Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 4, 2017

တရုတ်တွင် အနီရောင်ဒီရေများ (Red tide) တက်လာသဖြင့် ငါးများသေဆုံး ကာ ရေလုပ်ငန်း လုပ်ကိုင်သူများအထိနာ

 
တရုတ်တွင် အနီရောင်ဒီရေများ (Red tide) တက်လာသဖြင့် ငါးများသေဆုံး ကာ ရေလုပ်ငန်း လုပ်ကိုင်သူများအထိနာ
 
ပေကျင်း၊ဧပြီ ၄ 

တရုတ်နိုင်ငံအရှေ့ဘက်ရှန်တုန်းပြည်နယ် ၊ ရန်တိုင် အနီးရေပြင်မှာ ငါးများကိုသေကြေ ပျက်ဆီး စေသော ဒီရေနီများ တက်လာ တာကြောင့် ရေလုပ်ငန်း လုပ်ကိုင်သူတွေအတွက် အလွန်ဒုက္ခရောက်စေ ခဲ့တယ်လို့သိရပါတယ်။ ဒီရေနီ (Red tide) ဟာ dinoflagellates အနွယ်ဝင် အပင်ကဲ့သို့သတ္တ၀ါငယ်လေးများကြောင့် ရေညှိုများပွားများလာရာကတစ်ဆင့် ရေပြန်ကို အနီ ရောင်သို့မဟုတ် အညိုရောင်ပြောင်းလဲ သွားစေတဲ့ဖြစ်စဉ် လည်းဖြစ်ပါတယ်။

 ဒီရေနီဖြစ်ပေါ်မှုဟာ ဒီရေရောက်မြစ်ဝများ၊ ပင်လယ် ၊ ရေချိုစတဲ့နေရာများမှာ အလ်ဂျေး ရေညှိုများ ရေမျက်နှာပြင်အပေါ်လွှာတွင် စုစည်းဖြစ်ပေါ်လေ့ ရှိတဲ့ ဖြစ်စဉ်လည်းဖြစ်ပါတယ်။ ဒီရေနီ ကြောင့် ပင်လယ်ရေနွား များ နှစ်စဉ်နဲ့ အမျှသေကြေပျက်ဆီးကြတယ်လို့ သုတေသီတစ်ဦး ကဆိုပါ တယ်။ ဒီအလ်ဂျေးရေညှိုလေးတွေဟာ phytoplankton လို့ခေါ်တဲ့ ဆဲတစ်ခုတည်း ပါရှိသော ပရိုတိုဇိုး ၀ါးများဖြစ်ပြီး ရေမျက်နှာပြင်ထက်မြင်သာသော အကွက်ကြီးများဖြစ်လာအောင်စု စည်းနိုင်စွမ်း ရှိကြပါတယ်။

 အချို့သော phytoplankton တွေမှာ နေရောင်ဖြင့် အစာချက်  လုပ်သော ရောင်ခြယ် ပစ္စည်း များပါဝင်ပြီး အစိမ်းရောင်မှ အနီရောင်သို့ အမျိုးမျိုး အရောင်ကွဲပြားကြပါတယ်။ လက်ရှိတရုတ်နိုင်ငံ မှာဖြစ်ပေါ်နေတဲ့ ဒီရေနီမှာ အလ်ဂျေးများ မြင့်မားစွာစုစည်မှုကြောင့် ရေဟာ အရောင်ပြောင်းလဲသွား ရခြင်းဖြစ်ပြီး ၊ ပန်းရောင် ၊ပုံမှန်အားဖြင့် အနီရောင်၊ အစိမ်းရောင်စသည် အရောင်များရှိကြပါတယ်။ ပညာရှင်တစ်ဦးက ဒီရေနီဖြစ်ပေါ်မှုဟာ သဘာဝအလျှောက်အဆိပ်များဖြစ်ပေါ်စေပြီး ၊ ရေတွင်ပါဝင် သောအောက်စီဂျင် ပမာဏကိုလျှော့ကျစေပြီး အခြားသောအန္တရာယ်ရှိသည့်သက် ရောက်မှု များဖြစ်ပေါ်လာသောကြောင့်ငါးများသေကြေပျက်ဆီး ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ 

ဒီရေနီများပေါ်ပေါက်လာခြင်းကြောင့် ပင်လယ်နှင့် ကမ်းရိုးတမ်းဒေသနေငါးများ ၊ ငှက်များ ၊ ပင်လယ်နေနို့တိုက်သတ္တ၀ါများ နှင့်အခြားသက်ရှိများ အသက်ရှင်ရပ်တည်ရေးကိုထိခိုက်စေတယ်လို့ သိရပါတယ်။ ဖော်ပြထားတဲ့ ဓာတ်ပုံများကတော့ ဧပြီလ ၂ ရက်နေ့က ရေမျက်နှာပြင်အခြေအနေများ ကို မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။

 ဒီရေနီကြောင့်သေဆုံးသွားတဲ့ငါးများကိုစားသုံးခြင်းဟာ Neurotoxic shellfish poisoning (NSP) လို့ခေါ်တဲ့ အဆိပ်သင့်ဝေဒနာအပြင် အခြားဝေဒနာများကို ခံစားရစေပြီး ၀မ်းလျှောခြင်း၊ အော့ အန်ခြင်း ၊ မျက်နှာ ၊လျှာအစရှိသည်တို့တွင် စပ်ဖျဉ်းဖျဉ်းဝေဒနာခံရခြင်း၊ ထုံထိုင်းခြင်းစသည်တို့ကို ပေါ်ပေါက်စေတာကြောင့် ကျန်းမာရေးဌာနများက စားသုံးခြင်းမပြုကြဖို့ သတိပေးတား မြစ်ထားပါတယ်။

china.com Myanmar
  

No comments:

Post a Comment