Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 25, 2017

လေယာဉ် စီးလက်မှတ် (Boarding Pass) ကို ဘာလို့ ပြီးစလွယ်လွှတ်မပစ်တာလဲ? (သို့ ) Social media ပေါ် မတင်သင့်တာလဲ


Social Media ခေတ်မှာ တော်တော်များများဟာ လေယာဉ် စီးတော့မယ်ဆိုလျှင်ကိုယ့် ရဲ့ boarding Pass လေးကို ဓါတ်ပုံလေးရိုက်၊ လေယာဉ်ကွင်းမှာ check in လေးဝင်ပြီး Social Media ပေါ်တတ်တတ်ကြပါတယ်။
နောက်တစ်ခုကတော့ လေယာဉ်ပေါ်မတတ်ခင်သာ Boarding Pass ကို ကိုယ်နဲ့ မကွာထားတတ်ကြပေမယ့် လေယာဉ်စီးလို့ ပြီးတာနဲ့ တွေ့ တဲ့ နေရာမှာ Boarding Pass ကို လွှတ်ပစ်တတ်ကြပါတယ်။

ဒီလိုမျိုးတွေလုပ်လိုက်တာဟာ ကိုယ့်အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲ။ ဘာကြောင့်လဲ??

Boarding Pass မှာ barcode တွေပါပါတယ်။ အဲ့ဒီ Barcode မှာ လေယာဉ်စီးသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေပါပါတယ်။ နာမည်၊လိပ်စာ၊မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ Passport Number တွေ ပါဝင်ပါတယ်။ လေဆိပ်ကောင်တာမှာ လက်မှတ်ဖြတ်တဲ့အချိန်မှာ Barcode ထဲ ထည့်သွင်းပေးလိုက်တာပါ။

ဒါကြောင့်မို့ မသမာသူတွေက သင့်ရဲ့ Boarding Pass မှာပါတဲ့ Barcode ကနေ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အလွယ်တကူရယူသွားနိုင်ပါတယ်။ Social Media ပေါ်မှာ barcode တွေပါတဲ့ ပုံကိုတင်မိပြန်လျှင်လည်း ထိုပုံကနေတဆင့် သင့်ရဲ့ အချက်အလက်တွေကို ရယူသွားနိုင်ပါတယ်။
အဲ့ဒီအချက်အလက်တွေပေါ်အခြေခံပြီးမှ ကျွမ်းကျင်တဲ့ သူတွေက သင့်ကို အသုံးချပြီး ဒုစရိုက်မှုတွေကျူးလွန်တာမျိုးဖြစ်တတ်ပါတယ်။

ကဲ…အဲ့ဒီတော့ barcode လေးပေါ်အောင် ဓါတ်ပုံရိုက်မတင်ကြနဲ့ နော်။ တင်တတ်တဲ့ သူငယ်ချင်းရှိလျှင်လည်း tag လုပ်ပြီး သတိပေးလိုက်ပါဦး။

Ko Hein (Tech Khit Online Media )

No comments:

Post a Comment