တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၄ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပစဉ်။ Photo: Win Naung Toe/ RFA |
နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးအပြီးမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အခုလို ပြောဆိုလိုက်တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောမတူတာတွေကို ရန်မဖြစ်ပဲနဲ့ တင်ပြဆွေးနွေးလာနိုင်တာဟာ တိုးတက်မှုတစ်ခု လို့မြင်ကြောင်းနဲ့ ကိုယ်လိုချင်တာရမှဆိုတဲ့ စိတ်ဓာတ် တွေလည်း ပြောင်းလဲလာတယ်လို့ မြင်မိကြောင်း သုံးသပ်ပြောဆိုသွားပါတယ်။
KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးကလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးမှာ စိန်ခေါ်မှုတွေရှိပေမယ့် ငြိမ်းချမ်းရေးကို အောင်မြင်အောင်ဆက်လက်လုပ်ဆောင် သွားကြဖို့ တိုက်တွန်းပြောဆိုသွားပါတယ်။
ဒီကနေ့ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေဖြစ် တဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာစတဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment