Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 4, 2017

ချေးငွေများပြန်မပေးနိုင်၍ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး


တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် အုန်းနှဲပင် ကျေးရွာမှာ မေ(၃)ရက် ညနေ(၅)နာရီ က လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးနေတယ်လို့ တိုက်ကြီးမြို့မ ရဲစခန်းကနေသိရပါတယ်။

ကမ္ဘောဇအလင်းတန်းအစုအဖွဲ့(ငွေချေးအသင်း)နဲ့အခြားငွေချေးအသင်းတွေကို ချေးငွေတွေပြန်မပေးနိုင်တာကြောင့် နေထိုင်ရာကျေးရွာနဲ့တစ်မိုင်ခန့်အကွာ တိုက်ကြီး-ဖောင်ကြီး ကားလမ်းဘေးမှာ ကြိုးဆွဲချသေဆုံးတာဖြစ်တယ်လို့သိရပါတယ်။

 သေဆုံးသူဟာ ငွေချေးအသင်းတွေကို အပတ်စဉ်ချေးငွေတွေပြန်မပေးနိုင်တာကြောင့် စိတ်ကျရောဂါနဲ့ အမြင့်ပေ(၁၀)ပေခန့်ရှိ ရေသဖန်းပင်မှာ ကြိုးဆွဲချသေဆုံးတာဖြစ်တယ်လို့မင်္ဂလာရပ်ကွက်ရာအိမ်မှူးဦးမျိုးနိုင်ရဲ့ပြောကြားချက်အရသိရပါတယ်။

 သေဆုံးသူကို တိုက်ကြီးမြို့မ ရဲစခန်းက တိုက်ကြီးမြို့ပြည်သူ့ဆေးရုံမှာ ဓမ္မတာအတိုင်းသေဆုံးတာဟုတ် /မဟုတ်စစ်ဆေးပြီး သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၇ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး) ကပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb

No comments:

Post a Comment