Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 18, 2017

သိပ္ပံပညာရှင် တွေပြောတဲ့ အိပ်ယာ လုံးဝမသိမ်းသင့်တဲ့ အကြောင်းအရင်း။


သိပ္ပံပညာရှင် တွေပြောတဲ့ အိပ်ယာ လုံးဝမသိမ်းသင့်တဲ့အကြောင်းအရင်း။

ငယ်ငယ်ကတည်းက မိဘ တွေကတော့ မနက်ထလာရင် အိပ်ယာ သိမ်းဖို့၊ အိပ်ယာ တွေကိုသပ်သပ်ရပ်ရပ်ထားဖို့ပြောပေမဲ့ ဒါဟာလုပ်သင့်တဲ့အရာတစ်ခုမဟုတ်ပါဘူး။

Kingston University ကလေ့လာတွေ့ရှိချက်တွေအရ မနက်မှာ အိပ်ယာ သိမ်းလိုက်တာက တစ်ညလုံးပေါက်ဖွားထားတဲ့
ပိုးမွှား လေးတွေကိုထွက်မရအောင် ပိတ်ပင်ထားသလိုဖြစ်နေပါတယ်။ ဒီ ပိုးမွှားတွေကြောင့်ပဲ ပန်းနာရင်ကျပ် နဲ့ အဲလားဂျစ်တွေဖြစ်လာရတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

ဒီပိုးကောင်လေးတွေက လူ့အရေပြားမှာ ကပ်ပါးကောင်တွေအဖြစ်နေတတ်တယ်။ စိုစွတ်တဲ့ပတ်ဝန်းကျင်ကိုသဘောကျကြတယ်။ ဒါကြောင့် ညအိပ်တဲ့အချိန် လူ့ခန္ဓာကိုယ် က နွေးပြီးချွေးထွက်လာတဲ့အချိန်မှာ
သူ့တို့အပြေးအလွှားလာကပ်ပြီး လူတွေရဲ့အရေပြားကနေအာဟာရတွေသုံးဆောင်ကြတယ်။သူတို့စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေက လူတွေကို ပန်းနာရင်ကြတ်ရောဂါတွေဖြစ်စေတယ်။

မနက်ထတာနဲ့ အိပ်ယာ သိမ်းလိုက်တာက ပိုးမွှား တွေကို စိုစွတ်တဲ့ ဝန်းကျင် မှာနေခိုင်းထားသလိုဖြစ်နေတယ်။ အိပ်ယာ မသိမ်းတဲ့ခါကျတော့ ပိုးကောင်လေးတွေက လေ နဲ့ နေရောင်ခြည် ကိုထိတွေ့ရတယ်။
အဲ့ဒီမှာခြောက်တွေ့မှုကိုထိရပြီး သေရော။

ဒါကြောင့် အိပ်ယာ မသိမ်းကြပါနဲ့လို့။ အိပ်ယာ သိမ်းဖို့တိုက်တွန်းနေတဲ့သူတွေရှိရင်လည်း ဒီအကြောင်းကိုသေချာပြောပြလိုက်ပါဦးလို့။
Credit : လင်း(ရွှေအင်းလေး)

No comments:

Post a Comment