Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 6, 2017

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်တဲ့ အောင်ဝင်းဇော်ကို ရုံးထုတ်



ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်တဲ့ အောင်ဝင်းဇော်ကို ရုံးထုတ်


တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု နဲ့ ပတ်သတ်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အောင်ဝင်းဇော်ကို ချုပ်ရမန်ယူဖို့ဖေဖော်ဝါရီ ၆ရက်နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်ချိန်က မနက်အစောပိုင်း ကတည်းကဖြစ်တယ်လို့ မင်္ဂလာဒုံတရားရုံးက သိရပေမယ့် အချိန်အတိအကျကို ပြောခွင့်မရှိဘူးလို့ တရားရုံးဝန်ထမ်းတစ်ဦးက 5Plus ကိုပြောပါတယ်။ အောင်ဝင်းဇော်ရဲ့ရုံးထုတ်ရမန်ယူတဲ့ သတင်းကို ရယူဖို့ သတင်းမီဒီယာတွေ အများစု လာရောက်စောင့်ဆိုင်းခဲ့ပေမယ့် အောင်ဝင်းဇော် ကို တရားရုံးထုတ်လာတာမတွေ့ခဲ့ရဘူးလို့ သတင်းသမားများကပြောပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ပစ်ခတ်ခဲ့တဲ့ ကြည်လင်းရဲ့ စစ်ဆေး ထွက်ဆိုချက်တွေအရ ပြစ်မှုကျူးလွန်ရာမှာပူးပေါင်းပါဝင်ခဲ့သူ အောင်ဝင်းဇော်ကို ဇန်န၀ါရီလ၃၀ရက်နံနက်ပိုင်းက ကရင်ပြည်နယ် သံလွင်တံတား(ဘားအံ) မှာဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးကသတင်းထုတ်ပြန်ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးတရား လွှတ်တော်ရှေ့နေ ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံလေ့လာရေးခရီးကအပြန် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ဇန်န၀ါရီလ၂၉ရက်ညနေပိုင်းက သေနတ်နဲ့ပစ်ခတ်လုပ်ကြံ ခံခဲ့ရတာပဲဖြစ်ပါတယ်။

5 Plus News
သတင်းထောက် - ခိုင်ဇင်သွယ် (5 PLUS NEWS)

No comments:

Post a Comment