Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 3, 2017

ကျောက်တံတားမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ကွန်ပျူတာနှင့်ဖုန်း အရောင်းဆိုင်တံခါးများကို ကတ်တာဖြင့်ဖြတ်တောက်၍ လက်ပ်တော့နှင့် လက်ကိုင်ဖုန်းများခိုးယူသူများကို ဖမ်းဆီးရမိ

 
ကျောက်တံတားမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ကွန်ပျူတာနှင့်ဖုန်း
အရောင်းဆိုင်တံခါးများကို ကတ်တာဖြင့်ဖြတ်တောက်၍ လက်ပ်တော့နှင့် 
လက်ကိုင်ဖုန်းများခိုးယူသူများကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဧပြီ ၃

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်းက ကျောက်တံတား
မြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာအရောင်းဆိုင်(၂)ဆိုင်မှ လက်ပ်တော့
များနှင့် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ 
ကမ္ဘာအေးဘုရားလမ်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်မှ လက်ကိုင်ဖုန်းများ
ခိုးယူခံရသဖြင့် စုံစမ်းအရေးယူပေးရန်တိုင်တန်းချက်များအရ သက်ဆိုင်ရာ
ရဲစခန်းများတွင် အမှုများရေးဖွင့်ကာ ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိ 
ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာ ပစ္စည်းအဟောင်းများ အရောင်းအ၀ယ်
ပြုလုပ်သည့် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းအတွင်းသို့ လူငယ်
တစ်ဦးမှ လက်ကိုင်ဖုန်းများကို မကြာခဏလာရောက်ရောင်းချလေ့ရှိ
ကြောင်း သတင်းအစရရှိခဲ့သဖြင့် စုံစမ်းခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)
မြို့နယ်နေ ရဲရင့်အောင်ဖြစ်ကြောင်းသိရှိရ၍ စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ 
မတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် ၎င်းအားဖမ်းဆီးရမိ
ခဲ့ပါသည်။

၎င်းအား အမှုဖြင့်စစ်ဆေးရာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ ည 
၁၂ နာရီအချိန်ခန့်တွင် သူငယ်ချင်းများဖြစ်သော ပုဇွန်တောင်မြို့နယ်နေ 
မင်းခန့်၊ ကျောက်တံတားမြို့နယ်နေ ၀င်းပြည့်ဘိုဘို(ခ)၀င်းပြည့်(စုံစမ်းဆဲ)
တို့နှင့်အတူ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာ
ဆိုင်သို့သွားရောက်၍ ဆိုင်တံခါးသော့အား ကတ်တာဖြင့်ဖြတ်တောက်
ဖွင့်ကာ ဆိုင်အတွင်းမှ လက်ပ်တော့မျိုးစုံ(၁၀)လုံးအား ကျောပိုးအိတ်ဖြင့်
ခိုးယူပြီး online မှတစ်ဆင့်ရောင်းချခဲ့ရာ အလုံမြို့နယ်အတွင်း အနက်
ရောင်လက်ပ်တော့(၁)လုံးအား ငွေကျပ်(၃)သိန်းဖြင့်လည်းကောင်း၊ 
စမ်းချောင်းမြို့နယ်အတွင်း အနက်ရောင်လက်ပ်တော့(၁)လုံးအား
ငွေကျပ်(၄)သိန်းဖြင့်လည်းကောင်း ရောင်းချခဲ့ပြီး ကျန်လက်ပ်တော့များ
ကိုလည်း စမ်းချောင်းမြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်များအတွင်း 
အကြိမ်ကြိမ်ရောင်းချ၊ ပေါင်းနှံခဲ့ရာ ငွေကျပ်(၁၁)သိန်းကျော်ခန့်ရရှိခဲ့
ကြောင်းနှင့် မင်းခန့်နှင့် ၀င်းပြည့်တို့အား ငွေကျပ်(၁)သိန်းစီ ခွဲဝေပေးခဲ့
ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ မင်းခန့်နှင့် ၀င်းပြည့်တို့အားဖမ်းဆီးရမိရေး
အတွက်ဆောင်ရွက်ခဲ့ရာ မတ်လ ၂၆ ရက်နေ့တွင် မင်းခန့်အား ဖမ်းဆီး
ရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၎င်းတို့(၂)ဦးအား စစ်ဆေးချက်အရ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ 
ည ၁၂ နာရီအချိန်ခန့်ကလည်း ရဲရင့်အောင်၊ မင်းခန့်နှင့် ၀င်းပြည့်ဘိုဘို(ခ)
ဝင်းပြည့်တို့(၃)ဦးသည် မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ ကမ္ဘာအေးဘုရား
လမ်းရှိ ဖုန်းအရောင်းဆိုင်သို့သွားရောက်ကာ ဆိုင်တံခါးသော့အား 
ကတ်တာဖြင့်ဖြတ်တောက်ဖွင့်၍ ဆိုင်အတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံအား
ခိုးယူခဲ့ကြောင်း၊ ခိုးယူရရှိခဲ့သော လက်ကိုင်ဖုန်းများအနက် ဖုန်းမျိုးစုံ
(၅)လုံးကို ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဘုံသာလမ်းအတွင်းရောင်းချခဲ့ရာ
ငွေကျပ်(၂)သိန်းခွဲခန့်ရရှိခဲ့ကြောင်း၊ ၀င်းပြည့်မှ ၎င်းသုံးစွဲရန် ၂ လုံးယူ
ထားပြီး ကျန်လက်ကိုင်ဖုန်းမျိုးစုံ အလုံး(၂၀)ကျော်ခန့်ကို ယခင်ရောင်းချ
ခဲ့သည့် အလုံမြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်များအတွင်း သွားရောက်
ရောင်းချခဲ့ရာ ငွေကျပ်(၁၅)သိန်းကျော်ခန့်ရရှိခဲ့ပြီး ၃ ဦးအတူခွဲဝေသုံးစွဲခဲ့
ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

၎င်းပြင် ၂၀၁၇ ခုနှစ်၊ မတ်လ ၃ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင်လည်း 
၎င်းတို့(၃)ဦးသည် ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ 
ကွန်ပျူတာဆိုင်သို့သွားရောက်ကာ ဆိုင်တံခါးသော့အား ကတ်တာဖြင့်
ဖြတ်တောက်ဖွင့်ပြီး ဆိုင်အတွင်းမှ လက်ပ်တော့မျိုးစုံ(၁၁)လုံးခန့်အား
ကျောပိုးအိတ်များအတွင်းထည့်၍လမ်းလျှောက်ပြန်လာ ခဲ့ရာ လူတစ်ဦးမှ
လှမ်းအော်သဖြင့် ထွက်ပြေးစဉ် အိတ်ပြဲပြီး လက်ပ်တော့အချို့ထွက်ကျ
ကျန်နေခဲ့ကြောင်း၊ ခိုးယူရရှိလာသောလက်ပ်တော့ (၆)လုံးတို့အား 
ယခင်ကရောင်းချခဲ့သည့် အလုံမြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်များအတွင်း 
ခွဲ၍ရောင်းချခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ရဲရင့်အောင်နှင့် မင်းခန့်(ခ)မျိုးမင်းခန့်တို့အား 
အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်း
အချို့အားပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ကျန်ပြစ်မှုကျူးလွန်သူ 
ဝင်းပြည့်ဘိုဘို(ခ)၀င်းပြည့်အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment