Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 21, 2017

ခင်ပွန်းကိုသတ်ပြီး အမျိုးသမီးကို ၈ နာရီကြာ မုဒိမ်းကျင့်မှု ဖြစ်ပွား

ခင်ပွန်းကိုသတ်ပြီး အမျိုးသမီးကို ၈ နာရီကြာ မုဒိမ်းကျင့်မှု ဖြစ်ပွား

တရုတ်နိုင်ငံ Xintai မြို့ Wennan မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကြမ်းကြမ်းရမ်းရမ်းလူသတ်မှု နှင့် မုဒိမ်းကျင့် မှု အဖြစ်အပျက် တစ်ခုပါ ။ အစပိုင်းကတော့ ဓားပြ ၄ ယောက်က ရွှေငွေတွေယူပြီး ထွက်ခွာသွားမည်ဟု ဆုံးဖြတ်ထားပါတယ်။


သို့သော် အိမ်ထဲမှာ ချိတ်ဆွဲထားတဲ့ မင်္ဂလာဆောင် ဓါတ်ပုံတွေကို မြင်လိုက်တဲ့အချိန်မှာ ဓားပြ ၄ ယောက် စိတ်ပြောင်း သွားပါတယ်။ အလွန်လှပတဲ့ အမျိုးသမီးရဲ့ဓါတ်ပုံကိုမြင်တော့ ၄ ယောက်သဘော တူညီချက်အရ မုဒိမ်းကျင့် ရန် ကြံ ပါတော့သည်။

အခန်းထဲကိုဝင်သွားပြီး ခင်ပွန်းကို ကြိုးတုတ်၍ အမျိုးသမီးကို ၈ နာရီကြာ မုဒိမ်းကျင့်ခဲ့ပြီး အမျိုးသမီးရဲ့ လိင်အင်္ဂါအတွင်း ဓားဖြင့်ထိုးသောကြောင့် အဲ့မှာတင် အမျိုးသမီးသေဆုံးခဲ့ပါတယ်။ နောက်ပိုင်းတွင် ခင်ပွန်းကိုပါ သတ်ခဲ့သည်။


အိမ်နောက်ကွယ်မှာ ရှိတဲ့တောအုပ်ထဲသို့ ဥမင်လိုဏ်ခေါင်းတူးပြီး အလောင်းကို အဲ့မှာတင် ပစ်ချထားခဲ့ပါတယ်။ ရဲများက ခြေရာလိုက်ရန် ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ ပြစ်မှုကျူးလွန်သူတွေက အိမ်ကိုသန့်ရှင်းရေးလုပ်ပြီးသားမို့ သဲလွန်စရှာရန် အတွ က် အခက်အခဲဖြစ်ခဲ့ပါတယ်။ အိမ်မှာရှိတဲ့ ကင်မရာတွေကိုလည်း ကြိုးကိုဖြတ်ဆီးပြီး ဟတ်သစ်တွေကိုယူသွားခဲ့ပါတယ်။

နေအိမ်ပတ်ပတ်လည်ကို ပြန်လည်ရှာဖွေကြည့်တော့ သူသတ်သမားတွေက မီးဖိုကျောင်ထဲတွင် ချက်ပြုတ် စားသောက်ခဲ့ ဟု ရဲတွေကတွေ့ရှိခဲ့ပါတယ်။ အဆိုပါစစ်ဆေးချက်အရ ပိုက်ဆံအိတ်တစ်အိတ် ATM ကတ်နှင့်အတူ တွေရှိခဲ့ပါတယ် ။ ကံကောင်းချင်တော့ ဒီ ATM ကတ်ဟာ လူသတ်သမား ၄ ယောက်ထဲ့က တစ် ယောက်ရဲ့ကတ်ဖြစ်နေပါတယ်။

အဲ့နောက်မကြာခင်မှာ ရဲ့တွေက ခြေရာလိုက်ပြီး ၄ ယောက်စလုံးကို အိမ်တစ်အိမ်တွင် ဖမ်းဆီးရမိဟု သိရပါသည်။ ပြည်သူတွေရဲ့ ဝေဖန်ချက်အရ – လူကိုလည်းသတ်ပြီး အိမ်တွင်းတွင် ချက်ပြုတ်စားသောက်လိုက်သေးတယ်ဆို့တော့ အရမ်းကိုသွေးအေးတဲ့ လူသတ်တွေဟု ပြောကြသည်။
ဆန်းသစ်






No comments:

Post a Comment