Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 24, 2017

လိုင်ဗားဆည်တွင် လှေမှောက်၍ လူငယ်သုံးဦး နစ်မြုပ်သေဆုံး

Photo: Chinland Today Media
ဖလမ်း မေ ၂၃

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာအနီးရှိ လိုင်ဗားဆည်တွင် ဖလမ်းမြို့မှ သွားရောက်လည်ပတ်ခဲ့သော မောင်တွန်ဟရန်လျန်(၁၅)နှစ်၊ မောင်ယောဟန်ထန်း(၁၄)နှစ်နှင့် မဂျောနီခေါနယ်မွေး(၁၄)နှစ်တို့သည် မေလ ၂၃ ရက်နေ့  မွန်းလွဲ ၁ နာရီခန့်က ဆည်အတွင်းလှေစီးရာမှ လှေမှောက်၍ ရေနစ်မြုပ် သေဆုံးခဲ့သည်။

 သေဆုံးသူတို့၏ အလောင်းများကို လိုင်ဗားရဲကင်းမှူး ကျဲအိုကုန်း နှင့် ရမ်ထလိုကျေးရွာသူ ကျေးရွာသားများက မွန်းလွဲ ၂ နာရီခန့်တွင် ဝိုင်းဝန်း ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဆည်သည် ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးသည့် ဆည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

No comments:

Post a Comment