Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 3, 2017

- အကျဉ်းသား အမှတ် ၅၀၃ -

 
- အကျဉ်းသား အမှတ် ၅၀၃ -

သမ္မတဟောင်း ဘတ်ခူနေးကို ဆိုးလ်အကျဉ်းထောင်ဆီ
စုံစမ်းစစ်ဆေးရေးဌါနရဲ့ ကားအမဲရောင်နဲ့ ပို့ဆောင်လိုက်ပြီး 
အကျဉ်သား အမှတ် ၅၀၃ အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ကာ
အကျဉ်းထောင် အခန်းထဲ ဝင်ခါနီး အပေါက်ဝမှာ အတန်ကြာ
တွေဝေရင်း မျက်ရည်တွေ တွေတွေ စီးကျနေခဲ့တယ်လို့ 
ဆိုပါတယ် ။ အကျဉ်းထောင် တာဝန်ခံက သမ္မတဟောင်းဖြစ်သူ
ဘတ်ခွန်နေးကို " ဒီနေရာမှာ ဒီလိုလုပ်လို့ မသင့်တော်ပါဘူး ..
အထဲကို ဝင်ပါ " လို့ ပြောဆိုတဲ့ အသံကို အခြားသော အကျဉ်းသား
တွေပါ ကြားကြရတဲ့အကြောင်း ဒီကနေ့ သတင်းတွေ ထွက်လာ
ပါတယ် ။

ဝါရင့် ကိုရီးယား နိုင်ငံရေး သမားကြီးတွေရဲ့ ပြောကြဆိုကြတဲ့
အင်တာဗျူးတွေကို လိုက်ရှာဖတ်ကြည့်တော့ .. 

- ဘတ်ခူနေးဟာ အခုထက်ထိ သူ ဘာအမှားတွေ လုပ်ခဲ့တယ်
ဆိုတာကို သူ့ဟာသူ သိပုံမပေါ်ဘူး .. တစ်ကယ်ဆို ပြည်သူကို 
အစကတည်းက သေချာ ရှင်းပြပြီး တောင်းပန်ခဲ့ရင် ဒီလိုအထိ 
မဖြစ်နိုင်လောက်ဘူး ။

- ကိုရီးယားရဲ့ သမိုင်းအရတော့ ကမ္ဘာ့အလယ်မှာ ဝမ်းနည်းဖို့
ကောင်းပေမယ့် .. ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာရယ်
အဲလိုဖြစ်အောင်လည်း ကိုရီးယား ပြည်သူတွေက စွမ်းနိုင်ခဲ့
ကြတယ် ဆိုတာကတော့ ဂုဏ်ယူစရာပါ ။

- လာဘ်စားတဲ့ သမ္မတကို ဗရမ်းဗတာ စည်းလွတ်ဝါးလွတ်တွေ
ထောက်ခံခဲ့ကြတဲ့ အင်အားစုတွေကြောင့်ပဲ ပြည်သူတွေရဲ့
ဒေါသကို နှိုးဆွသလိုဖြစ်ကာ အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့
ခွန်အားတွေ ဖြစ်ခဲ့ရတယ် .. အရိုးကွဲမတတ် အေးချမ်းလှတဲ့ 
ဆောင်းရာသီအောက်မှာ အမှန်တရားအတွက် ဖယောင်းတိုင်မီး
တွေ ပိုလို့ ပိုလို့ စုစည်းမိသွားခဲ့ကြတယ် ။

- ပြည်သူ့အခွန်တော် .. တိုင်းပြည်ဘဏ္ဏကို ခိုးဝှက်ပြီး ဥပဒေနဲ့ 
မလိမ့်တစ်ပါတ် ပြန်ကာကွယ်ထားကာ ခိုးထားတာထဲကနေ
ဘုရားပြန်တည်ပြ , ဘုန်းကြီးဆွမ်းကပ်ပြ , ပရဟိတလေးလုပ်ပြ
အသက်နဲ့လဲပြီး ဘောမပေးမယ့် ကြေးစားတွေကို ငှားရမ်း 
စတာတွေ လုပ်လို့မရတဲ့ တိုင်းပြည်မှာမှ သမ္မတ တက်ဖြစ်တာ
ကံဆိုးလွန်းလှပါတယ် ။

အစရှိသဖြင့် .. ဝေဖန်ပြောဆိုသွားကြပါတယ် ။

# ခန့်နေကြည် -
 

No comments:

Post a Comment