Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 7, 2017

Barbus ငါးခုံးမ

 
Barbus ငါးခုံးမ

Cyprinidae မိသားစုထဲက ငါးတမျိုးကို ငါးခုံးမလို့ခေါ်တယ်။ Cyprinus barbus အမျိုးအစားကတွေ့ရတာများတယ်။ မြန်မာ-အင်္ဂလိပ်အဘိဓါန်မှာ Barbus spp လို့ပြန်ဆိုထားတယ်။ 

ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ် မြန်မာစကားပုံရှိတယ်။

စုပေါင်းနာမ်တိုင်းနဲ့ဆိုင်တယ်။ တရပ်တည်းနေသူတွေထဲက တယောက်ယောက်ကြောင့် တရပ်လုံး နာမည်ပျက်တယ်။ တသင်းတဖွဲ့တည်းမှာ အဲလိုလူရှိရင် အသင်းအပင်းပါနာမည်ပျက်တယ်။

အလွှာအတန်းအစားတူထဲမှာလည်း စကားပုံအတိုင်းဖြစ်တယ်။ စစ်တပ်၊ နိုင်ငံရေးပါတီ၊ ဒီမိုကရေစီ၊ လူမျိုးစု။

အသက်မွေးမှုအတူတွေထဲမှာလည်းဖြစ်တယ်။ ဆရာဝန်တဦးကြောင့် ဆရာဝန်လောက နာမည်ပျက်တယ်။ ဘုန်းတော်ကြီးတပါးကြောင့်ဖြစ်ရင် သံဃာသာမက သာသနာကိုပါ ထိခိုက်စေတယ်။

မြန်မာပြည်မှာ ငါးခုံမမျိုးစိတ်တွေကများတယ်။ 

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment