Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 3, 2017

ကမ္ဘာ့ရွှေဈေးကျ၍ မြန်မာ့အခေါက်ရွှေ တစ်ကျပ်သား ကျပ် (၉၀၂၅၀၀)သို့ ဆက်လက်ကျဆင်း



၂၀၁၇ ခုနှစ် မေလ(၃)ရက်တွင် ကမ္ဘာ့ရွှေဈေးကျဆင်းနေသဖြင့် မြန်မာ့အခေါက်ရွှေတစ်ကျပ်သားလျှင် (၉၀၂၅၀၀)ကျပ်သို့ ဆက်လက်ကျဆင်းလာကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

 မြန်မာ့အခေါက်ရွှေဈေးသည် ဧပြီ(၂၅)ရက်တွင် တစ်ကျပ်သား ကျပ်(၉၁၀၀၀၀)ရှိခဲ့သော်လည်း မေလ(၂)ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၉၀၅၀၀၀)ကျပ် ထိကျဆင်းလာရာမှ မေလ(၃)ရက်တွင် (၉၀၂၅၀၀) ကျပ် သို့ ထပ်မံကျဆင်းခြင်းဖြစ်သည်။
 ''ကမ္ဘာ့ရွှေဈေးက မှန်းရခက်တယ်။ နည်းနည်းတော့ ထပ်ကျနိုင်သေးတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ ဒီဈေးပတ်ဝန်းကျင်ပဲ သွားနေမယ်။''ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။

 ကမ္ဘာ့ရွှေဈေးသည် ဧပြီ(၂၅)ရက်ဈေးအရ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၂၇၂)ဝန်းကျင် ရှိခဲ့ရာမှ မေလ(၃)ရက်တွင် တစ်အောင်စလျှင် (၁၂၅၅)ဒေါ်လာဝန်းကျင်အထိ ကျဆင်းလာကြောင်း သိရသည်။
 “ကမ္ဘာ့ဈေးကျလာလို့သာ ရွှေဈေးက ကျလာတာ ဖြစ်တယ်။ ပြည်တွင်းဒေါ်လာဈေးအခြေအနေအရတော့ သိသိ သာသာ ကျလာခြင်းမျိုး မဟုတ်ဘူး။ ဒေါ်လာဈေးပါ ထပ်ကျလာရင်တော့ ရွှေဈေး သိသိသာသာ ကျလာနိုင်ပါ တယ်။''ဟု အောင်သမာဓိရွှေဆိုင်၏ အထွေထွေမန်နေဂျာ ဦးမော်မော်က ပြောသည်။

 မြန်မာနိုင်ငံ၏ ဒေါ်လာငွေဈေးသည် ၂၀၁၆ နှစ်ကုန်ပိုင်းမှ စတင်မြင့်တက်လာခြင်းဖြစ်ပြီး ကန်တစ်ဒေါ်လာလျှင် (၁၂၅၀)ကျပ် ဝန်းကျင်ရှိရာမှ ၂၀၁၇ ခုနှစ်တွင် (၁၄၀၀)ကျပ်ဝန်းကျင်သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

 မေလ(၃)ရက် ပေါက်ဈေများအရ မြန်မာ့အခေါက်ရွှေဈေးတစ်ကျပ်သားလျှင် (၉၀၂၅၀၀)ကျပ်၊ ၁၅ပဲရည်တစ် ကျပ်သားလျှင် (၈၄၅၀၀၀)ကျပ်၊ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် (၁၂၅၅)ဒေါ်လာနှင့် ပြင်ပပေါက်ဈေးနှုန်းများ အရ အမေရိကန်တစ်ဒေါ်လာလျှင် (၁၃၅၀)ကျပ်ဖြစ်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

No comments:

Post a Comment