Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 8, 2017

ဆိုင်​ကယ်​စီးလာသည့်​ အမျိုးသမီးထံမှ ​ရွှေဆွဲကြိုး ဖြုတ်​ယူထွက်​​ပြေးသူအား ရဲတပ်​ဖွဲ့နှင့်​ ပြည်​သူ ပူး​ပေါင်း ဖမ်းဆီးရမိ



ဧပြီ ၇

မန္တ​လေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​၊ ၂၆×၇၈လမ်း​ထောင့်​တွင်​ ဧပြီလ ၇ရက်​​နေ့ မွန်းလွဲ ၃နာရီခွဲ အချိန်​ခန့်​က ဆိုင်​ကယ်​စီးလာသည့် အမျိုးသမီးထံမှ ​ရွှေဆွဲကြိုး ဖြုတ်​ယူထွက်​​ပြေးသူအား တာဝန်​ကျ ယာဉ်​ထိန်းရဲတပ်​ဖွဲ့၊ နယ်​​မြေခံ လှည့်​ကင်း ရဲတပ်​ဖွဲ့နှင့်​ ပြည်​သူ ပူး​ပေါင်းဖမ်းဆီရမိခဲ့သည်​။

ဖြစ်​စဉ်​မှာ ၂၇လမ်း၊ ၇၄×၇၅လမ်းကြား​နေ မလင်းအိအိ​ဇော်​၊ ၂၅နှစ်​သည်​ ​နေအိမ်​မှ ဆိုင်​ကယ်​ဖြင့်​ ၂၆လမ်း၊၇၄×၇၅လမ်းကြားရှိ ဖုန်း Service Center တွင်​ အပ်​ထား​သော ဖုန်းအား တစ်​ဦးတည်း သွား​ရောက်​ယူ​ဆောင်​စဉ်​ ၂၆×၇၇လမ်း​ထောင့်​အ​ရောက်​ ​ဘေးမှ ကပ်လိုက်​လာ​သော အမျိုးသားနှစ်​ဦး​မောင်းနှင်လာ​သော ရုပ်​ဆိုးဆိုင်ကယ်၏ ​နောက်​မှထိုင်​လိုက်​လာသည့်​ အမျိုးသားမှ မလင်းအိအိ​ဇော်​ဆွဲထားသော ၁၄သိန်းခန့်​တန်​ဖိုးရှိ ​ရွှေဆွဲကြိုးနှင့်​ ဆွဲသီးတို့အား ဖြုတ်​ယူ၍ ၂၆လမ်းအတိုင်း အ​ရှေ့သို့ ​မောင်းနှင်​ထွက်​​ပြေးခဲ့သည်​။


မလင်းအိအိ​ဇော်​သည်​ ​ပတ်​ဝန်းကျင်​သို့ အော်​ဟစ်​ အကူအညီ​တောင်းခံကာ ​နောက်​မှ လိုက်​၍ ဆွဲကြိုးဖြုတ်​​ပြေးသူ၏ ဆိုင်​ကယ်​အား ချိတ်တိုက်​စဉ်​ ဆိုင်​ကယ်​​နောက်​မှ ထိုင်​လိုက်​ပါလာသူမှာ ဆိုင်ကယ်ပေါ်မှ ခုန်​ချ၍ ၂၆လမ်းအတိုင်း အ​နောက်​ဖက်​သို့ ထွက်​​ပြေးစဉ်​ ၂၆×၇၈လမ်း​ထောင့်​အ​ရောက်​ တာဝန်​ကျယာဉ်​ထိန်းရဲ၊ လှည့်​ကင်း​ဆောင်​ရွက်​​နေ​သော အမှတ်​(၈)မြို့မရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင် ရဲအုပ်​ထင်​လင်း​ကျော်​နှင့်​ အဖွဲ့၊ ပတ်​ဝန်းကျင်​ရှိ ပြည်​သူများ ပူး​ပေါင်း၍ ဖမ်းဆီးရမိခဲ့ပြီး အမှတ်​(၈)မြို့မရဲစခန်းသို့ ပို့​ဆောင်​ခဲ့သည်​။

ဖမ်းဆီးရမိသူမှာ ​အောင်​​အောင်​(ခ)​အောင်​ကိုမြတ်​၊ ၄၀နှစ်​၊ (ဘ)ဦးခင်​​ဇော်​၊ ကျပန်း၊ ​၁၄လမ်း၊ အုတ်​စက်​ရပ်​၊ ​အောင်​​မြေသာစံမြို့နယ်​​နေသူဖြစ်​ပြီး ဆိုင်​ကယ်​ဖြင့်​ ထွက်​​ပြေးသွားသူမှာ ​နောင်​နောင်​(စိစစ်​ဆဲ)ဖြစ်​​ကြောင်း စစ်​​ဆေး​ဖော်​ထုတ်​ချက်​အရ သိရပြီး ၎င်းတို့နှစ်​ဦးကို အမှတ်​(၈)မြို့မရဲစခန်းမှ (ပ)၁၂၇/၂၀၁၇၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၈၂ဖြင့်​ အမှုဖွင့်​ အ​ရေးယူထားရှိကာ လွတ်​​မြောက်​သူ ​နောင်​​နောင်​အား ဖမ်းဆီးရမိ​ရေး​ဆောင်​ရွက်​ရှိကာ အမှုကွင်းဆက်​များ ​ဖော်​ထုတ်​ စစ်​​ဆေးလျက်​ရှိ​ကြောင်း သိရသည်​။

Ah Lin Nge
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/

No comments:

Post a Comment