Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 20, 2017

ခ်စ္သူ႔ေျခရာ ရွာေဖြ ေတြ႕သူ ႏွာေခါင္းႀကီး ေဒးဗစ္

ခ်စ္သူ႔ေျခရာ ရွာေဖြ ေတြ႕သူ ႏွာေခါင္းႀကီး ေဒးဗစ္

By ေက်ာ္ရင္ျမင့္ 20 April 2015

ေဒးဗစ္ကိုျမင္ေတာ့ ကေလးေတြက ႏွာေခါင္းႀကီး (Big Nose ) လာၿပီ လို႔ လက္ဟန္နဲ႔ အခ်င္းခ်င္း သေကၤတ ျပဳၿပီး ေျပာၾကတယ္။ သူတို႔အနီးကို ေဒးဗစ္ေရာက္လာေတာ့ ကေလးေတြက ခင္မင္ႏွစ္လိုစြာျပဳံးလိုက္ၾကၿပီး လက္အုပ္ခ်ီကာ ႏွုတ္ဆက္ၾကပါတယ္။ ကေလးေတြက နားမၾကားတဲ့ ကေလး ေတြမို႔ လက္ဟန္သေကၤတ နဲ႔ အခ်င္းခ်င္း ဆက္သြယ္ေျပာဆိုတာပါ။ နားမၾကားတဲ့ကေလးဟာ  အသံဆိုတာကို သဲသဲကြဲကြဲ မၾကားဖူးဘူးေတာ့ စကားလည္းျပန္ မေျပာတတ္ဘူး။ ေဒးဗစ္ ကေတာ့ နားမၾကားတဲ့ကေလးေတြ အခ်င္းခ်င္းဆက္သြယ္ေျပာဆိုတဲ့ လက္ဟန္သေကၤတကို နားလည္ေတာ့ သူ႔ကို ႏွာေခါင္းႀကီး လို႔ နာမည္ေပးထားတာကို သိတယ္။

“တိုက္ဆိုင္လိုက္တာ။ ဟိုအရင္ကလည္း စႏၵရာရဲ့ တပည့္ေလးေတြက က်ေနာ့္ကို ႏွာေခါင္းႀကီးလို႔ ေခၚၾကတာပဲ” လို႔ ေဒးဗစ္က ျပန္ေျပာျပတယ္။ သူ႔ဇနီး စႏၵရာက နားမၾကားတဲ့ ကေလးေတြကို သင္ျပေပးသူပါ။ ေဒးဗစ္နဲ႔ က်ေနာ္ မႏၲေလးၿမိဳ႕က နားမၾကားတဲ့ ကေလးမ်ားေက်ာင္းမွာ ဆုံေတြ႕ၾကတယ္။ နားမၾကားတဲ့ ကေလးေတြရဲ့ အၾကားအာ႐ုံကို ၿဗိတိန္က ကၽြမ္းက်င္သူ ပညာရွင္ႏွစ္ေယာက္နဲ႔ စမ္းသပ္ၿပီး နားၾကားကိရိယာေတြ တပ္ဆင္ေပးဖို႔ ေဒးဗစ္ မႏၲေလးကို ေရာက္ေနတာပါ။

အခုေတာ့ ေဒးဗစ္ အသက္က ၈၀ ရွိၿပီ။ ၿဗိတိန္ နိုင္ငံမွာ ေနထိုင္တဲ့ ေဒးဗစ္ ဟာ သူ႔ဇနီး စႏၵရာ တခ်ိန္က စတင္ခဲ့တဲ့ ဇာတ္လမ္းတပုဒ္ကို ဆက္လက္ ကျပဖို႔ မိုင္ ေထာင္ေပါင္းမ်ားစြာ ေဝးကြာတဲ့ မန ၱေလးၿမိဳ႕ကို မေမာမပန္း လာခဲ့တာပါ။ သူ႔အသက္ အရြယ္ လူႀကီး တစ္ေယာက္အတြက္ ဒီခရီးက ပင္ပန္းပါတယ္။ ဒါေပမယ့္ ေဒးဗစ္က ပင္ပန္းတယ္လို႔ ထင္ပုံမရဘဲ သူ႔မ်က္ႏွာေပၚမွာ ႏွစ္သက္ေက်နပ္မွုေတြနဲ႔သာ ျပည့္ေနပါတယ္။ စိတ္ဝင္စားစရာ သိပ္ေကာင္းတဲ့ သူ႔အေၾကာင္းေတြကို က်ေနာ္ ေအးေအးေဆးေဆး ေမးၾကည့္တယ္ က်ေနာ္တို႔ႏွစ္ေယာက္ နားမၾကားေသာ ကေလးမ်ားေက်ာင္း ပင္မေဆာင္အ ေပၚထပ္က အစည္းအေဝးခန္းမမွာ ထိုင္ၾကတယ္။ အခန္းက်ယ္ႀကီးထဲမွာ ႏွစ္ေယာက္တည္း။

“မယုံၾကည္နိုင္စရာေကာင္းလွတဲ့ အျဖစ္အပ်က္က ရာစုႏွစ္ဝက္ေလာက္ ၾကာခဲ့ၿပီျဖစ္တဲ့ ၁၉၆၁ ခုႏွစ္ က်ေနာ္နဲ႔ စႏၵရာတို႔ လက္ထပ္ရာက စတင္ပါတယ္။” ေဒးဗစ္ရဲ့ မ်က္ႏွာမွာ ညႇိုးရိပ္သန္းေနတယ္။ သူ႔ခ်စ္ဇနီးေခ်ာ စႏၵရာ ဟာ လြန္ခဲ့တဲ့ ၂  ႏွစ္ကပဲ ကင္ဆာေရာဂါနဲ႔ ၿဗိတိန္ နိုင္ငံမွာ ကြယ္လြန္ရွာခဲ့ၿပီ။ “အဲဒီတုန္းက သူက ၂၄ ႏွစ္ က်ေနာ္က ၂၆ ႏွစ္။ က်ေနာ္က မန ၱေလးက ေကာလိပ္ေက်ာင္းမွာ ဆရာအလုပ္ကို လုပ္ရမွာမို႔ လက္ထပ္ၿပီး ခ်က္ခ်င္းလိုလိုပဲ က်ေနာ္တို႔ ျမန္မာနိုင္ငံကို ထြက္လာခဲ့တယ္။”

ေဒးဗစ္က သူတို႔ဇာတ္ေၾကာင္းကို မဆက္ေသးဘဲ သူ႔ဇနီး စႏၵရာရဲ့ အေၾကာင္း ျဖတ္ေျပာတယ္။ “စႏၵရာ က နားမၾကားတဲ့ကေလးေတြ သင္ျပနည္းကို မန္ခ်က္စတာ တကၠသိုလ္ မွာ ဆရာျဖစ္ သင္ယူလာတာ။ ၿပီးေတာ့ လန္ဒန္က နာမည္ႀကီးတဲ့ Old Kent Road School for Deaf မွာ သင္ျပေပးတဲ့ အေတြ႕အၾကဳံလည္း ရွိတယ္”။ အတိတ္ကေရႊေရာင္ရက္ေတြဆီ ျပန္ေရာက္ေနတဲ့ပုံ ေဒးဗစ္ရဲ့မ်က္ႏွာမွာ ထင္ဟပ္ေနတယ္။ “ အဲဒီတုန္းက မန ၱေလးမွာ နားမၾကားတဲ့ ကေလးမ်ားအတြက္ ေက်ာင္းမရွိေသးဘူး။ စႏၵရာက လက္ကမ္းစာရြက္ေလး ၃၀၀ ကို ပုံႏွိပ္လိုက္တယ္။”

ေဒးဗစ္က စႏၵရာရဲ့ လက္ကမ္းစာရြက္ေလးတရြက္ နမူနာကို က်ေနာ့္ျပပါတယ္။ စာရြက္ေလးရဲ့သက္တမ္းကႏွစ္ေပါင္း ၅၀ ေက်ာ္ၿပီမို႔ ဝါက်င့္ေနၿပီ။ မႏၲေလး စစ္ကိုင္းတန္းက ေဂ်ာ့ပုံႏွိပ္တိုက္မွာ ရိုက္ႏွိပ္ထားတာ။ က်ေနာ္က စာရြက္ေလးကို ရြရြကိုင္ၿပီး ဖတ္ၾကည့္လိုက္မိတယ္။

“နားပင္းေသာကေလး
သို႔မဟုတ္
ဆြံ့အေသာကေလး
တေယာက္ကို
သင္သိပါသလား
နားမၾကားဘဲ စကားမေျပာနိုင္ေသာကေလးမ်ားကို
သင္ေတြ႕ပါလၽွင္
၂၈-လမ္း၊ စီပီလိုင္း ဝယ္စလီေက်ာင္းအနီး
တြင္ေနထိုင္ေသာ မစၥစ္ စမစ္သ္ ႏွင့္ဆက္သြယ္ပါ။

ထိုကဲ့သို႔ေသာ ကေလးမ်ားအား
စကားေျပာနိုင္ရန္
စာေရးနိုင္ရန္
စာဘတ္နိုင္ရန္
သင္ၾကားေပးပါမည္။

မစၥစ္ စမစ္သ္ သည္နားပင္းေသာကေလးမ်ားကို ပညာသင္ၾကား
ေပးနိုင္ေသာ အရည္အခ်င္းရွိပါသည္။

ထိုကေလးမ်ိဳး ေတြ႕လၽွင္ေတြ႕ခ်င္း မစၥစ္ စမစ္သ္
အားအေၾကာင္းၾကားပါ။

သင့္မိတ္ေဆြမ်ားကိုလဲ ေျပာျပပါ။”

က်ေနာ္ ဖတ္ရွုၿပီးခ်ိန္မွာ ေဒးဗစ္က စကားကိုဆက္တယ္။ “ လက္ကမ္းစာရြက္ေလးေတြ ပုံႏွိပ္ၿပီးေတာ့ စႏၵရာက စက္ဘီးတစင္းစီးၿပီး မန ၱေလးၿမိဳ႕ကို လွည္းေနေလွေအာင္း ျမင္းေစာင္းမက်န္ အႏွံ့ျဖန႔္ေဝေတာ့တာေပါ့။” ေဒးဗစ္က သူ႔ခ်စ္ဇနီး စႏၵရာ စက္ဘီးစီးေနတဲ့ ဓာတ္ပုံကို ျပတယ္။ မိုးရြာၿပီးစ နဲ႔ တူပါရဲ့ လမ္းေပၚမွာ ေရေတြေဖြးေနတယ္။ စက္ဘီးစီးေနတဲ့ စႏၵရာရဲ့အရိပ္က လမ္းေပၚ ေရျပင္မွာ ထင္ဟပ္ေနတယ္။ ကေလးအေမတေယာက္က လမ္းမေပၚမွာ ကေလးနဲ႔ ထိုင္ေနတယ္။ ကေလးကို လမ္းေပၚတင္တဲ့ မိုးေရနဲ႔ ေရခ်ိဳးေနပုံရပါရဲ့။ ကေလးက ကိုယ္ လုံးတီး။ ကေလးအေမက ထဘီရင္လ်ားနဲ႔။

“ရက္သတၱ ႏွစ္ပတ္ေလာက္အတြင္းမွာပဲ အသက္ ၆ ႏွစ္၊ ၇ ႏွစ္အရြယ္ နားမၾကားတဲ့ ကေလးငယ္ႏွစ္ေယာက္ကို လက္ဆြဲၿပီး ဗမာအမ်ိဳးသမီးတေယာက္ က်ေနာ္တို႔ အိမ္ကို ေပါက္ခ်လာတယ္။ စႏၵရာကလည္း သူရဲ့ ဦးဦးဖ်ားဖ်ား တပည့္ ၂ ေယာက္ကို အိမ္ဝရံတာမွာ စ သင္ျပေပးတယ္။ အခ်ိန္တိုတိုေလးအတြင္းမွာပဲ နားမၾကားတဲ့ ကေလးေတြ တေယာက္ၿပီး တေယာက္ က်ေနာ္တို႔အိမ္ကို ေရာက္လာတာ အမ်ားႀကီးပါပဲ” လို႔ ေဒးဗစ္က မ်က္ႏွာေပၚမွာ အျပဳံးကို ဆင္ၿပီး ေျပာျပတယ္။ “က်ေနာ္တို႔အိမ္မွာပဲ ဖြင့္ထားတဲ့ စႏၵရာ ရဲ့ေက်ာင္းကေလးက ေက်ာင္းသား အေျမာက္အျမားအတြက္ က်ဥ္းေနၿပီ။ ၿပီးေတာ့ မႏၲေလးၿမိဳ႕လယ္နဲ႔လည္း နည္းနည္းလွမ္းတယ္။ အသြားအလာ မခက္တဲ့ ၿမိဳ႕လယ္ကို ေရႊ႕ကိုေရႊ႕ရမယ္။ ဒိုင္အိုစီဇင္ ေက်ာင္းအနီးက ဝါးကပ္မိုး အဖီေလးတခုကို အသုံးခ်ခြင့္ သူရတယ္။ သုံးဘက္ပြင့္ အေဆာက္အဦေလးေပါ့။ စားပြဲတလုံး၊ စာသင္ခုံေလးေတြ၊ ေက်ာက္သင္ပုန္းတခုနဲ႔ သူ႔စာသင္ခန္းကို စႏၵရာက အဲဒီမွာ ဖြင့္လိုက္ပါတယ္။ ဒါကို က်ေနာ္က မစၥစ္ စမစ္သ္ ရဲ့ တင္းကုတ္ လို႔ ေခၚတယ္။”

ေဒးဗစ္က ျပဳံးရယ္လိုက္တယ္။ စႏၵရာကို မစၥက္ စမစ္သ္လို႔ သူက ေခၚလို႔ ေဒးဗစ္ရဲ့ နာမည္ကို က်ေနာ့္မွတ္စုစာအုပ္မွာ ေရးခ်ျပဖို႔ ေမတၱာရပ္ခံလိုက္တယ္။ ( သူေျပာ တဲ့ အသံထြက္ကို ရမ္းသမ္းမွန္းၿပီး က်ေနာ္ေရးရင္ လြဲမွာ စိုးလို႔ပါ။) သူက David Blakeway Smith လို႔ ေရးေပးတယ္။ “၁၉၆၄ ခုႏွစ္ေရာက္ေတာ့ ေက်ာင္းကေလးက ႀကီးလာလိုက္တာ၊ စာသင္ခန္း တခုတည္းမွာတြင္ နားမၾကားတဲ့ ေက်ာင္းသားေက်ာင္းသူ ၂၇ ေယာက္ ရွိလာတယ္။ အသက္အရြယ္စုံပါပဲ။ ၂ ႏွစ္ကေန ၁၈ ႏွစ္အထိ။ သူက ျမန္မာလက္ေထာက္ဆရာ ၃ ေယာက္ကိုလည္း ေလ့က်င့္သင္ျပေပးတယ္။ တေယာက္နဲ႔ တေယာက္ ကြဲျပားျခားနားတဲ့ ကေလးတဦးခ်င္းစီအတြက္ လိုအပ္တဲ့ ကရိယာတန္ဆာပလာေတြကို စီစဥ္ ျပင္ဆင္ၾကတယ္။အဲဒီအခ်ိန္က စႏၵရာရဲ့ဘဝက တကယ့္ကို အဓိပၸါယ္ျပည့္ဝတယ္။ အခ်ိန္ မိနစ္တိုင္းကို သူေက်နပ္ေပ်ာ္ရႊင္ခဲ့တယ္။”

ဝမ္းေျမာက္ေပ်ာ္ရႊင္စရာ အေျခအေနကို ေျပာျပေနရင္း ေဒးဗစ္ ရဲ့မ်က္ႏွာမွာ ညႇိုးရိပ္သန္းလာတယ္။ “အဲဒီအခ်ိန္မွာပဲ မုန္တိုင္းက်ေတာ့တာပဲ။ ပဥၥလက္ဆန္ဆန္ တိုးတက္ ေအာင္ျမင္လာတဲ့ စႏၵရာရဲ့ ေက်ာင္းကေလး သက္တမ္း ႏွစ္ႏွစ္ခြဲ ရွိတဲ့အခ်ိန္မွာ…။” ေဒးဗစ္ က ဆက္မေျပာေသးဘဲ ခဏရပ္ၿပီး အားယူတယ္။ ၿပီးမွ ဆက္ေျပာတယ္။ “ ျမန္မာနိုင္ငံကို အာဏာသိမ္းလိုက္တဲ့ စစ္အစိုးရက နိုင္ငံျခားသားေတြကို ႏွင္ထုတ္ေတာ့တာပဲ။ အဲဒီအခ်ိန္မွာ နားမၾကားတဲ့ ကေလးေတြရဲ့ ေက်ာင္းကေလးအတြက္ ေငြေၾကးေလး အနည္းအက်ဥ္းလည္း က်ေနာ္တို႔ အလွူခံလို႔ ရေနၿပီ။ ျမန္မာ ဘ႑ာထိန္း ေဂါပကအဖြဲ႕လည္း ဖြဲ႕စည္းၿပီးၿပီ။ ျမန္မာေက်ာင္းအုပ္ဆရာလည္း ခန႔္ထားၿပီးၿပီ။”

ေဒးဗစ္က ေျပာလက္စ ခဏရပ္တယ္။ က်ေနာ္လည္း သူ႔မ်က္ႏွာကိုၾကည့္ရမွာ အားနာတာနဲ႔ သူ႔ေနာက္မွာရွိတဲ့ ခန္းစီးစေတြကိုေငးၾကည့္ေနလိုက္တယ္။ ပိေတာက္ေျခာက္ေရာင္ ခန္းဆီးစေတြက နည္းနည္းေတာ့ ေဟာင္းေနၿပီ။ “ေၾကကြဲဝမ္းနည္းဖြယ္ရာ ၁၉၆၄ ခု ေအာက္တိုဘာလရဲ့ ရက္တရက္မွာ က်ေနာ္တို႔ မႏၲေလးက ထြက္ခြာခဲ့ၾကတယ္။ ေက်ာင္းကေလးကေတာ့ ဆက္လက္တည္ရွိေနေကာင္းရဲ့လို႔ ေမၽွာ္လင့္ေပမယ့္ ေက်ာင္းကေလးရဲ့ အနာဂတ္အတြက္ စိုးရိမ္ေၾကာင့္ၾကေနတာေတာ့ အမွန္ပါပဲ။”

အဂၤလန္ ကိုျပန္ေရာက္ေတာ့ ျပန္ၿပီး မစုံစမ္းဘူးလား လို႔ က်ေနာ္က ေမးေတာ့ ေဒးဗစ္က “က်ေနာ္တို႔ အဂၤလန္ကို ျပန္ေရာက္ေတာ့ ျမန္မာနိုင္ငံမွာ က်န္ရစ္တဲ့ မိတ္ေဆြ ေတြဆီကို စာမေရးနိုင္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ စစ္ေထာက္လွမ္းေရးက စာေတြကို အရင္ေဖာက္ဖတ္တယ္။ အေနာက္နိုင္ငံက လူေတြနဲ႔ အဆက္အသြယ္ရွိတဲ့သူေတြကို အဖမ္းအဆီးေတြရွိတာလည္း ၾကားသိေနရတယ္။ ဒါေၾကာင့္ စႏၵရာ စခဲ့တဲ့ နားမၾကားတဲ့ ကေလးမ်ားရဲ့ေက်ာင္းကေလး ဘယ္ေသာင္ဘယ္ကမ္းဆိုက္ေနပါလိမ့္ဆိုတာ က်ေနာ္တို႔ မသိနိုင္ဘူး။ တခါတေလေတာ့ ေတြးၾကည့္မိသား” တဲ့။
စႏၵရာနဲ႔ သူ႔ေက်ာင္းသူေက်ာင္းသားမ်ား (ဓာတ္ပုံ - ေက်ာ္ရင္ျမင့္)
စႏၵရာနဲ႔ သူ႔ေက်ာင္းသူေက်ာင္းသားမ်ား (ဓာတ္ပုံ – ေက်ာ္ရင္ျမင့္)

သူတို႔ ဘယ္ေလာက္ ဝမ္းနည္းေၾကကြဲမယ္ဆိုတာကို က်ေနာ္ စဥ္းစား ခံစား ၾကည့္နိုင္ပါတယ္။ “ ႏွစ္ေပါင္း ၅၀ ၊ ႏွစ္ ၅၀ ၾကာ အတိအက်ပါပဲ။ ၂၀၁၃ ခု ေမလ ၇ ရက္ေန႔မွာ စႏၵရာဟာ ကင္ဆာေရာဂါနဲ႔ ေၾကကြဲဖြယ္ရာ ကြယ္လြန္ရွာတယ္။ သူ ကြယ္လြန္လို႔ ႏွစ္ရက္ အၾကာ ေမလ ၉ ရက္ေန႔မွာေပါ့။ အံ့ၾသစရာ ၾကဳံေတြ႕ရတယ္။ က်ေနာ္တို႔ရဲ့ သားသမက္က သူ႔ကြန္ပ်ဴတာ ဂူဂယ္လ္မွာ ‘မႏၲေလးက နားမၾကားတဲ့ ကေလးမ်ားေက်ာင္း’ လို႔ ရိုက္လိုက္တယ္။ တကယ့္ကို မယုံနိုင္စရာ၊ ဝဘ္ဆိုက္အဖြင့္စာမ်က္ႏွာမွာ ႏွစ္ထပ္ ေက်ာင္းေဆာင္ႀကီးရဲ့ပုံ နဲ႔ ေပ်ာ္ရႊင္ေနတဲ့ ကေလးငါးေယာက္ရဲ့ပုံ ေပၚလာတယ္။”

ေဒးဗစ္က School for Deaf, Mandalay လို႔ အျပာေရာင္ေနာက္ခံေပၚမွာ ႏွစ္ထပ္ေက်ာင္းေဆာင္ႀကီးပုံပါတဲ့ ဝဘ္ဆိုက္ကို ေဒါင္းလုဒ္ဆြဲၿပီး ရိုက္ႏွိပ္ထားတဲ့ စာ တရြက္ကို ျပတယ္။ က်ေနာ္ ဖတ္ၾကည့္တယ္။ ဒီေက်ာင္းကို မစၥတာ စမစ္သ္ နဲ႔ ဆရာ ဦးသိန္းနိုင္တို႔ က စ ဖြင့္ခဲ့တယ္တဲ့။

“ခင္ဗ်ား စဥ္းစားၾကည့္စမ္းပါ။ ဒီသတင္းကို စႏၵရာ ကြယ္လြန္ၿပီးခါမွ စိတ္ထိခိုက္စရာ ေပၚထြက္လာတယ္။ သူ ဒါကို မသိရဘဲ ကြယ္လြန္သြားတာ ဘယ္ေလာက္ ေၾကကြဲစရာ ေကာင္းလိုက္ပါသလဲ။ www.deafschoolmdy.com ဝဘ္ဆိုက္မွာ အေသးစိတ္ ေဖာ္ျပထားတာက အဲဒီေက်ာင္းမွာ နားမၾကားတဲ့ ကေလးေပါင္း ၂၀၀ ေလာက္ ပညာသင္ ယူေနၾကသတဲ့။ ၾကည့္စမ္းပါဦး၊ က်ေနာ့္ဇနီး စတင္ခဲ့တဲ့ အလုပ္ကေလးက ယခုဆိုရင္ ကေလးငယ္ ၂၀၀ ေလာက္အတြက္ အက်ိဳးေက်းဇူးရွိေနၿပီ” လို႔ ေဒးဗစ္က စိတ္လွုပ္ရွားစြာ ေျပာတယ္။ သူ သိရင္ ဝမ္းသာမွာပါပဲ လို႔ က်ေနာ္ကေျပာေတာ့ သူ အဲဒီလိုပဲ ေမၽွာ္လင့္တယ္ ဆိုတာကို ေဒးဗစ္က ႏွစ္ခါထပ္ၿပီးေျပာတယ္။

ေဒးဗစ္က ဆက္ၿပီး “က်ေနာ္ျမန္မာျပည္ကို ျပန္သြားဖို႔ ဆုံးျဖတ္လိုက္တယ္။ သြားေလသူကို အမွတ္ရ ဂုဏ္ျပဳဖို႔၊ သူ႔စြမ္းေဆာင္ခ်က္ကို အသိအမွတ္ျပဳဖို႔၊ ဝဘ္ဆိုက္ထဲက ေက်ာင္း ရဲ့သမိုင္းေရၾကာင္း ေဖာ္ျပရာမွာ စတင္တည္ေထာင္သူ အမည္ကို မစၥတာ စမစ္သ္လို႔ ဆိုတာကို အမွန္ျဖစ္တဲ့ မစၥစ္ စမစ္သ္ လို႔ မွတ္တမ္းကို ျပန္တည့္ေပးဖို႔ ၂၀၁၃ ခု ဒီဇင္ဘာလ ၉ ရက္ေန႔မွာ ျမန္မာျပည္ကို က်ေနာ္လာခဲ့တယ္။”

“ဘန္ေကာက္က ထြက္ခြာလာတဲ့ ေလယာဥ္က တျဖည္းျဖည္း နိမ့္ဆင္းေန ၿပီး ခမ္းနားလွတဲ့ ျမစ္မင္းဧရာဝတီက ျမင္ကြင္းထဲမွာ ေပၚလာတယ္။ အာရွရဲ့ မဟာျမစ္မင္းေတြထဲက ျမစ္တစ္စင္း။ မိုင္ ၄၀၀ ေလာက္ရွည္လ်ားၿပီး ပင္လယ္ထဲ စီးဝင္သြားတဲ့ျမစ္။ ျမစ္မင္း ဧရာဝတီဟာ ဘယ္ေလာက္က်ယ္ပါလိမ့္ က်ေနာ္ မမွတ္မိေတာ့ဘူး။ မန ၱေလးၿမိဳ႕ရဲ့ေဘးကေန အနားသတ္ကာ ေဝ့ဝိုက္စီးဆင္းသြားတဲ့ ျမစ္” လို႔ ေဒးဗစ္က ျမစ္မင္း ဧရာဝတီ ကို စာဖြဲ႕ေနတာ ၾကားရေတာ့ နိုင္ငံျခားသား ျဖစ္သူကေတာင္ ဒါေလာက္ေလးစား တန္ဖိုးထားရတဲ့ ဧရာဝတီကို ျမန္မာနိုင္ငံသားေတြ တန္ဖိုးမထားမိတာ ရွက္စရာ၊ တ႐ုတ္ကို ေရာင္းစားဖို႔ ႀကံစည္တာ မိုက္လုံးႀကီး လိုက္တာလို႔ က်ေနာ့္အေတြးက ေခ်ာ္ထြက္သြားေသးတယ္။

“မႏၲေလး ေလဆိပ္ထဲကို ေျခခ်မိေတာ့ က်ေနာ္ သိပ္ကို စိတ္ေတြ လွုပ္ရွားေနမိတယ္။” ေဒးဗစ္တို႔ မႏၲေလးမွာ ေနထိုင္စဥ္က ခ်မ္းျမသာစည္ေလဆိပ္က ၿမိဳ႕ဆင္ေျခဖုံးမွာ ရွိတယ္။ ၿမိဳ႕လယ္နဲ႔ အလွမ္းမေဝးဘူး။ ယခု တံတားဦး ေလဆိပ္က မိုင္ ၃၀ ေလာက္ေဝးတယ္။ ေျခာက္သေယာင္းတဲ့ ကြင္းလယ္ေခါင္မွာ။ ေလဆိပ္ခ်င္း မတူေတာ့ဘူးလို႔ က်ေနာ္ကေျပာေတာ့ ေဒးဗစ္က “ဒီေၿမ ဒီေလက မကြာျခားပါဘူး” လို႔ ျပန္ေျဖတယ္။

သူ႔ဇနီး စႏၵရာ ကြယ္လြန္ၿပီး ၂ ရက္အၾကာမွာ စႏၵရာ စတင္တည္ေထာင္ခဲ့တဲ့ နားမၾကားတဲ့ ကေလးမ်ားရဲ့ေက်ာင္းအေၾကာင္းကို အင္တာနက္မွာ ေတြ႕ရၿပီး မိုင္ေထာင္ေပါင္းမ်ားစြာ ေဝးကြာလွတဲ့ မန ၱေလးေျမကို ႏွစ္ေပါင္း ၅၀ ၾကာမွ ေနာက္တေခါက္ထပ္လာရတာ က်ေနာ္တို႔ ရိုးရာ ယုံၾကည္မွုအရဆို ကြယ္လြန္သူ ဇနီးက အိပ္မက္ေပးတာမ်ိဳး တနည္းနည္းနဲ႔ ညႊန္ျပေပးတာမ်ိဳး အယူအဆရွိတယ္လို႔ ေဒးဗစ္ကိုေျပာေတာ့ သူတို႔မွာလည္း အဲဒါမ်ိဳး အယုံအၾကည္ ရွိတယ္လို႔ သူကျပန္ေျပာတယ္။

“က်ေနာ္တို႔ရဲ့ ယဥ္ေက်းမွု၊ ခရစ္ယာန္ အယူအဆမွာလည္း ဘုရားသခင္က ျမန္မာနိုင္ငံကို သြားေရာက္ဖို႔ ေစလႊတ္တာလို႔ ယုံၾကည္တယ္။ စႏၵရာ ကြယ္လြန္ၿပီး ၂ ရက္ေနမွ ဒီသတင္းကို ေတြ႕ရတာ သိပ္ကို ဝမ္းနည္းေၾကကြဲရတယ္။ ဒါေပမယ့္ သူ စတင္ခဲ့တဲ့ ေက်ာင္းက ယခု အမ်ားႀကီး အက်ိဳးျပဳေနၿပီ။ ဒါက သတင္းေကာင္းပါ” လို႔သူက မခ်ိတင္ကဲ ပုံနဲ႔ ရယ္ေမာပစ္လိုက္တယ္။

ေရွ႕တပတ္မွာ နားမၾကားတဲ့ ကေလးေတြရဲ့ေက်ာင္းကို ေဒးဗစ္ေရာက္ေတာ့ ကေလးေတြ ခမ်ာ နားၾကားကရိယာ မတတ္နိုင္တာေတြ႕ရလို႔ စိတ္မေကာင္းျဖစ္ရၿပီး အဂၤလန္ ျပန္ကာ အၾကားအာ႐ုံ ကၽြမ္းက်င္ပညာရွင္ေတြကိုေခၚ၊ တန္ဖိုးႀကီးတဲ့ နားၾကားကရိယာ အစုံ ၂၀၀ ယူေဆာင္ၿပီး ေနာက္တေခါက္ လာေရာက္တဲ့အေၾကာင္းကို ဆက္လက္ တင္ျပပါဦးမယ္။

(ေက်ာ္ရင္ျမင့္သည္ မႏၲေလးအေျခစိုက္ စာေရးဆရာ သတင္းစာဆရာ တဦးျဖစ္သည္။)
Irrawaddy
ချစ်သူ့ခြေရာ ရှာဖွေ တွေ့သူ နှာခေါင်းကြီး ဒေးဗစ်

By ကျော်ရင်မြင့် 20 April 2015

ဒေးဗစ်ကိုမြင်တော့ ကလေးတွေက နှာခေါင်းကြီး (Big Nose ) လာပြီ လို့ လက်ဟန်နဲ့ အချင်းချင်း သင်္ကေတ ပြုပြီး ပြောကြတယ်။ သူတို့အနီးကို ဒေးဗစ်ရောက်လာတော့ ကလေးတွေက ခင်မင်နှစ်လိုစွာပြုံးလိုက်ကြပြီး လက်အုပ်ချီကာ နှုတ်ဆက်ကြပါတယ်။ ကလေးတွေက နားမကြားတဲ့ ကလေး တွေမို့ လက်ဟန်သင်္ကေတ နဲ့ အချင်းချင်း ဆက်သွယ်ပြောဆိုတာပါ။ နားမကြားတဲ့ကလေးဟာ  အသံဆိုတာကို သဲသဲကွဲကွဲ မကြားဖူးဘူးတော့ စကားလည်းပြန် မပြောတတ်ဘူး။ ဒေးဗစ် ကတော့ နားမကြားတဲ့ကလေးတွေ အချင်းချင်းဆက်သွယ်ပြောဆိုတဲ့ လက်ဟန်သင်္ကေတကို နားလည်တော့ သူ့ကို နှာခေါင်းကြီး လို့ နာမည်ပေးထားတာကို သိတယ်။

“တိုက်ဆိုင်လိုက်တာ။ ဟိုအရင်ကလည်း စန္ဒရာရဲ့ တပည့်လေးတွေက ကျနော့်ကို နှာခေါင်းကြီးလို့ ခေါ်ကြတာပဲ” လို့ ဒေးဗစ်က ပြန်ပြောပြတယ်။ သူ့ဇနီး စန္ဒရာက နားမကြားတဲ့ ကလေးတွေကို သင်ပြပေးသူပါ။ ဒေးဗစ်နဲ့ ကျနော် မန္တလေးမြို့က နားမကြားတဲ့ ကလေးများကျောင်းမှာ ဆုံတွေ့ကြတယ်။ နားမကြားတဲ့ ကလေးတွေရဲ့ အကြားအာရုံကို ဗြိတိန်က ကျွမ်းကျင်သူ ပညာရှင်နှစ်ယောက်နဲ့ စမ်းသပ်ပြီး နားကြားကိရိယာတွေ တပ်ဆင်ပေးဖို့ ဒေးဗစ် မန္တလေးကို ရောက်နေတာပါ။

အခုတော့ ဒေးဗစ် အသက်က ၈၀ ရှိပြီ။ ဗြိတိန် နိုင်ငံမှာ နေထိုင်တဲ့ ဒေးဗစ် ဟာ သူ့ဇနီး စန္ဒရာ တချိန်က စတင်ခဲ့တဲ့ ဇာတ်လမ်းတပုဒ်ကို ဆက်လက် ကပြဖို့ မိုင် ထောင်ပေါင်းများစွာ ဝေးကွာတဲ့ မန ္တလေးမြို့ကို မမောမပန်း လာခဲ့တာပါ။ သူ့အသက် အရွယ် လူကြီး တစ်ယောက်အတွက် ဒီခရီးက ပင်ပန်းပါတယ်။ ဒါပေမယ့် ဒေးဗစ်က ပင်ပန်းတယ်လို့ ထင်ပုံမရဘဲ သူ့မျက်နှာပေါ်မှာ နှစ်သက်ကျေနပ်မှုတွေနဲ့သာ ပြည့်နေပါတယ်။ စိတ်ဝင်စားစရာ သိပ်ကောင်းတဲ့ သူ့အကြောင်းတွေကို ကျနော် အေးအေးဆေးဆေး မေးကြည့်တယ် ကျနော်တို့နှစ်ယောက် နားမကြားသော ကလေးများကျောင်း ပင်မဆောင်အ ပေါ်ထပ်က အစည်းအဝေးခန်းမမှာ ထိုင်ကြတယ်။ အခန်းကျယ်ကြီးထဲမှာ နှစ်ယောက်တည်း။

“မယုံကြည်နိုင်စရာကောင်းလှတဲ့ အဖြစ်အပျက်က ရာစုနှစ်ဝက်လောက် ကြာခဲ့ပြီဖြစ်တဲ့ ၁၉၆၁ ခုနှစ် ကျနော်နဲ့ စန္ဒရာတို့ လက်ထပ်ရာက စတင်ပါတယ်။” ဒေးဗစ်ရဲ့ မျက်နှာမှာ ညှိုးရိပ်သန်းနေတယ်။ သူ့ချစ်ဇနီးချော စန္ဒရာ ဟာ လွန်ခဲ့တဲ့ ၂  နှစ်ကပဲ ကင်ဆာရောဂါနဲ့ ဗြိတိန် နိုင်ငံမှာ ကွယ်လွန်ရှာခဲ့ပြီ။ “အဲဒီတုန်းက သူက ၂၄ နှစ် ကျနော်က ၂၆ နှစ်။ ကျနော်က မန ္တလေးက ကောလိပ်ကျောင်းမှာ ဆရာအလုပ်ကို လုပ်ရမှာမို့ လက်ထပ်ပြီး ချက်ချင်းလိုလိုပဲ ကျနော်တို့ မြန်မာနိုင်ငံကို ထွက်လာခဲ့တယ်။”

ဒေးဗစ်က သူတို့ဇာတ်ကြောင်းကို မဆက်သေးဘဲ သူ့ဇနီး စန္ဒရာရဲ့ အကြောင်း ဖြတ်ပြောတယ်။ “စန္ဒရာ က နားမကြားတဲ့ကလေးတွေ သင်ပြနည်းကို မန်ချက်စတာ တက္ကသိုလ် မှာ ဆရာဖြစ် သင်ယူလာတာ။ ပြီးတော့ လန်ဒန်က နာမည်ကြီးတဲ့ Old Kent Road School for Deaf မှာ သင်ပြပေးတဲ့ အတွေ့အကြုံလည်း ရှိတယ်”။ အတိတ်ကရွှေရောင်ရက်တွေဆီ ပြန်ရောက်နေတဲ့ပုံ ဒေးဗစ်ရဲ့မျက်နှာမှာ ထင်ဟပ်နေတယ်။ “ အဲဒီတုန်းက မန ္တလေးမှာ နားမကြားတဲ့ ကလေးများအတွက် ကျောင်းမရှိသေးဘူး။ စန္ဒရာက လက်ကမ်းစာရွက်လေး ၃၀၀ ကို ပုံနှိပ်လိုက်တယ်။”

ဒေးဗစ်က စန္ဒရာရဲ့ လက်ကမ်းစာရွက်လေးတရွက် နမူနာကို ကျနော့်ပြပါတယ်။ စာရွက်လေးရဲ့သက်တမ်းကနှစ်ပေါင်း ၅၀ ကျော်ပြီမို့ ဝါကျင့်နေပြီ။ မန္တလေး စစ်ကိုင်းတန်းက ဂျော့ပုံနှိပ်တိုက်မှာ ရိုက်နှိပ်ထားတာ။ ကျနော်က စာရွက်လေးကို ရွရွကိုင်ပြီး ဖတ်ကြည့်လိုက်မိတယ်။

“နားပင်းသောကလေး
သို့မဟုတ်
ဆွံ့အသောကလေး
တယောက်ကို
သင်သိပါသလား
နားမကြားဘဲ စကားမပြောနိုင်သောကလေးများကို
သင်တွေ့ပါလျှင်
၂၈-လမ်း၊ စီပီလိုင်း ဝယ်စလီကျောင်းအနီး
တွင်နေထိုင်သော မစ္စစ် စမစ်သ် နှင့်ဆက်သွယ်ပါ။

ထိုကဲ့သို့သော ကလေးများအား
စကားပြောနိုင်ရန်
စာရေးနိုင်ရန်
စာဘတ်နိုင်ရန်
သင်ကြားပေးပါမည်။

မစ္စစ် စမစ်သ် သည်နားပင်းသောကလေးများကို ပညာသင်ကြား
ပေးနိုင်သော အရည်အချင်းရှိပါသည်။

ထိုကလေးမျိုး တွေ့လျှင်တွေ့ချင်း မစ္စစ် စမစ်သ်
အားအကြောင်းကြားပါ။

သင့်မိတ်ဆွေများကိုလဲ ပြောပြပါ။”

ကျနော် ဖတ်ရှုပြီးချိန်မှာ ဒေးဗစ်က စကားကိုဆက်တယ်။ “ လက်ကမ်းစာရွက်လေးတွေ ပုံနှိပ်ပြီးတော့ စန္ဒရာက စက်ဘီးတစင်းစီးပြီး မန ္တလေးမြို့ကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် အနှံ့ဖြန့်ဝေတော့တာပေါ့။” ဒေးဗစ်က သူ့ချစ်ဇနီး စန္ဒရာ စက်ဘီးစီးနေတဲ့ ဓာတ်ပုံကို ပြတယ်။ မိုးရွာပြီးစ နဲ့ တူပါရဲ့ လမ်းပေါ်မှာ ရေတွေဖွေးနေတယ်။ စက်ဘီးစီးနေတဲ့ စန္ဒရာရဲ့အရိပ်က လမ်းပေါ် ရေပြင်မှာ ထင်ဟပ်နေတယ်။ ကလေးအမေတယောက်က လမ်းမပေါ်မှာ ကလေးနဲ့ ထိုင်နေတယ်။ ကလေးကို လမ်းပေါ်တင်တဲ့ မိုးရေနဲ့ ရေချိုးနေပုံရပါရဲ့။ ကလေးက ကိုယ် လုံးတီး။ ကလေးအမေက ထဘီရင်လျားနဲ့။

“ရက်သတ္တ နှစ်ပတ်လောက်အတွင်းမှာပဲ အသက် ၆ နှစ်၊ ၇ နှစ်အရွယ် နားမကြားတဲ့ ကလေးငယ်နှစ်ယောက်ကို လက်ဆွဲပြီး ဗမာအမျိုးသမီးတယောက် ကျနော်တို့ အိမ်ကို ပေါက်ချလာတယ်။ စန္ဒရာကလည်း သူရဲ့ ဦးဦးဖျားဖျား တပည့် ၂ ယောက်ကို အိမ်ဝရံတာမှာ စ သင်ပြပေးတယ်။ အချိန်တိုတိုလေးအတွင်းမှာပဲ နားမကြားတဲ့ ကလေးတွေ တယောက်ပြီး တယောက် ကျနော်တို့အိမ်ကို ရောက်လာတာ အများကြီးပါပဲ” လို့ ဒေးဗစ်က မျက်နှာပေါ်မှာ အပြုံးကို ဆင်ပြီး ပြောပြတယ်။ “ကျနော်တို့အိမ်မှာပဲ ဖွင့်ထားတဲ့ စန္ဒရာ ရဲ့ကျောင်းကလေးက ကျောင်းသား အမြောက်အမြားအတွက် ကျဉ်းနေပြီ။ ပြီးတော့ မန္တလေးမြို့လယ်နဲ့လည်း နည်းနည်းလှမ်းတယ်။ အသွားအလာ မခက်တဲ့ မြို့လယ်ကို ရွှေ့ကိုရွှေ့ရမယ်။ ဒိုင်အိုစီဇင် ကျောင်းအနီးက ဝါးကပ်မိုး အဖီလေးတခုကို အသုံးချခွင့် သူရတယ်။ သုံးဘက်ပွင့် အဆောက်အဦလေးပေါ့။ စားပွဲတလုံး၊ စာသင်ခုံလေးတွေ၊ ကျောက်သင်ပုန်းတခုနဲ့ သူ့စာသင်ခန်းကို စန္ဒရာက အဲဒီမှာ ဖွင့်လိုက်ပါတယ်။ ဒါကို ကျနော်က မစ္စစ် စမစ်သ် ရဲ့ တင်းကုတ် လို့ ခေါ်တယ်။”

ဒေးဗစ်က ပြုံးရယ်လိုက်တယ်။ စန္ဒရာကို မစ္စက် စမစ်သ်လို့ သူက ခေါ်လို့ ဒေးဗစ်ရဲ့ နာမည်ကို ကျနော့်မှတ်စုစာအုပ်မှာ ရေးချပြဖို့ မေတ္တာရပ်ခံလိုက်တယ်။ ( သူပြော တဲ့ အသံထွက်ကို ရမ်းသမ်းမှန်းပြီး ကျနော်ရေးရင် လွဲမှာ စိုးလို့ပါ။) သူက David Blakeway Smith လို့ ရေးပေးတယ်။ “၁၉၆၄ ခုနှစ်ရောက်တော့ ကျောင်းကလေးက ကြီးလာလိုက်တာ၊ စာသင်ခန်း တခုတည်းမှာတွင် နားမကြားတဲ့ ကျောင်းသားကျောင်းသူ ၂၇ ယောက် ရှိလာတယ်။ အသက်အရွယ်စုံပါပဲ။ ၂ နှစ်ကနေ ၁၈ နှစ်အထိ။ သူက မြန်မာလက်ထောက်ဆရာ ၃ ယောက်ကိုလည်း လေ့ကျင့်သင်ပြပေးတယ်။ တယောက်နဲ့ တယောက် ကွဲပြားခြားနားတဲ့ ကလေးတဦးချင်းစီအတွက် လိုအပ်တဲ့ ကရိယာတန်ဆာပလာတွေကို စီစဉ် ပြင်ဆင်ကြတယ်။အဲဒီအချိန်က စန္ဒရာရဲ့ဘဝက တကယ့်ကို အဓိပ္ပါယ်ပြည့်ဝတယ်။ အချိန် မိနစ်တိုင်းကို သူကျေနပ်ပျော်ရွှင်ခဲ့တယ်။”

ဝမ်းမြောက်ပျော်ရွှင်စရာ အခြေအနေကို ပြောပြနေရင်း ဒေးဗစ် ရဲ့မျက်နှာမှာ ညှိုးရိပ်သန်းလာတယ်။ “အဲဒီအချိန်မှာပဲ မုန်တိုင်းကျတော့တာပဲ။ ပဉ္စလက်ဆန်ဆန် တိုးတက် အောင်မြင်လာတဲ့ စန္ဒရာရဲ့ ကျောင်းကလေး သက်တမ်း နှစ်နှစ်ခွဲ ရှိတဲ့အချိန်မှာ…။” ဒေးဗစ် က ဆက်မပြောသေးဘဲ ခဏရပ်ပြီး အားယူတယ်။ ပြီးမှ ဆက်ပြောတယ်။ “ မြန်မာနိုင်ငံကို အာဏာသိမ်းလိုက်တဲ့ စစ်အစိုးရက နိုင်ငံခြားသားတွေကို နှင်ထုတ်တော့တာပဲ။ အဲဒီအချိန်မှာ နားမကြားတဲ့ ကလေးတွေရဲ့ ကျောင်းကလေးအတွက် ငွေကြေးလေး အနည်းအကျဉ်းလည်း ကျနော်တို့ အလှူခံလို့ ရနေပြီ။ မြန်မာ ဘဏ္ဍာထိန်း ဂေါပကအဖွဲ့လည်း ဖွဲ့စည်းပြီးပြီ။ မြန်မာကျောင်းအုပ်ဆရာလည်း ခန့်ထားပြီးပြီ။”

ဒေးဗစ်က ပြောလက်စ ခဏရပ်တယ်။ ကျနော်လည်း သူ့မျက်နှာကိုကြည့်ရမှာ အားနာတာနဲ့ သူ့နောက်မှာရှိတဲ့ ခန်းစီးစတွေကိုငေးကြည့်နေလိုက်တယ်။ ပိတောက်ခြောက်ရောင် ခန်းဆီးစတွေက နည်းနည်းတော့ ဟောင်းနေပြီ။ “ကြေကွဲဝမ်းနည်းဖွယ်ရာ ၁၉၆၄ ခု အောက်တိုဘာလရဲ့ ရက်တရက်မှာ ကျနော်တို့ မန္တလေးက ထွက်ခွာခဲ့ကြတယ်။ ကျောင်းကလေးကတော့ ဆက်လက်တည်ရှိနေကောင်းရဲ့လို့ မျှော်လင့်ပေမယ့် ကျောင်းကလေးရဲ့ အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြနေတာတော့ အမှန်ပါပဲ။”

အင်္ဂလန် ကိုပြန်ရောက်တော့ ပြန်ပြီး မစုံစမ်းဘူးလား လို့ ကျနော်က မေးတော့ ဒေးဗစ်က “ကျနော်တို့ အင်္ဂလန်ကို ပြန်ရောက်တော့ မြန်မာနိုင်ငံမှာ ကျန်ရစ်တဲ့ မိတ်ဆွေ တွေဆီကို စာမရေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ထောက်လှမ်းရေးက စာတွေကို အရင်ဖောက်ဖတ်တယ်။ အနောက်နိုင်ငံက လူတွေနဲ့ အဆက်အသွယ်ရှိတဲ့သူတွေကို အဖမ်းအဆီးတွေရှိတာလည်း ကြားသိနေရတယ်။ ဒါကြောင့် စန္ဒရာ စခဲ့တဲ့ နားမကြားတဲ့ ကလေးများရဲ့ကျောင်းကလေး ဘယ်သောင်ဘယ်ကမ်းဆိုက်နေပါလိမ့်ဆိုတာ ကျနော်တို့ မသိနိုင်ဘူး။ တခါတလေတော့ တွေးကြည့်မိသား” တဲ့။
စန္ဒရာနဲ့ သူ့ကျောင်းသူကျောင်းသားများ (ဓာတ်ပုံ - ကျော်ရင်မြင့်)
စန္ဒရာနဲ့ သူ့ကျောင်းသူကျောင်းသားများ (ဓာတ်ပုံ – ကျော်ရင်မြင့်)

သူတို့ ဘယ်လောက် ဝမ်းနည်းကြေကွဲမယ်ဆိုတာကို ကျနော် စဉ်းစား ခံစား ကြည့်နိုင်ပါတယ်။ “ နှစ်ပေါင်း ၅၀ ၊ နှစ် ၅၀ ကြာ အတိအကျပါပဲ။ ၂၀၁၃ ခု မေလ ၇ ရက်နေ့မှာ စန္ဒရာဟာ ကင်ဆာရောဂါနဲ့ ကြေကွဲဖွယ်ရာ ကွယ်လွန်ရှာတယ်။ သူ ကွယ်လွန်လို့ နှစ်ရက် အကြာ မေလ ၉ ရက်နေ့မှာပေါ့။ အံ့သြစရာ ကြုံတွေ့ရတယ်။ ကျနော်တို့ရဲ့ သားသမက်က သူ့ကွန်ပျူတာ ဂူဂယ်လ်မှာ ‘မန္တလေးက နားမကြားတဲ့ ကလေးများကျောင်း’ လို့ ရိုက်လိုက်တယ်။ တကယ့်ကို မယုံနိုင်စရာ၊ ဝဘ်ဆိုက်အဖွင့်စာမျက်နှာမှာ နှစ်ထပ် ကျောင်းဆောင်ကြီးရဲ့ပုံ နဲ့ ပျော်ရွှင်နေတဲ့ ကလေးငါးယောက်ရဲ့ပုံ ပေါ်လာတယ်။”

ဒေးဗစ်က School for Deaf, Mandalay လို့ အပြာရောင်နောက်ခံပေါ်မှာ နှစ်ထပ်ကျောင်းဆောင်ကြီးပုံပါတဲ့ ဝဘ်ဆိုက်ကို ဒေါင်းလုဒ်ဆွဲပြီး ရိုက်နှိပ်ထားတဲ့ စာ တရွက်ကို ပြတယ်။ ကျနော် ဖတ်ကြည့်တယ်။ ဒီကျောင်းကို မစ္စတာ စမစ်သ် နဲ့ ဆရာ ဦးသိန်းနိုင်တို့ က စ ဖွင့်ခဲ့တယ်တဲ့။

“ခင်ဗျား စဉ်းစားကြည့်စမ်းပါ။ ဒီသတင်းကို စန္ဒရာ ကွယ်လွန်ပြီးခါမှ စိတ်ထိခိုက်စရာ ပေါ်ထွက်လာတယ်။ သူ ဒါကို မသိရဘဲ ကွယ်လွန်သွားတာ ဘယ်လောက် ကြေကွဲစရာ ကောင်းလိုက်ပါသလဲ။ www.deafschoolmdy.com ဝဘ်ဆိုက်မှာ အသေးစိတ် ဖော်ပြထားတာက အဲဒီကျောင်းမှာ နားမကြားတဲ့ ကလေးပေါင်း ၂၀၀ လောက် ပညာသင် ယူနေကြသတဲ့။ ကြည့်စမ်းပါဦး၊ ကျနော့်ဇနီး စတင်ခဲ့တဲ့ အလုပ်ကလေးက ယခုဆိုရင် ကလေးငယ် ၂၀၀ လောက်အတွက် အကျိုးကျေးဇူးရှိနေပြီ” လို့ ဒေးဗစ်က စိတ်လှုပ်ရှားစွာ ပြောတယ်။ သူ သိရင် ဝမ်းသာမှာပါပဲ လို့ ကျနော်ကပြောတော့ သူ အဲဒီလိုပဲ မျှော်လင့်တယ် ဆိုတာကို ဒေးဗစ်က နှစ်ခါထပ်ပြီးပြောတယ်။

ဒေးဗစ်က ဆက်ပြီး “ကျနော်မြန်မာပြည်ကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သွားလေသူကို အမှတ်ရ ဂုဏ်ပြုဖို့၊ သူ့စွမ်းဆောင်ချက်ကို အသိအမှတ်ပြုဖို့၊ ဝဘ်ဆိုက်ထဲက ကျောင်း ရဲ့သမိုင်းရေကြာင်း ဖော်ပြရာမှာ စတင်တည်ထောင်သူ အမည်ကို မစ္စတာ စမစ်သ်လို့ ဆိုတာကို အမှန်ဖြစ်တဲ့ မစ္စစ် စမစ်သ် လို့ မှတ်တမ်းကို ပြန်တည့်ပေးဖို့ ၂၀၁၃ ခု ဒီဇင်ဘာလ ၉ ရက်နေ့မှာ မြန်မာပြည်ကို ကျနော်လာခဲ့တယ်။”

“ဘန်ကောက်က ထွက်ခွာလာတဲ့ လေယာဉ်က တဖြည်းဖြည်း နိမ့်ဆင်းနေ ပြီး ခမ်းနားလှတဲ့ မြစ်မင်းဧရာဝတီက မြင်ကွင်းထဲမှာ ပေါ်လာတယ်။ အာရှရဲ့ မဟာမြစ်မင်းတွေထဲက မြစ်တစ်စင်း။ မိုင် ၄၀၀ လောက်ရှည်လျားပြီး ပင်လယ်ထဲ စီးဝင်သွားတဲ့မြစ်။ မြစ်မင်း ဧရာဝတီဟာ ဘယ်လောက်ကျယ်ပါလိမ့် ကျနော် မမှတ်မိတော့ဘူး။ မန ္တလေးမြို့ရဲ့ဘေးကနေ အနားသတ်ကာ ဝေ့ဝိုက်စီးဆင်းသွားတဲ့ မြစ်” လို့ ဒေးဗစ်က မြစ်မင်း ဧရာဝတီ ကို စာဖွဲ့နေတာ ကြားရတော့ နိုင်ငံခြားသား ဖြစ်သူကတောင် ဒါလောက်လေးစား တန်ဖိုးထားရတဲ့ ဧရာဝတီကို မြန်မာနိုင်ငံသားတွေ တန်ဖိုးမထားမိတာ ရှက်စရာ၊ တရုတ်ကို ရောင်းစားဖို့ ကြံစည်တာ မိုက်လုံးကြီး လိုက်တာလို့ ကျနော့်အတွေးက ချော်ထွက်သွားသေးတယ်။

“မန္တလေး လေဆိပ်ထဲကို ခြေချမိတော့ ကျနော် သိပ်ကို စိတ်တွေ လှုပ်ရှားနေမိတယ်။” ဒေးဗစ်တို့ မန္တလေးမှာ နေထိုင်စဉ်က ချမ်းမြသာစည်လေဆိပ်က မြို့ဆင်ခြေဖုံးမှာ ရှိတယ်။ မြို့လယ်နဲ့ အလှမ်းမဝေးဘူး။ ယခု တံတားဦး လေဆိပ်က မိုင် ၃၀ လောက်ဝေးတယ်။ ခြောက်သယောင်းတဲ့ ကွင်းလယ်ခေါင်မှာ။ လေဆိပ်ချင်း မတူတော့ဘူးလို့ ကျနော်ကပြောတော့ ဒေးဗစ်က “ဒီမြေ ဒီလေက မကွာခြားပါဘူး” လို့ ပြန်ဖြေတယ်။

သူ့ဇနီး စန္ဒရာ ကွယ်လွန်ပြီး ၂ ရက်အကြာမှာ စန္ဒရာ စတင်တည်ထောင်ခဲ့တဲ့ နားမကြားတဲ့ ကလေးများရဲ့ကျောင်းအကြောင်းကို အင်တာနက်မှာ တွေ့ရပြီး မိုင်ထောင်ပေါင်းများစွာ ဝေးကွာလှတဲ့ မန ္တလေးမြေကို နှစ်ပေါင်း ၅၀ ကြာမှ နောက်တခေါက်ထပ်လာရတာ ကျနော်တို့ ရိုးရာ ယုံကြည်မှုအရဆို ကွယ်လွန်သူ ဇနီးက အိပ်မက်ပေးတာမျိုး တနည်းနည်းနဲ့ ညွှန်ပြပေးတာမျိုး အယူအဆရှိတယ်လို့ ဒေးဗစ်ကိုပြောတော့ သူတို့မှာလည်း အဲဒါမျိုး အယုံအကြည် ရှိတယ်လို့ သူကပြန်ပြောတယ်။

“ကျနော်တို့ရဲ့ ယဉ်ကျေးမှု၊ ခရစ်ယာန် အယူအဆမှာလည်း ဘုရားသခင်က မြန်မာနိုင်ငံကို သွားရောက်ဖို့ စေလွှတ်တာလို့ ယုံကြည်တယ်။ စန္ဒရာ ကွယ်လွန်ပြီး ၂ ရက်နေမှ ဒီသတင်းကို တွေ့ရတာ သိပ်ကို ဝမ်းနည်းကြေကွဲရတယ်။ ဒါပေမယ့် သူ စတင်ခဲ့တဲ့ ကျောင်းက ယခု အများကြီး အကျိုးပြုနေပြီ။ ဒါက သတင်းကောင်းပါ” လို့သူက မချိတင်ကဲ ပုံနဲ့ ရယ်မောပစ်လိုက်တယ်။

ရှေ့တပတ်မှာ နားမကြားတဲ့ ကလေးတွေရဲ့ကျောင်းကို ဒေးဗစ်ရောက်တော့ ကလေးတွေ ခမျာ နားကြားကရိယာ မတတ်နိုင်တာတွေ့ရလို့ စိတ်မကောင်းဖြစ်ရပြီး အင်္ဂလန် ပြန်ကာ အကြားအာရုံ ကျွမ်းကျင်ပညာရှင်တွေကိုခေါ်၊ တန်ဖိုးကြီးတဲ့ နားကြားကရိယာ အစုံ ၂၀၀ ယူဆောင်ပြီး နောက်တခေါက် လာရောက်တဲ့အကြောင်းကို ဆက်လက် တင်ပြပါဦးမယ်။

(ကျော်ရင်မြင့်သည် မန္တလေးအခြေစိုက် စာရေးဆရာ သတင်းစာဆရာ တဦးဖြစ်သည်။)

No comments:

Post a Comment