Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 15, 2017

မန္တလေးတွင် IC ဖျော်ဖြေရေးမဏ္ဍပ် ဖျက်စီးခံရ


မန္တလေးမဟာသင်္ကြန် အကြတ်နေ့တွင် မန္တလေးတိရိစ္ဆာန်ဥယျာဉ်ရှေ့ရှိ ကျုံးနံဘေးတွင် ဆောက်လုပ်ထားသော Iron Cross ဖျော်ဖြေရေးမဏ္ဍပ် ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။


မီးစက်ချို့ယွင်းမှုကြောင့် ​ဖျော်ဖြေရေး ခတ္တရပ်နားစဉ် ပရိသတ်အချို့က သီးခံနိုင်ခြင်းမရှိပဲ ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ မဏ္ဍပ်အား ဖျက်ဆီးခဲ့သည်အထိ ဖြစ်ခဲ့ကြောင်း သိရှိရသည်။ မဏ္ဍပ်အားဖျက်ဆီးနေမှုကို ဝင်ရောက်တားဆီးခြင်းမပြုပဲ လက်ပိုက်လျှက်ကြည့်နေကြသူ တစ်သောင်းလောက်ရှိကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် IC အဖွဲ့သားများ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။
Source : Hein Htet Wai
ပိုပိုလေး


No comments:

Post a Comment