Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 19, 2017

သို့သော် မြန်မာမှ သစ်လော၊ တရုတ်မှ သစ်လော ဆိုသည်ကိုလည်း အတည်မပြုနိုင်ပေ

တရုတ်မှ ကမ္ဘာ့အကြီးဆုံးခြင်္သေ့ရုပ်တု ထုလုပ်သောသစ်သည် မြန်မာက တရားဝင်ရောင်းထားခြင်းမဟုတ်

Byအိဖြူမွန်
တမလန်းသားဖြင့် ထုလုပ်ထားသည့် ကမ္ဘာ့အကြီးဆုံးခြင်္သေ့ရုပ်တု(boredpanda.com)

 တရုတ်နိုင်ငံ ဟူပေခရိုင် ဝူဟန်မြို့ပေါ်တွင် ပြသထားသည့် ၄၇ ပေခွဲရှည်သော ကမ္ဘာ့အကြီး ဆုံးခြင်္သေ့ရုပ်တုကိုထုလုပ်ရာ၌ အသုံးပြုထားသည့် လုံးပတ် ၁၃ ပေကျော်ရှိ တမလန်းသစ်သည် မြန်မာနိုင်ငံမှ တရားဝင်ရောင်းဝယ် ထားသော သစ်မဟုတ်ကြောင်း သစ်တောဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးညီညီကျော်က ပြောသည်။

‘‘သူတို့ဘက်က ရမ်းပြော တာလည်း ဖြစ်နိုင်တာပဲ။ သစ်ကိစ္စနဲ့ပတ်သက်ရင် တရုတ်နဲ့ တရား ဝင်လုပ်ထားတာ ဘာမှမရှိဘူး။ ကုန်သွယ်တာလည်း မရှိဘူး။ အ ထောက်အထားမှတ်တမ်း မှတ်ရာလည်းမရှိဘူး’’ဟု ဦးညီညီကျော် က ပြောသည်။


မေလဒုတိယပတ်က  တ​ရုတ်အွန်လိုင်းမီဒီယာများနှင့် တ ရုတ်ဗိသုကာပညာရှင် ဒန်ဒင်းရူ ယောင်၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါခြင်္သေ့ကြီးကို မြန်မာနိုင်ငံတွင် ထွင်းထုခဲ့ပြီး ၂၀၁၅ဒီဇင်ဘာ၌ ပြီးစီးခဲ့သည်ဟု ရေးသားဖော်ပြခဲ့သည်။

  တရုတ်ဗိသုကာပညာရှင် နှင့်အဖွဲ့က အလုပ်သမား ၂၀ ကျော်ဖြင့် သုံးနှစ်ခန့် ပြုလုပ်၍ မိုင်သုံးထောင်ခန့်ဝေးသော မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ဝူဟန်မြို့၏ Fortune Plaza Times Square ၌ ပြသထားသည်ဟု Bored Panda  အွန်လိုင်းသတင်းဌာနက မေလ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

The Oriental Lion ဟု အ မည်ပေးထားသော အဆိုပါခြင်္သေ့ ကြီးသည် တမလန်းသစ်ပင်တစ် ပင်တည်းကို ထွင်းထုခဲ့ခြင်းဖြစ်ပြီး အမြင့်ပေ ၁၆ ဒသမ ၅ ပေရှိကာ လုံးပတ် ၁၃ ပေရှိသည်။ ရုပ်တု ကြီး၏အရှည်သည် ၄၇ ဒသမ ၅ ပေရှိသည်။ သို့သော် အဆိုပါ ရုပ်တုကို မြန်မာနိုင်ငံတွင် ထုလုပ်ခဲ့သည်ဆိုသော်လည်း သစ်မှာမည်သည့်နိုင်ငံက သစ်ဖြစ်ကြောင်း ရေးသားထားခြင်း မရှိပေ။ အဆိုပါတမလန်းသားမှာ မြန်မာနိုင်ငံမှ ဟုတ်၊ မဟုတ် 7Day  Daily က သီးခြားအတည်မပြုနိုင်သေးပေ။

 အဆိုပါတမ လန်းသစ်သည် မြန်မာနိုင်ငံမှ ဖြစ်ခဲ့ပါက သစ်အလုံးလိုက် တင်ပို့မှုမရပ်တန့်မီ ၂၀၁၄ မတ်လ မကုန်မီက ရောက်သော သစ်ဖြစ်နိုင်သော်လည်း တရုတ်နိုင်ငံသို့ ဤမျှကြီးမားသည့် တမလန်းသစ်မျိုး ရောင်းချခဲ့သော မှတ်တမ်းမရှိကြောင်း ဦးညီညီကျော်က ပြောသည်။ သစ်အလုံး လိုက်တင်ပို့မှုကို ၂၀၁၄ ဧပြီ  ၁ ရက်ကစ၍ ရပ်နားထားပြီး သစ်အချောထည်တင်ပို့မှုသာ ခွင့်ပြုခဲ့သည်။

 ခြင်္သေ့ရုပ်တု၏အရွယ်အ စားသည် ၄၇ ပေကျော်ရှည်၍ မြန်မာနိုင်ငံတွင် အကြီးဆုံးသစ် ပင်အဖြစ် ထိန်းသိမ်းထားသည့် ကျွန်းပင်နှစ်ပင်၏အရွယ်အစား ခန့်ရှိသောကြောင့် ထိုသို့သော အပင်မျိုးကို အစိုးရက တွေ့ရှိပါကပြည်ပသို့ တင်ပို့ရောင်းချခြင်းထက် ထိန်းသိမ်းထားစောင့် ရှောက်ခြင်းသာ လုပ်ဆောင် မည်ဖြစ်ကြောင်း သစ်တောဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဇော်မင်းက ပြောသည်။

‘‘အဲဒီလို အရွယ်အစားကြီး မားတဲ့ သစ်တွေ မြန်မာပြည်ရဲ့ တောထဲမှာ ရှိကောင်းရှိနိုင်ပါ တယ်။ တရားဝင်ပုံစံနဲ့ တရုတ် ဘက်က ပြောထားပေမယ့် ခိုးလုပ် တာဖြစ်နိုင်ပါတယ်။ တရားဝင် တော့ လုံးဝမဖြစ်နိုင်ပါဘူး။ အခု ခိုးသွားနေတဲ့သစ်တွေကလည်း ကိုးပေအပိုင်းလေးတွေဆိုတော့ မဖြတ်မတောက်ဘဲ ဒီလောက်ကြီး တာသယ်သွားဖို့က မဖြစ်နိုင်ပါ ဘူး’’ဟု စိမ်းလန်းအမိမြေမှ ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

မြန်မာသစ်လုပ်ငန်းရှင်များအသင်းတွင် ၂၀၁၅ မတိုင်မီ အ တွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ သော ဦးဘာဘာချိုအား ၂၀၁၂ မတိုင်မီ သစ်ကုန်သွယ်မှုများနှင့် ပတ်သက်၍ မေးမြန်းရာ မြန်မာ အစိုးရဘက်က တရားဝင်ကုန်သွယ်မှုပြုရာ၌ ယခုကဲ့သို့ ကြီးမားသော သစ်မရှိကြောင်း ဖြေကြားသည်။

‘‘အစိုးရဘက်က သွားတာ တော့မဖြစ်နိုင်ဘူး။ ဆိပ်ကမ်းက နေ သယ်တာတော့ အများဆုံးရှိလှမှ ပေ ၂၀ အရှည်ကို ဖြတ်သယ် တာပဲရှိတယ်။ သိပ်တော့မလွယ် ဘူး။ MTE ခွင့်ပြုချက်နဲ့သွားရင် တောင် မသိနိုင်စရာ အကြောင်း မရှိဘူး’’ဟု  ဦးဘာဘာချိုက ပြော သည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေ သော တမလန်းသစ်များသည် မြန်မာနိုင်ငံမှ တရားဝင်ခွင့်ပြုထား သည့် သစ်များမဟုတ်၍  တရားမ ဝင်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်သည့် သစ်များဖြစ်မည်ဟု မေးမြန်းသည့် သတင်းအရင်းမြစ် ငါးဦးစလုံးက တညီတညွတ် တည်း သုံးသပ်ပြောကြားသည်။
7daydaily
http://www.7daydaily.com/story/96485

No comments:

Post a Comment