Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 7, 2017

စကားများရန်ဖြစ်ရာမှ မိခင် နာမည်ကိုပါ တပ်ဆဲတဲ့အတွက် ရဲဒင်းဖြင့် ခုတ်သတ်

ရေးမြို့နယ် အဘော်ကျေးရွာ ရေလုပ်သား အချင်းချင်း စကားများရန်ဖြစ်ရာမှ မိခင် နာမည်ကိုပါ တပ်ဆဲတဲ့အတွက် ရဲဒ င်းဖြင့် ခုတ်သတ်ခံရပြီး သေဆုံးသွားကြောင်း ရေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ ကပြောပါတယ်။

ရဲဒင်း နဲ့ ခုတ်သူ မောင်အေးနိုင် နဲ့ အခုတ်ခံရသူ မောင်ပိုင်ဇင်သက် တို့ဟာ အဘော်ကျေးရွာနေ ရေလုပ်ငန်းရှင် ဦးမောင် နိုင်ရဲ့ ကျားပိုက်ဖောင်မှာ လုပ်ကိုင်နေတဲ့ ကျားဖောင်လုပ်သားတွေဖြစ်ကြကြောင်း သိရပါတယ်။

မောင်အေးနိုင်က သူ့အမေ နာမည်တပ်ဆဲလို့ မောင်ပိုင်ဇင်သက်ကို သူဘေးမှာရှိနေတဲ့ ရဲဒင်းနဲ့ ခုတ်လိုက်တာ ဖြစ်တယ် ကြောင်းရေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ ကပြောပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် ည ၃ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ရဲဒင်းနဲ့ အခုတ်ခံခဲ့ရသူ မောင်ပိုင်ဇင်ထက်ဟာ ဂုတ်ပိုးဘယ် ဘက်ခြမ်း ဒဏ်ရာတစ်ချက်၊ ညာကျောပြင်မှာ ဒဏ်ရာတစ်ချက်နဲ့ ဦးခေါင်းနောက်စေ့ ဒဏ်ရာတစ်ချက်စတဲ့ ဒဏ်ရာများ ရ ရှိခဲ့ပြီး ရေးမြို့မဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ရဲစခန်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ကျားဖောင်လုပ်သား မောင်အေးနိုင်ကို ရေး မြို့မရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၄/၂၀၁၇) ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း ရေးမြို့မရဲစခန်းမှတ်တမ်းအရ သိရပါတယ်။
ဆန်းသစ်

No comments:

Post a Comment