Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 28, 2017

ကျွန်တော်နှင့် သိုး က လေ


ကျွန်တော်နှင့် သိုး က လေ

သိုး က လေ. အစချီ
ရွှေနှင့်ယိုးမှား ပန်းစကား
ကဗျာကိုသင်တိုင်း
ဒီသိုး က လေ ဝေါဟာရကို
ကျွန်တော်ဘဝင်မကျဖြစ်မိပါတယ်။
ပုဂံဝန်ထောက် ဦးတင်အဆိုအရ
ဒီကဗျာဟာ ပုဂံခေတ် ကဗျာလို့ 
အလွယ်ပြောပေမယ့်
စိတ်ကမတင်မကျ . . .
ပုဂံခေတ်မှာ
မြကန် . .
သိုးကလေ. အစချီ ရွှေနှင့်ယိုးမှားပန်းစကား
အနန္တသူရိယ အမတ်ရဲ့ သူတည်းတစ်ယောက် အစချီ မျက်ဖြေလင်္ကာ တွေဟာ
ပုဂံခေတ်မှာရေးသားခဲ့တယ်လို့ အမှတ်အသား အစဉ်အဆက် ဆိုကြတယ်။

သိုး က လေ ကတော့ အစောဆုံး
ကဗျာ . .
သိုးဟာ မြန်မာစကားလား
ပျောက်ကွယ်သွားတဲ့ မြန်မာဝေါဟာရလား
မဟုတ်ဘူး
သိုး =ခမောက် သို့ ဦးထုပ်(့ ခက်ဆစ်)
ကဗျာအနက်ပြန်တော့
သိုး က လေ
ခမောက်သို့ ဦးထုပ်ဆောင်းထားသော
မင်းမဟာဂီရိနတ်တဲ့

ဒါဆို ကျွန်တော်တို့ သဲလွန်စရပြီ
နတ်လောကမှာရှိမယ်ဒီစကား။
နောက်တစ်ခု
မြန်မာတွေက
သိုးဆောင်း လူမျိုး
သိုးဆောင်း ပုံပြင်လို့ လည်း
အနောက်ဥရောပသားတွေကို
ခေါ်ကြတယ်။
ဒိတော့

သိုးဆောင်းနတ် နဲ့  သိုးဆောင်းလူမျိုး
သိုးဟာ ဆောင်းတာ သေချာပြီ
ဦးထုပ်လည်းဟုတ်တယ်
ခမောက်လည်းဖြစ်နိုင်တယ်
ခက်တာက
နတ်လောက သိုးဆောင်းနတ်
စောင်းတဲ့သိုးနဲ့ တူတဲ့ဦးထုပ်ဆောင်းလို့ 
အနောက်တိုင်းသားကို ရှေးက
သိုးဆောင်းလူမျိုးလို့ ခေါ်တာလား

ရှေးကအနောက်တိုင်းသားတွေရဲ့ 
ဦးထုပ်မှာ သိုးမွေး တွေနဲ့ မို့ 
သိုးဆောင်းလို့ ခေါ်ရာက
နတ်လောက မှာ သိုးဝေါဟာရ
ပေါ်လာတာ လား

သိုး ဆိုတာမြန်မာတွေက တိရစ္ဆာန်​ လို့ 
သိတာ။
စဉ်းစားမရဘူး။
အလွယ်တွေးရင်တော့ သိုး က လေ
ဟာပုဂံခေတ်ကဗျာ ဆိုတော့
သိုး ကပုဂံခေတ်ကပေါ်တာပေါ့။
မကျေနပ်တာနဲ့ နတ်လောကဆီချဉ်းကပ်တယ်။
မင်းမဟာဂီရိနတ် သိုးဆောင်းလားလို့

သိုးဆောင်းမိဖုရာအစတောင်ပြုံးမင်းဆီက
***********************

မြန်မာသက္ကရာဇ်၉၂၅မှာဟံသာဝတီဘုရင်ဘုရင်နောင်ကျော်ထင်နော်ရထာကယိုးဒယားကိုစစ်အောင်တဲ့အခါကြေးရုပ်ကြီးများနှင့်နန်းတွင်းရတနာများကိုသိမ်းယူလာခဲ့ပါတယ်
သက္ကရာဇ်၉၆၀မှာဟံသာဝတီပျက်ပြီး၉၆၁ခုမှာယိုးဒယားဘုရင်ဗြနရာဇ်ဟာတောင်ငူကိုတိုက်ပါတယ်မြန်မာမင်းမနိုင်လို့ရခိုင်ဘုရင်မင်းရာဇာကိုစစ်ကူတောင်းပြီးတိုက်တော့ယိုးဒယားကိုနိုင်ပါတယ်
ဒါကြောင့်တောင်ငူဘုရင်ကကြေးရုပ်ကြီးများနှင့်အဖိုးတန်နန်းသုံးပစ္စည်းများကိုလက်ဆောင်ပေးလိုက်ပါတယ်
သက္ကရာဇ်၁၁၄၆ဘိုးတော်ဗဒုံမင်းလက်ထက်မှာရခိုင်ကိုစစ်အောင်တော့ဗဒုံမင်းသားတော်ကအဲဒိကြေးရုပ်ကြီးများနဲ့နန်းတွင်းအသုံးအဆောင်များအပြင်မဟာမြတ်မုနိဘုရားကြီးကိုမြန်မာကပြန်သိမ်းလာခဲ့ပါတယ်
မင်းတုန်းမင်းလက်ထက်ရောက်တော့သံဃာယနာတင်ဖို့ငွေလိုတာကြောင့်နန်းတော်ရွှေတိုက်မှာအသုံးမပြုဘဲထားတဲ့နန်းတွင်းရွှေသားအသုံးအဆောင်များကိုအရည်ကြိုဒင်္ဂါးများလုပ်လိုက်ပါတယ်
သိုးဇာတ်လမ်းအဲဒိမှာစတာပါဘဲ
အဲဒိနေ့ကစပြီးအနောက်ဆောင်တော်ရမိဖုရားရဲ့အိပ်ဆောင်မှာသရဲခြောက်ပါတယ်
ပရိရွတ်လည်းမရပါဘူး
ဒါနဲ့ပုဏ္ဏားတော်တွေနဲ့တွက်ချက်တဲ့အခါ(တချို့ကနတ်မေးတယ်ယူပါတယ်)ရခိုင်ပြည်ကသိမ်းလာသောနန်းတွင်းရတနာများတွင်ရခိုင်နန်းတော်စောင့်နတ်လေးပါး(တချို့ကယိုးဒယားနန်းစောင့်နတ်၎ပါး)စောင့်ရှောက်နေပြီး၎င်းရတနာများကိုဖျက်စီး၍အစောင့်နတ်၎ပါးမှမိဖုရားကြီးအဆောင်တော်တွင်သွားရောက်နေထိုင်ပါသောကြောင့်သရဲခြောက်သကဲ့သို့ဖြစ်ရပါတယ်
ဒီနတ်များတန်ခိုးကြီး၍ပရိတ်ရွတ်မရပါ
မိဖုရားများ၏အထွတ်အမြတ်သိုးလေးလုံးပြုလုပ်ပြီးသိုးဦးထုတ်၌နေရာပေးပါမှဒီကိစ္စအေးပါမည်ဟုနတ်ဆရာများလျှောက်သောကြောင့်မင်းတုန်းဘုရင်ကရွှေသိုး၂လုံးငွေသိုး၂လုံးပြုလုပ်ပြီးရခိုင်ကပါလာသောနတ်လေးပါးကိုနေရာပေးပြီးသိုးနတ်များဟုခေါ်စေပါတယ်
အဲဒိအချိန်ကစပြီးနန်းတွင်းမှာသရဲမခြောက်တော့ပါဘူး
ဒါပေမယ့်ဒီသိုးထဲမှာနတ်တွေရှိတယ်ဆိုတာသိနေတော့
ဘုရင်ကစိတ်မသန့်လို့နန်းတော်ထဲမထားနဲ့သင့်တော်ရာနတ်ကွန်းကိုပို့လိုက်လို့အမိန်ပေးပါတယ်
မင်းမှု့ထမ်းတွေကသိုးလေးလုံးကိုအောင်ပင်လယ်ဘိုးဘိုးကြီးဆီသွားအပ်တော့နတ်ကလက်မခံပါဘူးသူ့ထက်တန်ခိုးကြီးလို့တဲ့
မန္တလေးဘိုးဘိုးကြီးဆီသွားအပ်တော့လဲနတ်ကလက်မခံပါဘူးဒါပေမယ်မန္တလေးဘိုးဘိုးကြီးကတောင်ပြုံမင်းကိုအပ်ထားရင်အဆင်ပြေနိုင်တယ်လို့အကြံပေးပါတယ်
ဒါနဲ့တောင်ပြုံးမင်းဆီသွားအပ်တော့တောင်ပြုံးမင်းကဒီသိုးနတ်လေးပါးကိုငါနိုင်တယ်
ငါလက်ခံတယ်
ဒါပေမယ့်တောင်ပြုံးမင်းဆီရောက်တဲ့သိုးမို့လို့
တောင်ပြုံးမင်းသိုးလို့ခေါ်တွင်ရမယ်ဆိုတော့
ဘုရင်ကခွင့်ပြုပါတယ်
တောင်ပြုံးမင်းကမန္တလေးပြင်လေးပြင်မှာနေတဲ့နတ်ဆရာမကြီး၎ယောက်ကိုခေါ်ပြီးဒီသိုးတွေမပျောက်ပျက်အောင်ထိန်းကြ
နှစ်စဉ်ငါ့ရဲ့တောင်ပြုံးပွဲတော်ရောက်တိုင်းမယ်မင်းတို့နတ်ကတော်၎ယောက်ဟာဒီသိုးနတ်လေးပါးကိုဦးခေါင်းပေါ်တင်ပြီးအခစားဝင်ရမယ်
မယ်မင်းတို့နတ်ကတော်၎ယောက်ကိုလည်းယနေ့မှစ၍သိုးထိန်းမယ်တော်ခေါ်စေရမယ်လို့နတ်မိန့်ပေးလိုက်ပါတယ်
ဒါကြောင့်သိုးးထိန်းမယ်တော်ခေါ်ပါတယ်
တနေ့တော့မင်းတုန်းမင်းမိဖုရားစင်္ကြာဒေဝီ(တချို့ကလက်ပန်စင်မိဖုရား)ကသူကိုးကွယ်တဲ့နတ်ကတော်သိုးထိန်းမယ်တော်နဲ့စကားပြောရင်းနတ်ကတော်က
မိဖုရားကြီးတို့ကရှေးဘုန်းကောင်းလို့မိဖုရားဖြစ်တာအားကျစရာဘဲ
နတ်ကတော်ကြီးတို့လည်းမိဖုရားကြီးလိုဖြစ်ရင်ကောင်းမှာဘဲလို့ပြောတဲ့အခါ
မိဖုရားကဘွားဘွားကြီးမိဖုရားဖြစ်ခြင်ရင်ဖြစ်စေရမယ်ဆိုပြီး
ယနေ့မှစ၍သိုးထိန်းမယ်တော်ကြီးများအားသိုးးဆောင်းမိဖုရားဟုခေါ်စေဆိုပြီးအမိန့်ထုတ်ပေးလိုက်ပါတယ်
ဒါကြောင့်သိုးဆောင်းမိဖုရားခေါ်ပါတယ်
သိုးကိုနတ်လောကမှာတောင်ပြုံးမင်းကပိုင်တော့
တောင်ပြုံးမင်း၏သိုးဆောင်းမိဖုရားခေါ်ကြတာပေါ့ကွယ်
အဲဒိမှာမှတ်သားရမှာကတော့
တချို့ကတောင်ပြုံးမင်း၏သိုးဆောင်းမိဖုရားလို့ကြားတာနဲ့တောင်ပြုံးမင်းနဲ့သိုးဆောင်းထားတဲ့နတ်ဆရာမဟာလင်မယားလို့ထင်ရင်မှားတာပေါ့ကွယ်
အခေါ်အဝေါ်ပြောင်လဲထားတာလို့မှတ်ရပါမယ်
ဒါအပြင်သိုးနတ်လေးပါးဟာယေင်္ကျားနတ်တွေပါကွယ်
ဒါကြောင့်သိုးဆောင်းမိဖုရားတွေဟာသိုးဆောင်းတဲ့အခါမှာသိုးရင်အကျီင်္နဲ့တောင်ရှည်ပုဆိုးကိုဝတ်ရတာပါကွယ်
အခုခေတ်မှာတော့နာမည်ကြီးနတ်နန်းတွေမှာသူနတ်နဲ့သူ့သိုးကိုအဆောင်အယောင်သဘောထားနေကြပါပြီကွယ်
ခုနကပြောတဲ့ရခိုင်ကကြေးရုပ်ကြီးတွေကလည်းညညကျရင်အသံနက်ကြီးတွေနဲ့အော်နေကြလို့မဟာမြတ်မုနိဘုရားကိုလှူလိုက်လို့
အခုအခါမန္တလေးမဟာမြတ်မုနိဘုရားထဲမှာအထင်အရှားရှိနေပါတယ်ကွယ်
ဤစာလေးသည်နတ်လောကတွင်စတင်ဝင်ရောက်လာသောနတ်ဆရာလေးများနှင့်နတ်အကြောင်းဝါသနာပါသူများအတွက်လေ့လာရန်ဖြစ်ပါသည်
နတ်နေနတ်ဝါကြီးသူများအားဆရာလုပ်ခြင်းမဟုတ်ပါကြောင်းရိုးသားစွာဝန်ခံပါသည်
ရာဇဝင်ဆိုသည်မှာအနည်းငယ်မှားတတ်ပါသောကြောင်အမှားပါလျှင်သီးခံပါရန်ကြိုတင်တောင်းပန်အပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
ဆရာအောင်လင်းခေါင်
တလိုင်းမင်းရဲကျော်စွာ၏
အတွင်းဝန်ရွှေဘောင်းတော်ဆောင်းအမတ်ကြီး

နတ်​ ​လောက ကတောင်ပြုန်းကစတယ်
ပဲ ဆြို်ပန်တော့ သိုးကလေ
အစချီကဗျာဟာပုဂံခေတ်လား

နှောင်းခေတ်ရေးကဗျာလား
ဝေခွဲရင်းအဖြေရှာ
မင်းမဟာဂီရိနတ် သိုးဆောင်းနတ်
တောင်ပြုန်းနတ်နန်း သိုးဆောင်းမိဖုရား
သိုးဆောင်းလူမျိုး
သိုး ဆောင်းပုံပြင်
သိုးမွေး သိုး. .သိုး. . .သိုး. . .
ကျွန်တော်ဝေခွဲမရသေး
ကလေးတွေ ကိုတော့အစဉ်အလာအရတော့
ရှင်းပြီးသွားတော့
တပည့်တွေကတော့ကဗျာကို စကားပြေ
ပြန်နေကြပြီ

မင်းတို့ ကို ဖတ်စာပါတဲ့အတိုင်းရှင်းထားတဲ့
ဆရာကတော့ . . .သိုး က လေ ကမတတ်နိုင်သေး။
Credit to Saya Ye Linn Aung








No comments:

Post a Comment