Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 12, 2017

Digital ကင္မရာ အမ်ိဳးအစားမ်ား အေၾကာင္း


By သက္နိုင္ဦး 12 March 2017

လူေတာ္ေတာ္မ်ားမ်ားက ကင္မရာ တလုံး မဝယ္ခင္မွာ ေမးတတ္ၾကတဲ့ ေမးခြန္းက ဘယ္ကင္မရာက အေကာင္းဆုံးလဲ တဲ့။ ဒီေတာ့ ဘယ္ကင္မရာ အေကာင္းဆုံးလဲ၊ ဘယ္လို ကင္မရာ ဝယ္သင့္သလဲ ဆိုတာ မစဥ္းစားခင္ ကင္မရာ အမ်ိဳးအစားေတြ သိထားဖို႔ေတာ့ လိုအပ္တာေပါ့။ အခု ေျပာမွာေတာ့ ေဈးကြက္ထဲမွာ ရွိေနတဲ့ Digital ကင္မရာေတြ အေၾကာင္း ျဖစ္ပါတယ္။

(၁) Digital SLR – သူ႔ကိုေတာ့ Digital Single Lens Reflex ဒါမွမဟုတ္ DSLR အျဖစ္ လူသိမ်ားပါတယ္။ လက္ရွိ ေဈးကြက္ဝင္ေနတဲ့ Digital ကင္မရာေတြထဲမွာ နည္းပညာ အေကာင္းဆုံး ကင္မရာေတြ ပါ။ သိသာတဲ့ အခ်က္က ကင္မရာ အရြယ္အစားေရာ Lens အရြယ္အစားပါ ႀကီးမားတယ္၊ Canon EOS Rebel T6iနဲ႔ Nikon D3400 ေတြက ေဈးကြက္မွာ နာမည္ေက်ာ္ DSLR ေတြပါ။ Auto Modeနဲ႔လည္း ရိုက္နိုင္မယ္၊ Full Manual Modeနဲ႔လည္း ရမယ္၊ Aperture ဦးစားေပး ပုံစံ၊Shutter ဦးစားေပး ပုံစံေတြနဲ႔လည္း ရိုက္ကူးနိုင္မွာပါ။

ထူးသျဖင့္ကေတာ့ Exposure Setting ကို နိုင္နင္းေအာင္ ခ်ိန္ညႇိနိုင္ဖို႔ လိုအပ္တာပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး ရိုက္ကူးမယ့္ ပတ္ဝန္းက်င္ အေပၚ အေျခခံၿပီး Lens ကို လိုအပ္သလို ေျပာင္းလဲ အသုံးျပဳတတ္ရမယ္၊ ေယဘုယ် အေနနဲ႔ 28 mm ရွိတဲ့ Lens ကေန 200mm ရွိတဲ့ Lens ေတြထိေအာင္ တပ္ဆင္ ရိုက္ကူးနိုင္တယ္၊ Zoom လည္း စိတ္ႀကိဳက္ လုပ္နိုင္ဦးမွာ ပါ။ ၿပီးေတာ့ DSLR ေတြနဲ႔ Compact ကင္မရာေတြအၾကား အဓိက ကြဲျပားမွုက Image Sensor ပါ၊ DSLR ေတြရဲ့ Image Sensor က ပိုၿပီး ႐ုပ္ထြက္ ေကာင္းေစပါတယ္။

(၂) Compact Digital Camera – သူ႔ကို Point and Shoot ကင္မရာလို႔လည္း လူသိမ်ားပါတယ္။ နည္းပညာ၊ ေဈးႏွုန္း၊ ဒီဇိုင္း အမ်ားအျပား ေရြးခ်ယ္နိုင္စရာ ထြက္ရွိပါတယ္။ ထူးျခားခ်က္ကေတာ့ Digital စနစ္နဲ႔ ျဖစ္ေပမယ့္ အရြယ္အစား ေသးငယ္တာပဲ ျဖစ္ပါတယ္။ အိတ္ေဆာင္အရြယ္ပဲ ရွိတယ္၊ Zoom က 3X ေလာက္ပဲ ရမယ္၊ အနည္းဆုံး ကင္မရာက 12 MP ကေန အထက္ ထုတ္လုပ္သူ အေပၚ မူတည္ၿပီး ကြဲျပားခ်က္ ရွိမယ္၊ MP အနည္း၊ အမ်ားအေပၚ မူတည္ၿပီး ပုံေကာင္းေတြ ဆိုရင္ ၁၆×၂၀ လက္မ ပုံေတြ ထိေအာင္ ထုတ္ေပးနိုင္မယ္၊ ဒီေန႔ေခတ္မွာေတာ့ Auto စနစ္နဲ႔ လုံး၀ အသုံးျပဳ ရိုက္ကူးနိုင္ေနပါၿပီ။ Landscape, Portrait, Sports နဲ႔ Fireworks လို Mode ေတြလည္း ေရြးခ်ယ္ ရိုက္ကူးနိုင္လာပါတယ္။ Manual နဲ႔လည္း ရိုက္နိုင္ေပမယ့္ အေျခခံ အသုံးေတြေလာက္ပဲ ရပါတယ္။

(၃) Bridge Compact Digital Camera / Super Zoom Camera – သူတို႔ကို နည္းပညာျမင့္ Compact ေတြ အျဖစ္လည္း လူသိမ်ားပါတယ္။ Compact ေတြနဲ႔ ကြဲျပားခ်က္ကေတာ့ Exposure Setting အမ်ားအျပား ခ်ိန္ညႇိ လာနိုင္ျခင္းပဲ ျဖစ္ပါတယ္။ Semi-Auto ပုံစံနဲ႔ ျဖစ္လာတယ္၊ Aperture ဦးစားေပးပုံစံ၊ Shutter ဦးစားေပး ပုံစံနဲ႔ Program အတိုင္း လုပ္ေဆာင္ရိုက္ကူးနိုင္လာျခင္းေတြ ျဖစ္ပါတယ္။ Manual နဲ႔ ရိုက္မယ္ ဆိုရင္ Comapct ေတြထက္ ခ်ိန္ညႇိနိုင္မွု ပိုအားေကာင္းလာပါတယ္။ Zoom အေကာင္းဆုံး ဆြဲယူရိုက္ကူးနိုင္မွု ရွိလာ တယ္၊ Canon Powershot SX530 HS ဆိုရင္ 50X ထိအာင္ Zoom ရတာ ေတြ႕နိုင္ပါတယ္။

DSLRေတြလိုေတာ့ Lens ကို ေျပာင္းလဲ တပ္ဆင္ အသုံးျပဳလို႔ မရပါဘူး။ ကိုယ္ထည္ ဒီဇိုင္းေတြကေတာ့ DSLR ေတြနဲ႔ ဆင္ပါတယ္။ Zoom ေကာင္းေကာင္းဆြဲခ်င္သူနဲ႔ Exposure ခ်ိန္ညႇိနိုင္မွု မ်ားမ်ား လိုခ်င္သူေတြ အတြက္ Bridge ကင္မရာေတြက အေကာင္းဆုံးပါ။

(၄) Compact System Camera / Mirrorless Interchangeable Lens Camera – DSLR ေတြနဲ႔ အရမ္း ဆင္တူပါတယ္၊ Manaul နဲ႔ေရာ Auto နဲ႔ေရာ semi-Auto နဲ႔ပါ အသုံးျပဳ ရိုက္ကူးနိုင္ပါတယ္။ ဒီကင္မရာ စနစ္ကို ထုတ္လုပ္သူ အေပၚ မူတည္ၿပီး တခ်ိဳ႕က Compact System လို႔ပဲ အမည္တပ္ၾက သလို တခ်ိဳ႕က Mirrorless လို႔ ေခၚပါတယ္။ ဒါေပမယ့္ အတူတူပါပဲ။

DSLRေတြလို Lens ကို ေျပာင္းလဲ အသုံးျပဳနိုင္ပါတယ္။ DSLR ေတြနဲ႔ အဓိက ကြဲျပားခ်က္က အခု ကင္မရာေတြ က အရြယ္အစား ေသးငယ္တာပဲ ျဖစ္ပါတယ္။ Compact ကင္မရာေတြေလာက္ပဲ အရြယ္ရွိပါတယ္။ ဒါကလည္း DSLR ေတြလို ျပသ မ်က္ႏွာျပင္စနစ္ ထည့္သြင္း ဖန္တီးျခင္း မရွိတာေၾကာင့္ ပါ။ DSLR ေတြမွာ သုံးတဲ့ Lens ထက္ အရြယ္အစား ေသးငယ္တဲ့ Lens ေတြ သုံုးရပါတယ္။ Image Sensor ေတာ့ ႀကီးပါတယ္၊ DSLR ေတြနဲ႔ ႐ုပ္ထြက္ခ်င္း ဆင္တူနီးပါး ေကာင္းမြန္ေအာင္ ထုတ္ေပးနိုင္ပါတယ္။
https://www.premiumbeat.com/blog/best-mirrorless-cameras-filmmakers-videographers/?utm_source=facebook&utm_medium=post&utm_content=The-Best-Mirrorless-Cameras-for-Filmmakers-and-Videographers&utm_campaign=07-2018-facebook-posts

Ref: easybasicphotography.com
Irrawaddy
..........
Digital ကင်မရာ အမျိုးအစားများ အကြောင်း

    8.4k

By သက်နိုင်ဦး 12 March 2017

လူတော်တော်များများက ကင်မရာ တလုံး မဝယ်ခင်မှာ မေးတတ်ကြတဲ့ မေးခွန်းက ဘယ်ကင်မရာက အကောင်းဆုံးလဲ တဲ့။ ဒီတော့ ဘယ်ကင်မရာ အကောင်းဆုံးလဲ၊ ဘယ်လို ကင်မရာ ဝယ်သင့်သလဲ ဆိုတာ မစဉ်းစားခင် ကင်မရာ အမျိုးအစားတွေ သိထားဖို့တော့ လိုအပ်တာပေါ့။ အခု ပြောမှာတော့ ဈေးကွက်ထဲမှာ ရှိနေတဲ့ Digital ကင်မရာတွေ အကြောင်း ဖြစ်ပါတယ်။

(၁) Digital SLR – သူ့ကိုတော့ Digital Single Lens Reflex ဒါမှမဟုတ် DSLR အဖြစ် လူသိများပါတယ်။ လက်ရှိ ဈေးကွက်ဝင်နေတဲ့ Digital ကင်မရာတွေထဲမှာ နည်းပညာ အကောင်းဆုံး ကင်မရာတွေ ပါ။ သိသာတဲ့ အချက်က ကင်မရာ အရွယ်အစားရော Lens အရွယ်အစားပါ ကြီးမားတယ်၊ Canon EOS Rebel T6iနဲ့ Nikon D3400 တွေက ဈေးကွက်မှာ နာမည်ကျော် DSLR တွေပါ။ Auto Modeနဲ့လည်း ရိုက်နိုင်မယ်၊ Full Manual Modeနဲ့လည်း ရမယ်၊ Aperture ဦးစားပေး ပုံစံ၊Shutter ဦးစားပေး ပုံစံတွေနဲ့လည်း ရိုက်ကူးနိုင်မှာပါ။

ထူးသဖြင့်ကတော့ Exposure Setting ကို နိုင်နင်းအောင် ချိန်ညှိနိုင်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ နောက်ပြီး ရိုက်ကူးမယ့် ပတ်ဝန်းကျင် အပေါ် အခြေခံပြီး Lens ကို လိုအပ်သလို ပြောင်းလဲ အသုံးပြုတတ်ရမယ်၊ ယေဘုယျ အနေနဲ့ 28 mm ရှိတဲ့ Lens ကနေ 200mm ရှိတဲ့ Lens တွေထိအောင် တပ်ဆင် ရိုက်ကူးနိုင်တယ်၊ Zoom လည်း စိတ်ကြိုက် လုပ်နိုင်ဦးမှာ ပါ။ ပြီးတော့ DSLR တွေနဲ့ Compact ကင်မရာတွေအကြား အဓိက ကွဲပြားမှုက Image Sensor ပါ၊ DSLR တွေရဲ့ Image Sensor က ပိုပြီး ရုပ်ထွက် ကောင်းစေပါတယ်။

(၂) Compact Digital Camera – သူ့ကို Point and Shoot ကင်မရာလို့လည်း လူသိများပါတယ်။ နည်းပညာ၊ ဈေးနှုန်း၊ ဒီဇိုင်း အများအပြား ရွေးချယ်နိုင်စရာ ထွက်ရှိပါတယ်။ ထူးခြားချက်ကတော့ Digital စနစ်နဲ့ ဖြစ်ပေမယ့် အရွယ်အစား သေးငယ်တာပဲ ဖြစ်ပါတယ်။ အိတ်ဆောင်အရွယ်ပဲ ရှိတယ်၊ Zoom က 3X လောက်ပဲ ရမယ်၊ အနည်းဆုံး ကင်မရာက 12 MP ကနေ အထက် ထုတ်လုပ်သူ အပေါ် မူတည်ပြီး ကွဲပြားချက် ရှိမယ်၊ MP အနည်း၊ အများအပေါ် မူတည်ပြီး ပုံကောင်းတွေ ဆိုရင် ၁၆×၂၀ လက်မ ပုံတွေ ထိအောင် ထုတ်ပေးနိုင်မယ်၊ ဒီနေ့ခေတ်မှာတော့ Auto စနစ်နဲ့ လုံး၀ အသုံးပြု ရိုက်ကူးနိုင်နေပါပြီ။ Landscape, Portrait, Sports နဲ့ Fireworks လို Mode တွေလည်း ရွေးချယ် ရိုက်ကူးနိုင်လာပါတယ်။ Manual နဲ့လည်း ရိုက်နိုင်ပေမယ့် အခြေခံ အသုံးတွေလောက်ပဲ ရပါတယ်။

(၃) Bridge Compact Digital Camera / Super Zoom Camera – သူတို့ကို နည်းပညာမြင့် Compact တွေ အဖြစ်လည်း လူသိများပါတယ်။ Compact တွေနဲ့ ကွဲပြားချက်ကတော့ Exposure Setting အများအပြား ချိန်ညှိ လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Semi-Auto ပုံစံနဲ့ ဖြစ်လာတယ်၊ Aperture ဦးစားပေးပုံစံ၊ Shutter ဦးစားပေး ပုံစံနဲ့ Program အတိုင်း လုပ်ဆောင်ရိုက်ကူးနိုင်လာခြင်းတွေ ဖြစ်ပါတယ်။ Manual နဲ့ ရိုက်မယ် ဆိုရင် Comapct တွေထက် ချိန်ညှိနိုင်မှု ပိုအားကောင်းလာပါတယ်။ Zoom အကောင်းဆုံး ဆွဲယူရိုက်ကူးနိုင်မှု ရှိလာ တယ်၊ Canon Powershot SX530 HS ဆိုရင် 50X ထိအာင် Zoom ရတာ တွေ့နိုင်ပါတယ်။

DSLRတွေလိုတော့ Lens ကို ပြောင်းလဲ တပ်ဆင် အသုံးပြုလို့ မရပါဘူး။ ကိုယ်ထည် ဒီဇိုင်းတွေကတော့ DSLR တွေနဲ့ ဆင်ပါတယ်။ Zoom ကောင်းကောင်းဆွဲချင်သူနဲ့ Exposure ချိန်ညှိနိုင်မှု များများ လိုချင်သူတွေ အတွက် Bridge ကင်မရာတွေက အကောင်းဆုံးပါ။

(၄) Compact System Camera / Mirrorless Interchangeable Lens Camera – DSLR တွေနဲ့ အရမ်း ဆင်တူပါတယ်၊ Manaul နဲ့ရော Auto နဲ့ရော semi-Auto နဲ့ပါ အသုံးပြု ရိုက်ကူးနိုင်ပါတယ်။ ဒီကင်မရာ စနစ်ကို ထုတ်လုပ်သူ အပေါ် မူတည်ပြီး တချို့က Compact System လို့ပဲ အမည်တပ်ကြ သလို တချို့က Mirrorless လို့ ခေါ်ပါတယ်။ ဒါပေမယ့် အတူတူပါပဲ။

DSLRတွေလို Lens ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ DSLR တွေနဲ့ အဓိက ကွဲပြားချက်က အခု ကင်မရာတွေ က အရွယ်အစား သေးငယ်တာပဲ ဖြစ်ပါတယ်။ Compact ကင်မရာတွေလောက်ပဲ အရွယ်ရှိပါတယ်။ ဒါကလည်း DSLR တွေလို ပြသ မျက်နှာပြင်စနစ် ထည့်သွင်း ဖန်တီးခြင်း မရှိတာကြောင့် ပါ။ DSLR တွေမှာ သုံးတဲ့ Lens ထက် အရွယ်အစား သေးငယ်တဲ့ Lens တွေ သုံုးရပါတယ်။ Image Sensor တော့ ကြီးပါတယ်၊ DSLR တွေနဲ့ ရုပ်ထွက်ချင်း ဆင်တူနီးပါး ကောင်းမွန်အောင် ထုတ်ပေးနိုင်ပါတယ်။

Ref: easybasicphotography.com

No comments:

Post a Comment