စတော့အကြောင်းသိကောင်းစရာ(1 to 5)


အပိုင်း ၁

#စတော့ဆိုတာဘာလဲ
#ရှယ်ယာဆိုတာဘာလဲ
အခြေခံလေးကနေပဲ စပြောပြမယ်။ စတော့? ဘာလဲ။ စတော့ ဆိုတာက အင်္ဂလိပ်လို Stock ပေါ့။ ဒီနေရာလေးမှာ stock စတော့နဲ့ share ရှယ်ယာကို ရှင်းပြချင်ပါတယ် ။ ဘာကွာသလဲဆိုတော့ နည်းနည်းရှင်းပြရခက်တယ်ဗျ။
ကဲပါလေ... stock ဆိုတာဘာလဲပေါ့? စတော့ ဆိုတာက နားလည်အောင်ပြောရင် ပိုင်ဆိုင်မှု လက်မှတ်စာချုပ်တစ်မျိုးပေါ့။ ကျွန်တော်တို့မြေတွေ အိမ်တွေဝယ်ရင် စာချုပ်ရှိသလိုပေါ့။ စာချုပ်ရှိနေလို့သာလျှင် မိမိပိုင်ဆိုင်ကြောင်း သက်သေပြလို့ရတာပေါ့။ တခြားမပြောပါနဲ့ City mart မှာ ဈေးဝယ်ရင်တောင် ဘောင်ချာတော့ပေးတာပဲလေ... အဲ့သဘောပါပဲ... stock စတော့ဆိုတာသာမရှိခဲ့ရင် ကျွန်တော်တို့ဘဝက ကျူးကျော်ဘဝနဲ့မခြားပါဘူး
Share ရှယ်ယာဆိုတာကတော့ ကုမ္ပဏီတစ်ခုရဲ့ စတော့တွေ ပိုင်ဆိုင်ထားတဲ့အခါမှာ သုံးပါတယ်။ ဆိုလိုတဲ့ သဘောတရားက စတော့ဆိုတာ စာချုပ် ရှယ်ရာဆိုတာ ပိုင်ဆိုင်မှုပေါ့။ စတော့တွေဝယ်ထားရင် ရှယ်ယာတွေပိုင်တာပေါ့ဗျာ။
ဒါပေမဲ့ တစ်ချို့လူတွေကတော့ စတော့တွေ များလာတဲ့အခါမှာ ရှယ်ယာဆိုပြီးခေါ်ကြတာမျိုးလည်းရှိပါတယ်။ ဥပမာ စတော့ ၁၀ ခုက ရှယ်ယာ ၁ခုဆိုပြီးတော့ပေါ့လေ... ဒီနိုင်ငံမှာသုံးမသုံးတော့မသေချာပါ။ ဗန်းစကားလို့ပြောလို့ရပါတယ်။ တိတိကျကျ သတ်မှတ်ထားတာမျိုးမရှိပါဘူး။

#စတော့ဘယ်လိုအလုပ်လုပ်သလဲ
ကိုယ့်ကိုယ်ကိုပဲ မြင်ယောင်ကြည့်ပါ။ ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်တယ်ဆိုပါစို့။ ဒါပေမဲ့ ထမင်းဆိုင်ဖွင့်ဖို့ ဆိုင်ခန်းခ ပစ္စည်းတွေ ဝယ်ရမယ် လူငှားရမယ်။ ကိုယ့်မှာရှိတာက ၁၀ သိန်း ဘယ်လိုလုပ်လောက်မှာလဲ။ အဲ့ဆို စဉ်းစားပြီပေါ့။ လမ်းမထွက်ပြီး "သနားကြပါ ထမင်းဆိုင်လေးဖွင့်ချင်လို့ပါ သနားကြပါ ကိုကိုမမတို့ရယ် " ဆိုတာမျိုးကလဲ အလုပ်မဖြစ်ကြောင်းပါ။ ( လုပ်ကြည့်ပါ အောင်မြင်ရင် ကျွန်တော့်ကိုခေါ်ပါ ဟီဟီ စကားချပ်)
အဲပါလေ., ဆက်ကြဦးစို့ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေ သွားတောက်မလား?
ကိုယ့်လိုပဲလုပ်ချင်နေတဲ့ ဘဝတူပဲသွားခေါ်မလား?
ရွေးခြယ်မှုတွေပေါ့လေ...
ဒါပေမဲ့ပြဿနာလေးတစ်ခုရှိတယ်ဗျ။ ထုံးစံအတိုင်းပေါ့။ ကိုယ်နဲ့သူနဲ့လုပ်တယ် ။ ဆိုင်အမည်ခံတာ သူ။ အောင်မြင်လာတဲ့တစ်နေ့ ကိုယ့်ကို ကန်ထုတ်လိုက်ပြီဆိုရင်ကော? " ကိုကိုမမလည်း မကယ်နိုင်တော့ပါဘူး သိကြားမင်းဆင်းကယ်ရင်တောင် လမ်းမမြင်"
ဒီပြဿနာကိုဖြေရှင်းဖို့ စတော့ stock ဆိုတာပေါ်လာရကြောင်းပါခင်ဗျား
ကိုယ်ပိုင်ကြောင်း ဒီလုပ်ငန်းနဲ့ ပတ်သက်ပါကြောင်း ပြစရာ သက်သေခံစာရွက်လေးပေါ့။

စတော့နဲ့ပတ်သက်တဲ့ သင်ခန်းစာအခြေခံလေးတွေကို ကျွန်တော်ရေးသွားမှာပါ။ ဘာလဲကအစ ဘယ်လိုဝယ်လဲ ရောင်းလဲ ဘယ်လိုအကဲဖြတ်မလဲကအဆုံးပေါ့
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.See you soon 😉

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

ယုမောင်(ဆေး-၁)
သူ့စိတ်ကူး
https://www.facebook.com/ThuSateKuu/photos/a.1763533913916180.1073741829.1762720163997555/1789224058013832/?type=3&theater

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း၂

#စတော့Exchange
#ဘယ်လိုအလုပ်လုပ်သလဲ
စတော့ဘယ်လိုလုပ်သလဲပြောပြပြီးပြီဆိုတော့ စတော့Exchange အလှည့်ပေါ့လေ။ စတော့exchange ဆိုတာဘာလဲမပြောခင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာလေးပြောပြပါမယ်။

စတော့Exchange ဆိုတာက တကယ်တမ်းတော့ အချိန်နှင့်အမျှ အလွန်များပြားတဲ့ ဈေးကွက်ငွေတွေ ဝင်ထွက်လှုပ်ရှားနေတဲ့ ကမ္ဘာ့ကွန်ရက်ကြီးတစ်ခုပါပဲ။ ဆိုလိုတာက ငွေတွေလည်ပတ်နေတာပေါ့လေ... တစ်နှစ်ကို ဥရောပငွေ 60 Trillion (60,000,000,000,000€) လောက်ရှိတဲ့ငွေတွေ နှစ်စဉ် လည်ပတ်နေပါတယ်။ ဒါပေမဲ့ ဒီ စတော့Exchange မှာဝယ်ရောင်းနေတာဟာ မုန့်ဟင်းခါးလည်းမဟုတ်သလို တစ်ရစ်ကျဖုန်းအစုတ်လေးတွေလည်းမဟုတ်ပါဘူး။
ဘာတွေရောင်းဝယ်နေလဲဆိုတော့ လုံခြုစိတ်ချရမှုတစ်ခုပါပဲ။Securities ပေါ့။ ဆိုလိုတာက ပိုင်ဆိုင်မှု Asset တွေကိုပြောတာပါ။ တစ်နည်းထက်ဆိုရမယ်ဆိုရင် ရှယ်ယာShareအဖြစ်ပေါ့ဗျာ။ ကျွန်တော်အပိုင်း ၁ မှာရေးခဲ့သလိုပေါ့။ စားသောက်ဆိုင်လေးထလုပ်မယ်ထားပါ။ စပ်တူအကျိုးတူခေါ်တဲ့အခါမှာ အပိုင်းလိုက်ပေါ့။ တစ်ယောက်တစ်ဝက်လား ငါးပိုင်းပိုင်း ၅စုခွဲမလား?
ဒီအတိုင်းလေးစဉ်းစားကြည့်တော့ အလွယ်သား
လက်တွေ့မှတော့ အရှုပ်အရှင်းတွေရှိလာတာပေါ့
ပြီးတော့ရှယ်ယာဈေးကိုကော ဘယ်သူကသတ်မှတ်မလဲ။ ရောင်းလိုက်တဲ့ရှယ်ယာတွေကိုကော ဘယ်သူကသတ်သေခံပေးမလဲ။ သတ်သေခံပေးတဲ့သူပဲရှိပြီထားပါ။ စပ်တူလုပ်ချင်တဲ့သူ ဘယ်လိုရှာမလဲ။
ဒါတွေအားလုံးကို စတော့Exchange က ပြုလုပ်ပေးကြောင်းပါ။ တကယ်တော့ စတော့exchangeဟာ ရှယ်ယာတွေမပိုင်ပါဘူး။ နားလည်အောင်ပြောရင် ကားပွဲစားတန်းက လက်ဘက်ရည်ဆိုင်လေးတစ်ဆိုင်လိုပါပဲ။ ရှယ်ယာရောင်းချင်တဲ့သူ နဲ့ ဝယ်ချင်သူတို့ရဲ့ ဆုံဆည်းရာလေးပေါ့။ (ရိုမန်းတစ်တော့ဆန်သား)
စတော့တွေကို ကမ္ဘာအဝန်းမှာရှိတဲ့ စတော့Exchange တိုင်းမှာရောင်းဝယ်နေကြပါတယ်။ NewYork Stock Exchange (NYSE) ဆိုရင် နာမည်ကြီးပေါ့။ အခုဆန်ရှင်ဖွင့်ပေးလိုက်ပြီဆိုတော့ မကြာ့မကြာမှီမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရန်ကုန်စတော့exchange ထဲကိုဝင်လာတော့မှာပါ။ အဲပါလေ လိုရင်းကိုမရောက်တော့ဘူး။ စတော့Exchange လေးမှာ ရောင်းချင်တဲ့သူတွေလည်းလာ ဝယ်ချင်တဲ့သူတွေလည်းလာ ဈေးတည့်ရင်ရောင်းကြဝယ်ကြပေါ့။ ဒါကအလွယ်နည်းလေးပြောတာပါ။ တကယ်တမ်းတော့နည်းနည်းလေးပိုရှုပ်တယ်ဗျ။ ဈေးသတ်မှတ်ပေးတာတွေ ရောင်းလိုအားဝယ်လိုအားတွေ Company ရဲ့ Liquidityတွေထိန်းပေးတာတွေ အစုံပေါ့။ ဒါတွေကတော့ နောက်မုန့်ဟင်းခါးအကြောင်းပြောမှ ငါးဖယ်လေးပါထည့်ထည့်ပြောသွားပါ့မယ်။ စတော့exchange သာမရှိခဲ့ရင် ဘီးမပါတဲ့ကားလိုပါပဲ။ အင်ဂျင်လောက်အဓိကမကျပေမဲ့လည်း ဘီးမပါတော့ ဘယ်မှမရောက်တော့ဘူးပေါ့ခင်ဗျာ။ ဒီလောက်ဆိုရင် စတော့ Exchange ဘာလဲဘယ်လိုအလုပ်လုပ်လဲဆိုတာကိုတော့ အကြမ်းဖျင်းလေးနားလည်သွားလောက်ပါပြီ။
Auction Exchanges အကြောင်းတွေ Nasdaq အကြောင်းတွေ ECNs အကြောင်းတွေတော့ အခုတော့ မရေးတော့ပါဘူး နားရှုပ်သွားမှာ စိုးလို့ပါ။နည်းနည်းချင်းစီခွဲရေးသွားဖို့စိတ်ကူးထားပါတယ်။

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား


စတော့နဲ့ပတ်သက်တဲ့ သင်ခန်းစာအခြေခံလေးတွေကို ကျွန်တော်ရေးသွားမှာပါ။ ဘာလဲကအစ ဘယ်လိုဝယ်လဲ ရောင်းလဲ ဘယ်လိုအကဲဖြတ်မလဲကအဆုံးပေါ့
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

https://www.facebook.com/ThuSateKuu/

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း၃

#ငွေကြေးဆိုင်ရာအသုံးအနှုံးများ
ကျွန်တော်စာမရေးဖြစ်တာ နည်းနည်းကြာသွားပါတယ်...ထားပါလေ... ဒီနေ့သင်ခန်းစာလေးကတော့ ကဗျာတွေပျို့တွေမသင်ခင် "ကကြီး ခခွေး" စသင်ရသလိုမျိုးပေါ့... ဟုတ်ပါတယ် က ခ ပါပဲ...
နည်းနည်းတော့မှတ်ရတာများပေမယ့်လည်း ဒါတွေကို နားလည်ထားမှသာ နောက်က သင်ခန်းစာတွေကို နားလည်မှာပါ...ကုမ္ပဏီ တစ်နှစ်စာပြန်တမ်း Annual Report တွေကို ကောင်းကောင်းဖတ်နိုင်ပြီး ဘယ် စတော့ ဘယ် ကုမ္ပဏီ က ကိုယ့်အတွက်သင့်တော်လည်းဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ ဈေးအဆမတန်များနေလား အလွန်တန်နေလားဆိုတာမျိုးတွေ အဲ့မှသိမှာပေါ့...
Annual Report ကို အင်္ဂလိပ်လိုနဲ့ ထုတ်တာများတော့ မြန်မာလိုလုံးလုံးတော့ မရပါဘူး
ကဲ စပြီနော်.,

#Bid(price) - ဝယ်သူကပေးလိုတဲ့ဈေးပါ
#Ask_price - ရောင်းသူကဒီဈေးနဲ့ရောင်းချင်ရင်သုံးပါတယ်

ဥပမာ ဈေးသွားပြီး ကြက်သားဝယ်တယ်ထားပါတော့ တစ်ပိဿဝယ်တယ် ဘယ်လောက်လဲလို့မေးရင်
ဈေးသည်က တစ်ပိဿ၇၀၀၀ ဆိုပါစို့ အဲ့ဒါ Ask Price ပါ ကိုယ်က ၆၅၀၀ လေးတော့ထားလိုက်ပါ အမေကြီးရယ်ဆိုရင် အဲ့ဒါ Bid Price ပါ

#EarningPerShare (EPS) - ရှယ်ယာတစ်ခုကို ခွဲဝေပေးတဲ့ အမြတ်ငွေပမာဏပါ
(နောက်သင်ခန်းစာတွေမှာ အကျယ်တဝင့်ရှင်းပြမှာပါ)

#IPO - Initial Public Offering ကိုအတိုခေါ်တာပါ။ ကုမ္ပဏီကနေ ပထမဆုံးအနေနဲ့ စတော့exchange ပေါ်တင်တုန်းက ဖွင့်ခဲ့တဲ့ အဖွင့်ဈေးပါ
(MCB ဆိုရင် ၅၀၀၀ ဝန်းကျင်ပဲ မမှတ်မိတော့လို့ စစဖွင့်ချင်းမှာ စတော့တစ်ခုကို ၅၀၀၀နဲ့စရောင်းချခဲ့တာပါ။ ကြမ်းခင်းဈေးပေါ့)

#MarketCap - ကုမ္ပဏီရဲ့ တန်ဖိုးပါပဲ ဆိုလိုတာက စတော့ဈေးကွက်မှာ လည်ပတ်နေတဲ့ သက်ဆိုင်ရာကုမ္ပဏီရဲ့ စတော့အားလုံးရဲ့တန်ဖိုးပါ။
ပုံသေနည်း: Market Cap ကိုလိုချင်ရင်
ဈေးကွက်ထဲမှာ ထုတ်ရောင်းထားတဲ့ ကုမ္ပဏီရဲ့ ရှယ်ယာအရေအတွက် ကို စတော့တစ်ခုရဲ့ ကာလပေါက်ဈေးနဲ့ မြှောက်ရမှာပါ)

#ThickerSymbol - စတော့ သို့မဟုတ် ကုမ္ပဏီကို အတိုချုပ်ပြီး ခေါ်တဲ့စာလုံးအတွဲလို့ဆိုမလာ
ဥပမာ First Myanmar Investment Co.,Ltd ကို FMI လို့ခေါ်သလိုပေါ့
Myanmar Commercial Bank ဆို MCB
လို့ခေါ်ပြီး သီလဝါ Myanmar Thilawa SEZ Holdings Public Ltd. ကိုကျတော့ MTSH ပေါ့ဗျာ

ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲခင်ဗျား
စတော့နဲ့ပတ်သက်တဲ့ သင်ခန်းစာအခြေခံလေးတွေကို ကျွန်တော်ရေးသွားမှာပါ။ ဘာလဲကအစ ဘယ်လိုဝယ်လဲ ရောင်းလဲ ဘယ်လိုအကဲဖြတ်မလဲကအဆုံးပေါ့
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

https://www.facebook.com/ThuSateKuu/

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း၎

#EPSနှင့်Dividend
Earnings per share(EPS) ဆိုတာက သင်္ချာအပိုင်းကိန်းတစ်ခုလို့ပဲဆိုရမလားမသိပါဘူး။ ဘာကိုညွှန်းဆိုလဲဆိုတော့ company တစ်နှစ်တာလုပ်ငန်းဆောင်တာများကနေ ရှယ်ယာ(စတော့)တစ်ခုစီအတွက် အမြတ်ငွေ ဘယ်လောက်ရသလဲဆိုတာကို ညွှန်းဆိုပေးနိုင်ပါတယ်။ ဆိုလိုတာကဗျာ company တစ်ခုရဲ့ အသားတင်အမြတ်ငွေရရှိမှုပေါ့။ EPS ကိုလိုချင်ရင် company ရဲ့ အသားတင်အမြတ်ငွေကိုတည်ပြီး ရောင်းချထားတဲ့ အစုရှယ်ယာအရေအတွက်နဲ့ ပြန်စားရပါတယ်။ ဥပမာ Company တစ်ခုကနေ စတော့ဈေးကွက်ထဲကို အစုရှယ်ယာအရေအတွက် သန်း ၂၀ ထုတ်ရောင်းထားတယ်ဆိုပါစို့ ပြီးခဲ့တဲ့ နှစ်အတွက် ၁၀သန်း အသားတင်အမြတ်ရပြီး ၁ သန်းကို Dividend အဖြစ်အစုရှယ်ယာရှင်တွေဆီပြန်ပေးလိုက်တယ်ဆိုရင် (၁၀သန်း - ၁သန်း)÷(အစုရှယ်ရာ သန်း၂၀)
EPS ကို company တစ်ခုရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့နေရာမှာသုံးပါတယ်။ ဆိုလိုတာက EPSများလေ အသားတင်အမြတ်ပိုများလေ... company ရဲ့စွမ်းဆောင်ရည်ပိုမြင့်လေပေါ့.,.
နည်းနည်းတော့သဘောပေါက်လာပြီထင်တယ်။ ကျွန်တော်ထပ်ရှင်းပြပါ့မယ်။ အခုတော့ Dividend လေးဆီဆက်ကြဦးစို့။

Dividend per share(DPS) ဆိုတာက အစုရှယ်ယာတစ်စုအတွက် အစုရှယ်ယာရှင်များလက်ခံရရှိသောငွေပမာဏပါ။ ခုဏကပြောခဲ့သလိုပေါ့ ၁ သန်းကို Dividend တွေအဖြစ် အစုရှယ်ယာရှင်တွေဆီ ပြန်ပေးလိုက်ရင် အစုရှယ်ယာတစ်စုကို ဘယ်လောက်ရမလဲ။ လွယ်လိုက်တာမှ လွန်ရောဆိုသလိုပဲဗျို့ ၁သန်းကိုတည် အစုရှယ်ယာအရေအတွက်သန်း ၂၀နဲ့စားရုံပဲပေါ့။

EPS နဲ့ DPS နဲ့ ဖြစ်လာရတာက ဥပမာဗျာ ကျွန်တော်နဲ့ ဒီက စာဖတ်ပရိတ်သတ် နဲ့ပေါင်းပြီး အီကြာကွေးရောင်းတယ်ထားပါ။ တစ်နေကုန်တော့ တစ်ယောက်ကိုအမြတ် ၆၀၀၀ စီရတယ်ထား။ အသားတင်အမြတ်က ၁၂၀၀၀ ပေါ့ ဟုတ်တယ်နော်။ အရင်းကသက်သက်နော်။ ဒီနေ့ အီကြာကွေး အချောင်း ၁၀၀ ရောင်းရတယ်ဆိုရင် တကယ်လို့ အမြတ် ၁၂၀၀၀ လုံးလုံးကို ခွဲယူလိုက်ရင် အရင်းငွေထဲကနေပြီး လိုအပ်တဲ့ဂျုံ ဆီ ပွဆေး ဝယ်ဖို့ဆိုရင် ဈေးအတက်အကျ အလျောက် နောက်နေ့ အီကြာကွေး အချောင်း ၁၀၀ ရောင်းနိုင်ဖို့မပြောနဲ့ ၉၆ချောင်း တောင်အနိုင်နိုင်ရယ် ၁၀၀ ရပါပြီပဲထား တစ်သက်လုံး အချောင်း ၁၀၀ ပဲရောင်းမို့လား အဲ့ဆို ဆိုင်နာမည်ကို (အချာတစ်ယောင်း အချောင်းတစ်ရာ အီကြာကွေး) လို့သာ နာမည်ပေးလိုက်တော့ဗျို့)...😂

စတော့နဲ့ပတ်သက်တဲ့ သင်ခန်းစာအခြေခံလေးတွေကို ကျွန်တော်ရေးသွားမှာပါ။ ဘာလဲကအစ ဘယ်လိုဝယ်လဲ ရောင်းလဲ ဘယ်လိုအကဲဖြတ်မလဲကအဆုံးပေါ့
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး

စတော့အကြောင်းသိကောင်းစရာ
အပိုင်း ၅

#ဘာကြောင့်စတော့မှာ
#ရင်းနှီးမြှုပ်နှံသင့်သလဲ

ကျွန်တော်ရေးလာတာ အခုဆို စတော့နဲ့ပတ်သက်လို့ သင်ခန်းစာ ၄ ခုရယ် အခုဆို ၅ ခုပေါ့ ဆောင်းပါး ၂ခုရယ် ရေးပြီးခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော်ပြန်စဉ်းစားကြည့်တာလေ... ဒီကစာဖတ်ပရိတ်သက်တွေကို ဝလုံးလေးဘယ်လို ဝိုင်းရတယ် ကကြီးက ဘယ်လို သာပြောလာပေမဲ့ ဘာကြောင့် ကကြီးခခွေးဆိုတဲ့ စတော့ ကို သင်နေရလဲ ရေးနေရလဲ ဆိုတာမပြောမိဘူးဖြစ်နေတယ်။ နောက်တော့မကျသေးပါဘူးလေ... အခုကျွန်တော်ပြောပြတာပေါ့...
ဘာကြောင့်ရင်းနှီးမြုပ်နှံသင့်သလဲပေါ့... ပထမဆုံးနဲ့ အဓိကအကျဆုံးအချက်က တစ်သက်လုံး အလုပ်လုပ်စရာမလိုဘူးပေါ့လို့စကားရှိပါတယ်... ဟိုးဟိုး နေပါဦး အလုပ်လုပ်စရာမလိုဘူးဆိုတာက Visual Business ကိုပြောတာနော် ဒါကလည်း ကိုယ်ကြိုးစားမှုပေါ်မှာမူတည်ပြီး ရယူရမှာဖြစ်တယ်။... ဟိုးချက်ချင်းကြီး ထီပေါက်သလို မျိုးလည်း မဟုတ်ပြန်ဘူး စတော့ဆိုတာ အရင်က ရွှေတွေဝယ်စုသလိုမျိုး ဒါပေမဲ့ ရွှေထက်တော့ နှစ်တွေကြာလာတဲ့ အခါမှာ သိသိသာသာ တိုးပွားလာတာမျိုးပါ ထပ်နားလည်အောင်ပြောမယ်ဗျာ ဘဏ်တိုးလိုပဲ ပမာဏနည်းရင် မစားသာဘူး များပြီဆိုရင်တော့ အလုပ်လုပ်စရာမလိုတော့ဘူးပေါ့(များမှပါ)
စတော့မှာ ရင်းနှီးမြှုပ်နှံလေ ကိုယ်ကာယပင်ပန်းတာတွေလျော့သွားပြီး ဦးနှောက်ကို အများကြီး အလုပ်ပေးရလေ ဆိုလိုတာက စတော့ဆိုပြီး အခုထလုပ်ငါတော့ဘဏ်တိုးလို ထိုင်စားရပြီ ဆိုတာမျိုးတော့ ဒဏ္ဍာရီပုံပြင် တစ်ပုဒ်ပေါ့ဗျာ။ တစ်သက်လုံး စတော့ကို အသက်မွေးဝမ်းကျောင်းလုပ်ချင်တယ်ဆိုရင်တော့ ရှိရှိသမျှ စိတ်တွေအားလုံးနှစ်ထားဖို့လိုပါတယ်။
ကျွန်တော်လိုပဲ Buy And Hold သမားတွေအတွက်ကတော့ အရှုံးဆိုတာမရှိသလောက်ပါပဲ။ထားပါလေ ။ ဒါတွေ နောက်မှပဲရှင်းပြပါ့မယ်။
ဝင်ငွေကတော့ နှစ်မျိုးရနိုင်ပါတယ် ပထမတစ်မျိုးကတော့ interest လို့ခေါ်တဲ့ ကိုယ်ပိုင်ထားတဲ့ စတော့ အတွက် company က ခွဲဝေပေးတဲ့ အမြတ်ငွေရယ် နောက် စတော့တွေ ရောင်းဝယ်ရာမှ မြတ်လာတဲ့ ငွေရယ် နှစ်မျိုးပေါ့...
ကိုယ်ဝယ်တုန်းက ၂၀၀ ပြန်ရောင်းတော့ ၂၅၀ စတော့တစ်ခုကို စတော့ ၁၀၀ စုပိုင်ရင် ၅၀×၁၀၀ =၅၀၀၀ ပေါ့
သို့သော် အမြတ်များလေ အရှုံးဖြစ်ဖို့အခွင့်ရေးများလေဖြစ်တယ်
မြတ်မယ်ဆိုတာကြီးပဲ စိတ်ကူးယဉ်နေမိရင် တစ်ခါတစ်လေ ကိုယ်ရွေးချယ်မှုမှားသွားတာမျိုး ကံတရားက မျက်နှာသာမပေးတဲ့ အခါမျိုးမှာ လည်း ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ခုဏက ၅၀၀၀ ဟာ အမြတ်လည်း ဖြစ်နိုင်သလို အရှုံးလည်း ဖြစ်နေနိုင်ပါတယ်။ သို့သော် ကံကြီးအပေါ်ပဲ ပုံချနေရင် လူအားလုံး လောင်းကစားပဲလုပ်တော့မှာပေါ့။ ဟုတ်ပါတယ် ။ ကိုယ့်ရွေးချယ်မှုပေါ်မှာ လည်း အများကြီး မူတည်ပါတယ်။ စိတ်မပူပါနဲ့ခင်ဗျာ ။ ကျွန်တော် ဖြည်းဖြည်းချင်း ပြောပြသွားပါ့မယ်။ အခုတော့ ဒီလောက်ပဲနော်။ကျွန်တော်ဖြစ်နိုင်ရင် စာအုပ်လေးဖြစ်ဖြစ်ထုတ်ပြီး စာရင်းဇယားတွေ နောက်ပုံတွေနဲ့ရှင်းပြရေးပြချင်ပါတယ်။ စုစုစည်းစည်းဖြစ်သွားသလို အခုတော့မသိသာသေးပေမယ့် နောက်ပိုင်း သင်ခန်းစာတွေလာရင် ပုံပြတွေနဲ့ ဆို ပိုမြင်ပိုနားလည်လွယ်လိမ့်မယ်စိတ်ကူးမိပါတယ်။ ပရိတ်သတ်ကြီးသဘောကကော? ထုတ်ပြီးဝယ်တဲ့သူမရှိမှဖြစ်ဒုက္ခ 😂😂😂

အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါ.,.

အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

#ယုမောင်(ဆေး-၁)
#သူ့စိတ်ကူး
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)