Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 15, 2017

ဓားပြန်​​တောင်းရာမှာ​ လင်​မယားနှစ်​ဦး ဓား​ခုတ်​ခံရ


 
ဓားပြန်​​တောင်းရာမှာ​ လင်​မယားနှစ်​ဦး ဓား​ခုတ်​ခံရ

ကရင်ပြည်နယ် ဘားအံမြို့ ညဈေးမှာ ဧပြီ ၁၅ ရက် ညနေပိုင်းက ငါးရောင်းချနေတဲ့ လင်မယားနှစ်ဦး ဓားခုတ်ခံခဲ့ရတဲ့အတွက် ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကုသနေပြီး အမျိုးသားဖြစ်သူကတော့ ဒဏ်ရာအခြေနေ စိုးရိမ်ရပါတယ်။

ဓားခုတ်ခံရတဲ့ မဝေေ၀နှင်းက “ညီမတို့က အေးအေးဆေးဆေး ဈေးထိုင်ရောင်းနေတာ။ သူ့ ဘာသာသူ မူးပြီး ညီမရောင်းနေတဲ့ ဓားလုသွားတယ်။ ဒီပြင်လူကို သွားခုတ်တယ်။ ဒီပြင်လူက ဆိုင်ကယ်နဲ့ ထွက်ပြေးသွားလို့ ပြန်လာတယ်။ ညီမ ယောင်္ကျားက ပြဿနာတက်မှာကြောက်လို့ ညီလေး အစ်ကို ဓားပြန်ပေးလို့ တောင်းတာ ဟိုမှာမရလို့ ညီမတို့ကို မဲပြီးလိုက်ခုတ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘားအံမြို့ အမှတ် ၄ ရပ်ကွက် ညဈေးမှာ ငါးရောင်းချနေတဲ့ ကိုအောင်သန်းနဲ့ ဇနီးဖြစ်သူ မဝေဝေနှင်းတို့ကို သူတို့ဆိုင် ၂ ခန်းကျော်က စတီးပစ္စည်းရောင်းချတဲ့ ကိုသားကြီးက ဓားနဲ့ခုတ်ခဲ့တဲ့အတွက် ကိုအောင်သန်းရဲ့ ဦးခေါင်းနောက် ကုတ်ပိုး၊ ညာရင်အုံနဲ့ ဝဲဘက် ချိုင်းအောက် ဓားဒဏ်ရာ (စိုးရိမ်ရ) တွေ ရရှိခဲ့ပြီး၊ မဝေဝေနှင်းရဲ့ ညာလက်ဖျံမှာ ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့က တရားခံကို မိထားပါတယ်။ အခုလူနာတွေကိုတော့ မှုခင်းဆေးစာနဲ့အတူ ဆေးရုံကြီးကို ပို့ထားတယ်” လို့ တာဝန်ရှိရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။

ဓားနဲ့ခုတ်တဲ့ ကိုသားကြီး ကို မြို့မရဲစခန်းက (ပ)၅၉၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

ရဲမင်းခေါင်

DVB TV News

http://burmese.dvb.no/archives/201391

No comments:

Post a Comment