Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 19, 2017

Galaxy Note 8 တွင် iPhone 7 Plus ထက်ပိုကောင်းတဲ့ ကျောဘက်ကင်မရာနှစ်ခု ပါဝင်ဖွယ်ရှိ

 
Galaxy Note 8 တွင် iPhone 7 Plus ထက်ပိုကောင်းတဲ့ ကျောဘက်ကင်မရာနှစ်ခု ပါဝင်ဖွယ်ရှိ

Samsung Galaxy S8 နဲ့ S8 Plus ကို တရားဝင်မိတ်ဆက်ခဲ့တာဟာ ရက်အနည်းငယ်သာရှိပေမယ့်လည်း ကုမ္ပဏီရဲ့ အထင်ကရထုတ်ကုန်သစ်ဖြစ်တဲ့ Galaxy Note 8 ရဲ့ သတင်းဟာ အင်တာနက်ပေါ်မှာ စတင်ထွက်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ Note 8 ဟာ Samsung ရဲ့ ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Note 8 ရဲ့ ကျောဘက်ကင်မရာတွေဟာ လက်ရှိ Apple iPhone 7 Plus ရဲ့ကင်မရာထက် ပိုကောင်းပြီး အသစ်ထွက်မယ့် iPhone 8 မှာပါဝင်မယ်လို့ သတင်းထွက်နေတဲ့ ကင်မရာနဲ့ တူညီတယ်လို့ KGI Securities မှ လေ့လာဆန်းစစ်သူ Ming-Chi Kuo က ဆိုပါတယ်။ Note 8 ရဲ့ကျောဘက်မှာ 12MP wide-angle lens နဲ့ 13 MP telephoto lens ပါဝင်ပြီး 3x optical zoom feature ထောက်ပံ့ပေးထားတယ်လို့ Kuo က ပြောပါတယ်။ 

ဒါ့အပြင် Galaxy Note 8 မှာ ၆.၄ လက်မ QHD+OLED display ပါဝင်မယ်လို့ ဆိုပါတယ်။ Galaxy S8 နဲ့ S8 Plus လိုမျိုး ကျောဘက်မှာ fingerprint sensor ပါဝင်ပြီး Samsung ရဲ့ Exynos 8895 chip ဒါမှမဟုတ် Qualcomm Snapdragon MSM9889 (Snapdragon 835) processor တို့နဲ့ ရရှိနိုင်လိမ့်မယ်လို့ Kuo က ပြောကြားခဲ့ပါတယ်။ Chip တွေကတော့ ဖုန်းကိုဖြန့်ချိတဲ့ ဈေးကွက်အပေါ်မူတည်တယ်လို့ သိရပါတယ်။

Ref: AndroidAuthority

#IJNews
Internet Journal

No comments:

Post a Comment