Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 18, 2017

အသက်အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာတဲ့ မယ်ကမ္ဘာအလှမယ်ဟောင်း


2009 ခုနှစ်မှာ မယ်ကမ္ဘာအလှမယ်သရဖူကို စွတ်ခူးနိုင်ခဲ့တဲ့ Kaiane Lopez အသက် (30)နှစ်ဟာ Gibraltar မြို့တော်ဝန်အဖြစ် အရွေးကောက်ခံခဲ့ရပါတယ်။ သူမရဲ့ အသက်အရွယ်အရ Gibraltar မြို့တော်ဝန်တာဝန်ထမ်းဆောင်ခဲ့
သူတွေထဲမှာတော့ အသက်ငယ်ဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Lopez ဟာ မော်ဒယ်အဖြစ်သာမက နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။Gibraltar မြို့ဟာ ကျွန်းမြို့တော်ဖြစ်ပြီး၊ ဗြိတိန်ကမ်းလွန်ပင်လယ်ပြင်အတွင်းမှာ တည်ရှိပါတယ်။ လူဦးရေး သုံးသောင်းခွဲ နီးပါး အခြေစိုက်နေထိုင်ကြပြီး၊ အင်္ဂလိပ်၊ စပိန် စကားကို အဓိကအသုံးပြုကြပါတယ်။

ဒါပေမယ့် ပိုင်နက်အငြင်းပွားမှု နယ်မြေအတွင်းမှာ ကျရောက်နေဆဲဖြစ်လို့ Gibraltar ကို စပိန်ကလည်း ပိုင်ဆိုင်ဖို့ ခေတ်
အဆက်ဆက်ကတည်းက ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သမိုင်းကို ပြန်ကြည့်ရင်တော့ Gibraltar မြို့ဟာ ဗြိတိသျှ ရေပိုင်နက်အတွင်းမှာ သိမ်းသွင်းခံခဲ့ရတဲ့ စပိန်မြို့တစ်ခုဖြစ်ပြီး၊ 1704 ခုနှစ်မှာ သိမ်းပိုက်ခဲ့တာပါ။ ဒီအတွက် စပိန်တို့က ပြန်လည်ရရှိဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။


နောက်ပြီး Gibraltar မြို့ဟာ ခေတ်အဆက်ဆက် ရေကြောင်းတိုက်ပွဲတွေမှာ အလွန်အရေးပါတဲ့ ခြေကုပ်မြိ့ဖြစ်ပြီး၊ စစ်ရေးအရ အလွန်တန်ဖိုးရှိတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံအငြင်းပွားမှု ပြဿနာဟာ နှစ်ပေါင်း ရာချီကြာမြင့်ခဲ့တဲ့ လိပ်ခဲတည်းလည်း ပြဿနာတစ်ရပ်ပါ။

Lopez ကို ဧပြီလ 4 ရက်နေ့ကတည်းက မြို့တော်ဝန်အဖြစ် တရားဝင် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ သူမက ရုပ်သံအစီစဉ်တစ်ခုနဲ့ တွေ့ဆုံစဉ်မှာ ” ဗြိတိန်လူမျိုး ဖြစ်ရလို့ ဂုဏ်ယူပါတယ် .. Gibraltar အလံကို ဘယ်တော့မှ အပြောင်းလဲခံမှာ မဟုတ်ပါဘူး … “လို့ ပြောခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk
http://www.shwemom.com/former-miss-world-becomes-youngest-ever-gibraltar-mayor/

No comments:

Post a Comment