Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 12, 2017

ထိုင်ဝမ်မှာ ခွေး၊ ကြောင် သတ်စားခြင်း တရားဝင်ပိတ်ပင်


 
ထိုင်ဝမ်မှာ ခွေး၊ ကြောင် သတ်စားခြင်း တရားဝင်ပိတ်ပင်

လူသားစားသုံးဖို့ ရည်ရွယ်ချက်နဲ့  ခွေး၊ ကြောင်တွေကို သတ်ဖြတ်မှု တားမြစ်တဲ့ ဥပဒေတရပ်ကို ထိုင်ဝမ် လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဥပဒေမှာ မော်တော်ကား၊ ဆိုင်ကယ် တစီးစီးရဲ့ နောက်မှာ အိမ်မွေး တိရစ္ဆာန်တွေကို ကြိုးနဲ့ ဆွဲခေါ်တာမျိုးကိုလည်း တားမြစ်ပါတယ်။

ဒီဥပဒေပြဋ္ဌာန်းထားချက်ကို ချိုးဖောက်သူတွေဟာ ပြင်းထန်တဲ့ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၂ နှစ် ကျခံရမယ့် အပြင် သူတို့နာမည်နဲ့ ဓာတ်ပုံတွေကို အများပြည်သူကို ထုတ်ဖော် ပြသခြင်းခံရပါမယ်။

အခု အရေးယူ ပြဋ္ဌာန်းချက်ဟာ ထိုင်ဝမ်နိုင်ငံမှာ တိရစ္ဆာန် အခွင့်အရေး ကာကွယ်ရေး ဥပဒေတွေကို တိုးတက်ကောင်းမွန်အောင် ပြင်ဆင်လိုက်တဲ့ သဘော ဖြစ်ပါတယ်။   အင်္ဂါနေ့က အခုလို ဖြည့်စွက်လိုက်တဲ့ ဥပဒေဟာ ထိုင်ဝမ်သမိုင်းမှာ တိရစ္ဆာန် ကာကွယ်ရေးဆိုင်ရာ မှတ်ကျောက်တင်မယ့် အချက်ဖြစ်ပြီး အာရှတိုက် တခုလုံးအတွက်လည်း ဒါမျိုး ဥပဒေပြဋ္ဌာန်းတာ ပထမဆုံး ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်တုန်းက ထိုင်ဝမ်မှာ စီးပွားဖြစ် ခွေး၊ ကြောင် စတဲ့ အိမ်မွေ တိရစ္ဆာန်တွေရဲ့ အသားနဲ့ သားရေ တွေကို ရောင်းဝယ်ဖောက်ကားခြင်း ပိတ်ပင်တဲ့ ဥပဒေ အတည်ပြုခဲ့ပါတယ်။  

တချိန်တုန်းကတော့ ထိုင်ဝမ်ကျွန်းနိုင်ငံမှာ ခွေးသားကို ကျယ်ကျယ်ပြန့်ပြန့်စားသုံးလေ့ ရှိခဲ့ပေမယ့် အခုမျက်မှောက်မှာတော့ ခွေးတွေကို မိသားစုဝင် အဖြစ် ရှုမြင်လာကြပါပြီ။

မနှစ်တုန်းက ထိုင်ဝမ် သမ္မတ Tsai Ing-wen ဟာ တာဝန်က အငြိမ်းစားယူထားတဲ့ လမ်းပြခွေး ၃ ကောင်ကို ခေါ်ယူမွေးစားပြီး သူမရဲ့ ကြောင် ၂ ကောင်နဲ့ အတူ အိမ်မှာ မွေးမြူထားခဲ့ပါတယ်။

ထိုင်ဝမ် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလည်း ဖြစ်သူ Tsai Ing-wen ကို အဲဒီအချိန်တုန်းကလည်း လူအများစိတ်ဝင်စားခြင်းခံခဲ့ရပြီး သူမရဲ့ ခွေးတွေ ကြောင်တွေကို ထိုင်ဝမ်ရဲ့ ပထမမိသားစုဝင် အဖြစ် လူထုက ချစ်စနိုးနဲ့ ညွှန်းဆိုကြလေ့ရှိပါတယ်။

#ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment