ထွန်းအောင်၊ DMG
Development Media Group
https://www.facebook.com/dmgnewsagency

No comments:

Post a Comment