Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 25, 2017

ဘင်္ဂလားဒေ့ရှ် လေဆိပ်အနီးတွင် အသေခံဗုံးပေါက်ကွဲမှုဖြစ်ပွား

 အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့သည့် လေဆိပ်အနီး၌ အထူးတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများပြုလုပ်နေစဉ် (ဆင်ဟွာ)
ဒါကာ၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု အနီးတွင် မတ်လ ၂၄ ရက် ညပိုင်းက အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ရာ အသေခံဗုံးခွဲသမားဟုသံသယရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း အရာရှိတစ်ဦးကပြောကြားခဲ့သည်။

အမည်မဖော်လိုသူ ဒါကာမြို့ ရဲအရာရှိက အသက်၂၅နှစ်ခန့်ရှိသော လူငယ်တစ်ဦးသည် ၎င်း၏ အိတ်အတွင်းမှ ဗုံးတစ်လုံးဖြင့် အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူမရှိကြောင်း နှင့် မည်သည့်အဖွဲ့မှ ပြုလုပ်ခြင်းဖြစ်ကြောင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။

မြို့တော် ဒါကာမြို့ရှိ ရာဇဝတ်မှု နှင့် အကြမ်းဖက်မှု နှိမ်နှင်းရေး အထူးတပ်ဖွဲ့ (RAB) ၏ ဋ္ဌာနချုပ်တည်ရှိရာကို ဦးတည်၍ ယခင်အပတ်က အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လေဆိပ်များ နှင့် အကျဉ်းထောင်များအပါအဝင် မဟာဗျူဟာကျသော နေရာများအား အရေးပေါ်တပ်လှန့်ထားခဲ့ကြောင်း သိရသည်။

ဒါကာမြိှု့ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာဇဝတ်မှု နှင့် အကြမ်းဖက်မှု နှိမ်နှင်းရေး အထူးတပ်ဖွဲ့ (RAB) ၏ ဋ္ဌာနချုပ် အား ဦးတည်၍ မတ်လ ၁၇ ရက်က အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် အသေခံဗုံးခွဲသမား သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com

No comments:

Post a Comment