ပိုင္ဆုိင္သမွ် အားလုံးနီးပါးကို လွဴဒါန္းသြားခဲ့သူ ကမာၻ႔အခ်မ္းသာဆုံး သူေဌးႀကီး (သုိ႔) အင္ဒရူးကာနယ္ဂ်ီ

  အင္ဒရူးကာနက္ဂီသည္ စေကာ့တလန္ျပည္ ဒန္ဖါးမလင္း ၿမဳိ႕၌ ၁၈၃၅ နိုဝင္ဘာလ ၂၅ ရက္ေန့တြင္ ဖြားျမင္၏။ အင္ဒရူး ၁၃ နွစ္သားအရြယ္တြင္ သူ၏ဖခင္သည္ အေမရိကန္ ျပည္ေထာင္စု ပင္ဆီလ ေဗးနီးယားျပည္နယ္သို့ ေျပာင္းေရႊ႔ေနထိုင္ခဲ့၏။ ထိုအခါက အင္ဒရူး၏ဖခင္တြင္ သေဘၤာစရိတ္မွ လြဲ၍ ေငြပိုတစ္ျပား တစ္ခ်ပ္မွ် မပါေခ်။ ထိုေျကာင့္ အင္ဒရူး သည္ ကေလးဘဝကပင္ အသက္ေမြးမႈအတြက္ အလုပ္လုပ္ရရွာ သည္။ ေရွးဦးစြာ ဝါစက္တခုတြင္ လုပ္ကိုင္လ်က္ ေနာင္တြင္ ေျကးနန္းရံုတစ္ခုသို့ ေျပာင္းေရႊ႕ေျပာင္းလုပ္ကိုင္ခဲ့၏။ ထို႔ေနာက္ ပင္ဆီ လေဗးနီးယား မီးရထားကုမၸဏီမွ အရာရွိႀကီးတစ္ဦးသည္ အင္ဒရူး၏ လူစြမ္းလူစ ရွိပံုကို သိရွိ အကဲခတ္မိသျဖင့္ အင္ဒရူးအား သူ၏ အတြင္းေရးမႉးအျဖစ္ ေခၚယူ ခန္႔ထားခဲ့ ေလသည္။ ႀကီးပြားလိုေသာစိတ္ျဖင့္ ႀကိဳးစားေဆာင္ရြက္လာရာ၊ အင္ဒရူးကာနက္ဂီသည္ အသက္ ၂၃ နွစ္အရြယ္တြင္ မီးရထား ဌာနခြဲတစ္ခုကို အုပ္ခ်ဳပ္ရေသာ အရာရွိတစ္ေယာက္ ျဖစ္လာ ေလသည္။

ထိုေနာက္ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတခုကို လုပ္ကိုင္လို ေသာ အာသာဆႏၵေျကာင့္ ေရနံလုပ္ငန္းတြင္ ဝင္ေရာက္ လုပ္ကိုင္ခဲ့ေလသည္။ အေမရိကန္ျပည္တြင္းစစ္ ျဖစ္ပြားေသာ အခါ အင္ဒရူးကာနက္ဂီသည္ စစ္ထဲသို႔ဝင္၍ ေရွ႕တန္းစစ္ မ်က္နွာမွ အမႈထမ္းရြက္ခဲ့၏။ ျပည္ေထာင္စုဖက္မွ ဒဏ္ရာသူ ထဲတြင္ တတိယေျမာက္ ျဖစ္ခဲ့ေလသည္။
 စစ္ျပီးသြားေသာအခါ ေရနံလုပ္ငန္းသည္ သံလုပ္ငန္း ေလာက္ အလားအလာ မေကာင္းသည္ကို ေတြ့ျမင္ လာသျဖင့္ သံနွင့္ သံမဏိလုပ္ငန္းသို့ ေျပာင္းေရႊ႕လုပ္ကိုင္ခဲ့၏။ အင္ဒရူး ကာနက္ဂီသည္ သံလုပ္ငန္းတစ္ခု တြင္ အစုဝယ္ယူခဲ့၏။ ထိုေနာက္ မ်ားမၾကာမီ မိတ္ေဆြအခ်ို့နွင့္ ပူးေပါင္း၍ ယူနီယန္ သံစက္ကုမၸဏီကို တည္ေထာင္လိုက္ေလသည္။ မတည္ ေသာေငြရင္းမွာ ေဒၚလာ ၂၅ဝဝဝဝ မွ်သာ ျဖစ္ခဲ့ေသာ္လည္း ထိုေငြရင္းမွာ ထိုအခ်ိန္အခါက အင္ဒရူးအဖို႔ တရင္းတနွီးပင္ ျဖစ္ေလသည္။

အင္ဒရူး၏ လုပ္ရည္ကိုင္ရည္ ထက္ျမက္မႈေၾကာင့္ ယူနီယန္ သံစက္ကုမၸဏီသည္ တစ္ရွိန္ထိုး တိုးတက္ ခဲ့၏။ အင္ဒရူး သည္ အခြင့္ေကာင္းကို မလြတ္တမ္း အသံုးခ် နိုင္ခဲ့ေလသည္။ စရိတ္ နည္းနည္းျဖင့္ သံမဏိေကာင္းေကာင္း ျပဳလုပ္နိုင္သည့္ နည္းလမ္းမ်ားကို ရွာေဖြအသံုးျပဳၿပီးလွ်င္ ကုမၸဏီ နာမည္ထြက္ေအာင္ ျပုလုပ္ခဲ့၏။ အကင္းပါးေသာ အင္ဒရူးသည္ အဂၤလန္ျပည္သို့ တစ္ေခါက္သြားရာတြင္ ဗက္ဆီမာနည္းျဖင့္ သံမဏိျပဳလုပ္နည္းကို ရလာ၍ ထိုနည္းျဖင့္ သံမဏိထည္တို့ကို အႀကီးအက်ယ္ လုပ္ကိုင္ ေရာင္းခ်ခဲ့ေလသည္။ သို႔ျဖင့္ အင္ဒရူးသည္ နွစ္အနည္းငယ္ အတြင္း၌ပင္ ေဒၚလာေငြ ၅သန္း မွ် အက်ိုးျဖစ္ထြန္းခဲ့ ေလသည္။


ကုန္ထုတ္လုပ္ရာတြင္ စရိတ္သက္သာရန္ အင္ဒရူးသည္ တစ္ဆင့္တက္၍ ျကံျပန္သည္။ မီးရထားနွင့္ မီးေဘၤာမ်ားကို အပိုင္ဝယ္ယူ၍ စက္ရံုမ်ား၌ လိုေသာ သတၱုရိုင္းမ်ားကို သယ္ ယူပို့ေဆာင္ေစသည္။ သယ္ပို႔စရိတ္က်ဥ္း၍ သူ၏ အလုပ္ရံုမွ သံထည္ပစၥည္းမ်ားကို ေဈးနႈန္းခ်ိုသာစြာနွင့္ ေရာင္းခ်နိုင္ေသာ အခါ အၿပဳိင္အဆိုင္မ်ားကို ခ်ိုးနွိမ္လာနိုင္သည္။ ဤသို့ျဖင့္ ၁၈၈၈ ခုနွစ္ ေရာက္သည္တြင္ အင္ဒရူး ကာနက္ဂီသည္ မီးရထားလမ္း မိုင္ေပါင္း ၄၂၅ မိုင္နွင့္ မီးသေဘၤာ အမ်ားကို ပိုင္ဆိုင္၍၊ သံလုပ္ငန္းအျပင္၊ ေက်ာက္မီးေသြး လုပ္ငန္း၊ ေရနံ လုပ္ငန္း၊ သေဘၤာက်င္းလုပ္ငန္းနွင့္ အျခား စက္မႈလက္မႈ လုပ္ငန္း အမ်ား အျပားကို ျကိုးကိုင္နိုင္ေသာ အေျခသို့ ေရာက္ရွိလာခဲ့သည္။ ၁၈၉၉ ခုနွစ္တြင္ သူပိုင္လုပ္ငန္း အရပ္ရပ္ကို စုေပါင္းကာ ကာနက္ဂ်ီသံမဏိ ကုမၸဏီဟူ၍ ဖြဲ႔စည္းတည္ေထာင္ေလသည္။

၁၉ဝ၁ ခုနွစ္သို့ ေရာက္ေသာအခါကား ကာနက္ဂီ်၏ လက္ထဲတြင္ ေဒၚလာ သန္း ၅၀၀ မွ် ပိုင္ရွိေနေလျပီ။ ထိုအခါ သူသည္ အလုပ္ခြင္မွ အနားယူျပီးလွ်င္ သူ၏စည္းစိမ္ ဥစၥာမ်ားကို စနစ္တက် အသံုးခ်ရန္ဆႏၵ ျဖစ္ေပၚလာေတာ့၏။ ဤသို့ျဖင့္ ထိုနွစ္တြင္ပင္ အေမရိကန္ျပည္ေထာင္စု သံမဏိ လုပ္ငန္းအဖြဲ႔ႀကီးကို ဖြဲ႔စည္းတည္ေထာင္ျပီးလွ်င္ သူပိုင္ဆိုင္ ေသာ လုပ္ငန္းမ်ားကို ထိုအဖြဲ႔ႀကီးသို့ အားလံုး လႊဲအပ္လိုက္ ေလသည္။

'လူတစ္ေယာက္သည္ မိမိစည္းစိမ္ဥစၥာ အေျမာက္အျမားကို ေပးကမ္းလႉဒါန္းနိုင္ပါလ်က္ မေပးကမ္း မလႉဒါန္းဘဲထား၍ ေသဆံုးသြားခဲ့လွ်င္ ထိုေသျခင္းကား အက်ိုးမရွိ ေသျခင္းသာ တည္း။' ဤကား သူေဌးႀကီး အင္ဒရူးကာနက္ဂီ်၏ စြဲျမဲေသာ ယံုျကည္ခ်က္ပင္ ျဖစ္သည္။ သူသည္ စုေဆာင္းခဲ့ေသာ ပစၥည္း ဥစၥာ မ်ားကို ဆင္းရဲသားတို့၏ အကူအညီျဖင့္ ေျမျကီးထဲမွ တူးေဖၚရရွိခဲ့၏။ သို့ျဖစ္၍ ထိုပစၥည္းဥစၥာမ်ားကို ဆင္းရဲသား လူထု၏ လက္ထဲသို့ ျပန္အပ္ရန္မွာ သူ၏တာဝန္ျဖစ္သည္ဟု ယူဆထားေလသည္။ အင္ဒရူး၏ အတြင္းသနၱာန္တြင္ ငါ့ စည္းစိမ္ ငါ့ဥစၥာတည္းဟူေသာ ငါစြဲမထားဘဲ၊ မိမိရရွိခဲ့ေသာ စည္းစိမ္ဥစၥာမ်ားသည္ လူထု၏ စည္းစိမ္ဥစၥာမ်ားသာျဖစ္၍ မိမိက ေခတၱမွ် ထိန္းသိမ္းေစာင့္ေရွာက္ထားရျခင္း ျဖစ္သည္ဟု ယူဆ ေလသည္။

ပိုက္ဆံကို ရေအာင္ရွာျခင္းထက္ ရၿပီးေသာပိုက္ဆံကို အက်ိုးရွိေအာင္ အသံုးခ်ရျခင္းမွာ သာ၍ခက္ခဲေၾကာင္း အင္ဒရူးသည္ ေကာင္းစြာ သိထားနွင့္၏။ သို့အားေလ်ာ္စြာ သူ၏စည္းစိမ္ဥစၥာမ်ားကို လူ့ေလာကအတြက္ အက်ိုး ျဖစ္ထြန္း ေစရန္ မည္သို့မည္ပံု အသံုးခ်ရမည္ဟူေသာ ျပသနာကို နွစ္ေပါင္း မ်ားစြာကပင္ နက္နက္နဲနဲ စဉ္းစားလာခဲ့၍ ေနာက္ ဆံုး၌ ပညာေရးအတြက္ အသံုးခ်ရန္ ဆံုးျဖတ္လိုက္ေလသည္။ ထိုသို့ ဆံုးျဖတ္လိုက္ၿပီးေနာက္ သူ၏ဇာတိျဖစ္ေသာ စေကာ့ တလန္ျပည္ရွိ တကၠသိုလ္ေက်ာင္းျကီးေလးေက်ာင္းသို့ ေဒၚလာ ၁ဝသန္း လႉဒါန္းလိုက္၏။ ထိုေနာက္ အေမရိကန္ ျပည္ေထာင္စု ပစၥဗတ္ၿမဳိ႕၌ ဝါရွင္တန္ ၿမဳိ႕မ်ားတြင္ ကာနက္ဂီ အမည္ျဖင့္ ပညာျမွင့္တင္ေရးအဖြဲ့မ်ားကို တည္ေထာင္ထားခဲ့၏။ သူ၏ခ်က္ျမႈပ္ေဒသ ျဖစ္ေသာ ဒန္ဖါးမလင္ၿမဳိ႕ရွိ စာသင္ ေက်ာင္းမ်ားအတြက္လည္း ေငြအေျမာက္အျမား လႉဒါန္း ခဲ့ေလသည္။

ထိုျပင္ သူရဲေကာင္းမ်ား ခ်ီးျမွင့္ေရး၊ ကပၸလီလူမ်ိုးမ်ားအား ပညာသင္ေပးေရးနွင့္ အဂၤလိပ္စာလံုးေပါင္း ျပဳျပင္ေရးကိစၥမ်ား အတြက္လည္း ရန္ပံုေငြအေျမာက္အျမားကို သီးသန့္ထားခဲ့ သည္။ အသက္အရြယ္ႀကီးရင့္၍ အလုပ္မလုပ္နိုင္ေတာ့ေသာ ေက်ာင္းဆရာမ်ားအားလည္း အျငိမ္းရိကၡာေထာက္ပံ့ထားခဲ့၏။ ကမၻာေပၚရွိ စာျကည့္တိုက္မ်ားကိုလည္း ေငြအေျမာက္အျမား ေထာက္ပံ့လႉဒါန္းခဲ့ေလသည္။ သူေဌးႀကီး ကာနက္ဂီ၏ အေထာက္အပံ့ျဖင့္ တည္ေထာင္ဖြင့္လွစ္ထားေသာ စာျကည့္ တိုက္ေပါင္းမွာ ကမၻာအရပ္ရပ္တြင္ ၃ဝဝဝ ခန့္မွ်ရွိသည္။ ထိုမွ တစ္ပါးလည္း ကမၻာေပၚ၌ စစ္မက္တိုက္ခိုက္မႈမ်ား ပေပ်ာက္ ကာ ထာဝစဥ္ၿငိမ္းခ်မ္းေရး ရရွိေစရန္ ရည္သန္၍ အနယ္နယ္ အရပ္ရပ္သို့ လွည့္လည္ တရားေဟာေျပာျခင္း၊ စာအုပ္စာတမ္း မ်ား ေရးသားထုတ္ေဝျခင္း အစရွိသည့္ ျငိမ္းခ်မ္းေရးလုပ္ငန္း မ်ားအတြက္လည္း ေငြသန္းေပါင္းမ်ားစြာ လႉဒါန္း ခဲ့ေလသည္။ အင္ဒရူး၏ ပိုင္ဆုိင္မႈကို တြက္ခ်က္ၾကည့္လွ်င္
ဘီလ်ံ ၃၀၀ေက်ာ္ ( ဘီဂိတ္စ္၏ ၄ဆနီးပါး) ခန္႔ရွိသည္။


 ေနာက္ဆံုး၌ အင္ဒရူး၏လက္ထဲတြင္ ေဒၚလာ ၂၅ဝဝဝဝဝဝ မွ်သာခ်န္လွပ္၍ က်န္ေငြအားလုံးကို ထိန္းသိန္းေစာင့္ေရွာက္ရန္ နယူးေယာ့ၿမဳိ႕တြင္ ကာနက္ဂီေကာ္ပို ေရးရွင္းဟူ၍ ထရတ္အဖြဲ႔တစ္ခုကို ဖြဲ႔စည္းျပီးလွ်င္ လူ့ေလာက အက်ိုးစီးပြား ျဖစ္ထြန္းေစမည့္ကိစၥဟူက မည္သည့္အေျကာင္း ကိစၥအတြက္မဆို ထိုေငြထဲမွ ထုတ္နုတ္အသံုးျပဳရန္ မွာၾကား အပ္နွံထားခဲ့ေလသည္။ ကိုယ္ပိုင္စည္းစိမ္ဥစၥာတို့ကို မိမိတစ္ဦး တည္းအတြက္ အသံုးခ်မႈမွာ က်ဥ္းေျမာင္းလွသည့္အေလ်ာက္ အေကာင္းဆံုးေသာ အသံုးခ်နည္းမွာ အမ်ား အတြက္ လႉဒါန္း ေပးကမ္းျခင္းသာလွ်င္ ျဖစ္သည္ဟူေသာ သာဓကကို ျပသြား သည့္ သူေဌးျကီး ကာနက္ဂ်ီသည္ ၁၉၁၉ ခု ဩဂုတ္လ ၁၁ ရက္ေန႔တြင္ အနိစၥေရာက္ေလသည္။

Ref; ျမန္မာ့စြယ္စုံက်မ္း အတြဲ(၁)
Credit: သုတဇုန္

#Unicode Version
 အင်ဒရူးကာနက်ဂီသည် စကော့တလန်ပြည် ဒန်ဖါးမလင်း မြို့၌ ၁၈၃၅ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဖွားမြင်၏။ အင်ဒရူး ၁၃ နှစ်သားအရွယ်တွင် သူ၏ဖခင်သည် အမေရိကန် ပြည်ထောင်စု ပင်ဆီလ ဗေးနီးယားပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့၏။ ထိုအခါက အင်ဒရူး၏ဖခင်တွင် သင်္ဘောစရိတ်မှ လွဲ၍ ငွေပိုတစ်ပြား တစ်ချပ်မျှ မပါချေ။ ထိုကြောင့် အင်ဒရူး သည် ကလေးဘဝကပင် အသက်မွေးမှုအတွက် အလုပ်လုပ်ရရှာ သည်။ ရှေးဦးစွာ ဝါစက်တခုတွင် လုပ်ကိုင်လျက် နောင်တွင် ကြေးနန်းရုံတစ်ခုသို့ ပြောင်းရွှေ့ပြောင်းလုပ်ကိုင်ခဲ့၏။ ထို့နောက် ပင်ဆီ လဗေးနီးယား မီးရထားကုမ္ပဏီမှ အရာရှိကြီးတစ်ဦးသည် အင်ဒရူး၏ လူစွမ်းလူစ ရှိပုံကို သိရှိ အကဲခတ်မိသဖြင့် အင်ဒရူးအား သူ၏ အတွင်းရေးမှူးအဖြစ် ခေါ်ယူ ခန့်ထားခဲ့ လေသည်။ ကြီးပွားလိုသောစိတ်ဖြင့် ကြိုးစားဆောင်ရွက်လာရာ၊ အင်ဒရူးကာနက်ဂီသည် အသက် ၂၃ နှစ်အရွယ်တွင် မီးရထား ဌာနခွဲတစ်ခုကို အုပ်ချုပ်ရသော အရာရှိတစ်ယောက် ဖြစ်လာ လေသည်။

ထိုနောက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခုကို လုပ်ကိုင်လို သော အာသာဆန္ဒကြောင့် ရေနံလုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ခဲ့လေသည်။ အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားသော အခါ အင်ဒရူးကာနက်ဂီသည် စစ်ထဲသို့ဝင်၍ ရှေ့တန်းစစ် မျက်နှာမှ အမှုထမ်းရွက်ခဲ့၏။ ပြည်ထောင်စုဖက်မှ ဒဏ်ရာသူ ထဲတွင် တတိယမြောက် ဖြစ်ခဲ့လေသည်။

စစ်ပြီးသွားသောအခါ ရေနံလုပ်ငန်းသည် သံလုပ်ငန်း လောက် အလားအလာ မကောင်းသည်ကို တွေ့မြင် လာသဖြင့် သံနှင့် သံမဏိလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့၏။ အင်ဒရူး ကာနက်ဂီသည် သံလုပ်ငန်းတစ်ခု တွင် အစုဝယ်ယူခဲ့၏။ ထိုနောက် များမကြာမီ မိတ်ဆွေအချို့နှင့် ပူးပေါင်း၍ ယူနီယန် သံစက်ကုမ္ပဏီကို တည်ထောင်လိုက်လေသည်။ မတည် သောငွေရင်းမှာ ဒေါ်လာ ၂၅ဝဝဝဝ မျှသာ ဖြစ်ခဲ့သော်လည်း ထိုငွေရင်းမှာ ထိုအချိန်အခါက အင်ဒရူးအဖို့ တရင်းတနှီးပင် ဖြစ်လေသည်။

အင်ဒရူး၏ လုပ်ရည်ကိုင်ရည် ထက်မြက်မှုကြောင့် ယူနီယန် သံစက်ကုမ္ပဏီသည် တစ်ရှိန်ထိုး တိုးတက် ခဲ့၏။ အင်ဒရူး သည် အခွင့်ကောင်းကို မလွတ်တမ်း အသုံးချ နိုင်ခဲ့လေသည်။ စရိတ် နည်းနည်းဖြင့် သံမဏိကောင်းကောင်း ပြုလုပ်နိုင်သည့် နည်းလမ်းများကို ရှာဖွေအသုံးပြုပြီးလျှင် ကုမ္ပဏီ နာမည်ထွက်အောင် ပြုလုပ်ခဲ့၏။ အကင်းပါးသော အင်ဒရူးသည် အင်္ဂလန်ပြည်သို့ တစ်ခေါက်သွားရာတွင် ဗက်ဆီမာနည်းဖြင့် သံမဏိပြုလုပ်နည်းကို ရလာ၍ ထိုနည်းဖြင့် သံမဏိထည်တို့ကို အကြီးအကျယ် လုပ်ကိုင် ရောင်းချခဲ့လေသည်။ သို့ဖြင့် အင်ဒရူးသည် နှစ်အနည်းငယ် အတွင်း၌ပင် ဒေါ်လာငွေ ၅သန်း မျှ အကျိုးဖြစ်ထွန်းခဲ့ လေသည်။

ကုန်ထုတ်လုပ်ရာတွင် စရိတ်သက်သာရန် အင်ဒရူးသည် တစ်ဆင့်တက်၍ ကြံပြန်သည်။ မီးရထားနှင့် မီးင်္ဘောများကို အပိုင်ဝယ်ယူ၍ စက်ရုံများ၌ လိုသော သတ္တုရိုင်းများကို သယ် ယူပို့ဆောင်စေသည်။ သယ်ပို့စရိတ်ကျဉ်း၍ သူ၏ အလုပ်ရုံမှ သံထည်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာနှင့် ရောင်းချနိုင်သော အခါ အပြိုင်အဆိုင်များကို ချိုးနှိမ်လာနိုင်သည်။ ဤသို့ဖြင့် ၁၈၈၈ ခုနှစ် ရောက်သည်တွင် အင်ဒရူး ကာနက်ဂီသည် မီးရထားလမ်း မိုင်ပေါင်း ၄၂၅ မိုင်နှင့် မီးသင်္ဘော အများကို ပိုင်ဆိုင်၍၊ သံလုပ်ငန်းအပြင်၊ ကျောက်မီးသွေး လုပ်ငန်း၊ ရေနံ လုပ်ငန်း၊ သင်္ဘောကျင်းလုပ်ငန်းနှင့် အခြား စက်မှုလက်မှု လုပ်ငန်း အများ အပြားကို ကြိုးကိုင်နိုင်သော အခြေသို့ ရောက်ရှိလာခဲ့သည်။ ၁၈၉၉ ခုနှစ်တွင် သူပိုင်လုပ်ငန်း အရပ်ရပ်ကို စုပေါင်းကာ ကာနက်ဂျီသံမဏိ ကုမ္ပဏီဟူ၍ ဖွဲ့စည်းတည်ထောင်လေသည်။

၁၉ဝ၁ ခုနှစ်သို့ ရောက်သောအခါကား ကာနက်ဂျီ၏ လက်ထဲတွင် ဒေါ်လာ သန်း ၅၀၀ မျှ ပိုင်ရှိနေလေပြီ။ ထိုအခါ သူသည် အလုပ်ခွင်မှ အနားယူပြီးလျှင် သူ၏စည်းစိမ် ဥစ္စာများကို စနစ်တကျ အသုံးချရန်ဆန္ဒ ဖြစ်ပေါ်လာတော့၏။ ဤသို့ဖြင့် ထိုနှစ်တွင်ပင် အမေရိကန်ပြည်ထောင်စု သံမဏိ လုပ်ငန်းအဖွဲ့ကြီးကို ဖွဲ့စည်းတည်ထောင်ပြီးလျှင် သူပိုင်ဆိုင် သော လုပ်ငန်းများကို ထိုအဖွဲ့ကြီးသို့ အားလုံး လွှဲအပ်လိုက် လေသည်။

'လူတစ်ယောက်သည် မိမိစည်းစိမ်ဥစ္စာ အမြောက်အမြားကို ပေးကမ်းလှူဒါန်းနိုင်ပါလျက် မပေးကမ်း မလှူဒါန်းဘဲထား၍ သေဆုံးသွားခဲ့လျှင် ထိုသေခြင်းကား အကျိုးမရှိ သေခြင်းသာ တည်း။' ဤကား သူဌေးကြီး အင်ဒရူးကာနက်ဂျီ၏ စွဲမြဲသော ယုံကြည်ချက်ပင် ဖြစ်သည်။ သူသည် စုဆောင်းခဲ့သော ပစ္စည်း ဥစ္စာ များကို ဆင်းရဲသားတို့၏ အကူအညီဖြင့် မြေကြီးထဲမှ တူးဖေါ်ရရှိခဲ့၏။ သို့ဖြစ်၍ ထိုပစ္စည်းဥစ္စာများကို ဆင်းရဲသား လူထု၏ လက်ထဲသို့ ပြန်အပ်ရန်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယူဆထားလေသည်။ အင်ဒရူး၏ အတွင်းသန္တာန်တွင် ငါ့ စည်းစိမ် ငါ့ဥစ္စာတည်းဟူသော ငါစွဲမထားဘဲ၊ မိမိရရှိခဲ့သော စည်းစိမ်ဥစ္စာများသည် လူထု၏ စည်းစိမ်ဥစ္စာများသာဖြစ်၍ မိမိက ခေတ္တမျှ ထိန်းသိမ်းစောင့်ရှောက်ထားရခြင်း ဖြစ်သည်ဟု ယူဆ လေသည်။

ပိုက်ဆံကို ရအောင်ရှာခြင်းထက် ရပြီးသောပိုက်ဆံကို အကျိုးရှိအောင် အသုံးချရခြင်းမှာ သာ၍ခက်ခဲကြောင်း အင်ဒရူးသည် ကောင်းစွာ သိထားနှင့်၏။ သို့အားလျော်စွာ သူ၏စည်းစိမ်ဥစ္စာများကို လူ့လောကအတွက် အကျိုး ဖြစ်ထွန်း စေရန် မည်သို့မည်ပုံ အသုံးချရမည်ဟူသော ပြသနာကို နှစ်ပေါင်း များစွာကပင် နက်နက်နဲနဲ စဉ်းစားလာခဲ့၍ နောက် ဆုံး၌ ပညာရေးအတွက် အသုံးချရန် ဆုံးဖြတ်လိုက်လေသည်။ ထိုသို့ ဆုံးဖြတ်လိုက်ပြီးနောက် သူ၏ဇာတိဖြစ်သော စကော့ တလန်ပြည်ရှိ တက္ကသိုလ်ကျောင်းကြီးလေးကျောင်းသို့ ဒေါ်လာ ၁ဝသန်း လှူဒါန်းလိုက်၏။ ထိုနောက် အမေရိကန် ပြည်ထောင်စု ပစ္စဗတ်မြို့၌ ဝါရှင်တန် မြို့များတွင် ကာနက်ဂီ အမည်ဖြင့် ပညာမြှင့်တင်ရေးအဖွဲ့များကို တည်ထောင်ထားခဲ့၏။ သူ၏ချက်မြှုပ်ဒေသ ဖြစ်သော ဒန်ဖါးမလင်မြို့ရှိ စာသင် ကျောင်းများအတွက်လည်း ငွေအမြောက်အမြား လှူဒါန်း ခဲ့လေသည်။

ထိုပြင် သူရဲကောင်းများ ချီးမြှင့်ရေး၊ ကပ္ပလီလူမျိုးများအား ပညာသင်ပေးရေးနှင့် အင်္ဂလိပ်စာလုံးပေါင်း ပြုပြင်ရေးကိစ္စများ အတွက်လည်း ရန်ပုံငွေအမြောက်အမြားကို သီးသန့်ထားခဲ့ သည်။ အသက်အရွယ်ကြီးရင့်၍ အလုပ်မလုပ်နိုင်တော့သော ကျောင်းဆရာများအားလည်း အငြိမ်းရိက္ခာထောက်ပံ့ထားခဲ့၏။ ကမ္ဘာပေါ်ရှိ စာကြည့်တိုက်များကိုလည်း ငွေအမြောက်အမြား ထောက်ပံ့လှူဒါန်းခဲ့လေသည်။ သူဌေးကြီး ကာနက်ဂီ၏ အထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ထားသော စာကြည့် တိုက်ပေါင်းမှာ ကမ္ဘာအရပ်ရပ်တွင် ၃ဝဝဝ ခန့်မျှရှိသည်။ ထိုမှ တစ်ပါးလည်း ကမ္ဘာပေါ်၌ စစ်မက်တိုက်ခိုက်မှုများ ပပျောက် ကာ ထာဝစဉ်ငြိမ်းချမ်းရေး ရရှိစေရန် ရည်သန်၍ အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောပြောခြင်း၊ စာအုပ်စာတမ်း များ ရေးသားထုတ်ဝေခြင်း အစရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်း များအတွက်လည်း ငွေသန်းပေါင်းများစွာ လှူဒါန်း ခဲ့လေသည်။ အင်ဒရူး၏ ပိုင်ဆိုင်မှုကို တွက်ချက်ကြည့်လျှင်
ဘီလျံ ၃၀၀ကျော် ( ဘီဂိတ်စ်၏ ၄ဆနီးပါး) ခန့်ရှိသည်။ နောက်ဆုံး၌ အင်ဒရူး၏လက်ထဲတွင် ဒေါ်လာ ၂၅ဝဝဝဝဝဝ မျှသာချန်လှပ်၍ ကျန်ငွေအားလုံးကို ထိန်းသိန်းစောင့်ရှောက်ရန် နယူးယော့မြို့တွင် ကာနက်ဂီကော်ပို ရေးရှင်းဟူ၍ ထရတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီးလျှင် လူ့လောက အကျိုးစီးပွား ဖြစ်ထွန်းစေမည့်ကိစ္စဟူက မည်သည့်အကြောင်း ကိစ္စအတွက်မဆို ထိုငွေထဲမှ ထုတ်နုတ်အသုံးပြုရန် မှာကြား အပ်နှံထားခဲ့လေသည်။ ကိုယ်ပိုင်စည်းစိမ်ဥစ္စာတို့ကို မိမိတစ်ဦး တည်းအတွက် အသုံးချမှုမှာ ကျဉ်းမြောင်းလှသည့်အလျောက် အကောင်းဆုံးသော အသုံးချနည်းမှာ အများ အတွက် လှူဒါန်း ပေးကမ်းခြင်းသာလျှင် ဖြစ်သည်ဟူသော သာဓကကို ပြသွား သည့် သူဌေးကြီး ကာနက်ဂျီသည် ၁၉၁၉ ခု ဩဂုတ်လ ၁၁ ရက်နေ့တွင် အနိစ္စရောက်လေသည်။

Ref; မြန်မာ့စွယ်စုံကျမ်း အတွဲ(၁)
Credit: သုတဇုန်
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)