Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 3, 2017

လင်ကွန်း၊ဂန္ဒီ၊အောင်ဆန်း


ဖြစ်စဉ် (၁)

ညနေ အချိန် ၆ နာရီခန့် ညီအကို မသိတသိ အချိန် လောက်တွင် လူတစ်ယောက် သည် အေးဆေးတည်ငြိမ်စွာဖြင့် ပြဇာတ်ရုံ တစ်ခုသို့ ခြင်းကပ်လာပြီး လူရိပ်လူကဲ ကြည့်ကာ တံခါးဖွင့် ပြီး ဝင်လိုက်လေသည်။ဇာတ်ရုံအတွင်းရောက်သည်နှင့် သူရှာနေသောသူအားမျက်လုံးဝှ့ကြည့်လိုက်ပြီး တွေ့သည်နှင့် ဖြည်းဖြည်းခြင်း ချဉ်းကပ်သွားသည်။

သူလိုချင်သည့် အနေအထားရောက်သွား သည်နှင့် အင်္ကျီထဲမှာ ပြစ်စတိုကို ဆွဲထုတ်လိုက်ပြီး သူပစ်ချင်သည့် လူ၏ ဦးခေါင်းအားချိန်ကာ ပစ်ထည့် လိုက်သည်။ ..."ဒိုင်း...." ."ဒိုင်း...." သူ့နှုတ်မှ အော်လိုက်သည်။ တစ်ယောက်မှ မကပ်နဲ့ သေသွားမယ်။ ငါက တောင်ပိုင်းအတွက် ဂလဲ့စားချေလိုက်တာ။ ...."ပြောလဲပြော ဇာတ်ပွဲရုံ ထွက်ပေါက် ဘက်သို့ နောက်ပြန် ခပ်သုတ်သုတ် ဆုတ် ခွာသွားတယ်။

ပြီး တော့ ပြဇာတ်ရုံဝင်ပေါက်၌ ရပ်ထားသော မြင်းပေါ်သို ကမျောသောပါး တက်ပြီး ဒုန်းဆိုင်ထွက် ခွာသွားလေသည်။ ထိုအခါမှ အသံများ ဆူညံစွာ ထွက်ပေါ်လာပြီး ထိုအသံများကား သမ္မတကြီး လင်းကွန်း အသတ်ခံလိုက်ရပီဟေ့ လုပ်ကြပါအုံး လုပ်ကြပါအုံးဟူသော အသံများပေတည်း။

သမ္မတကြီး လင်းကွန်း သည် လူမျိုးရေး အစွန်းရောက် ဂျွန် ဘု ဆိုသူ၏ လုပ်ကြံမှု ဖြင့် အသက်ဆုံးရှုံးခဲ့ရလေသည်။ ဂျွန် ဘု သည် ပြဇာတ် မင်းသားတစ်ဦး ဖြစ်ပြီး အမေရိကန်တောင်ပိုင်းတွင် အထိုက်အလျောက် သြဇာ ရှိသော ပုဂ္ဂိုလ် ဖြစ်သည်။ သူသည် လင်ကွန်း၏ ငွေဝယ်ကျွန်စနစ် တိုက်ဖျက်ရေးကို မုန်းတီးသည်။ လူမည်းများသည် အရိုင်းအစိုင်းများသာဖြစ်၍ ကျွန်အဖြစ်သာ ဆက်ရှိစေချင် သူဖြစ်သည်။ လင်ကွန်း မရှိလျှင် ငွေဝယ်ကျွန်စနစ် ဆက်ရှိနေမည်ကို ယုံကြည်၍ လင်ကွန်းအား အပြတ်ရှင်း ခဲ့ခြင်း ဖြစ်သည်။

သိုသော် လင်ကွန်း မရှိတော့သော်လည်း သူဖြစ်ချင်သလို မဖြစ်ခဲ့။ အမေရိကန်နိုင်ငံဟာ ငွေဝယ်ကျွန် စနစ်ပပျောက်ပြီး အထွန်းကားဆုံး လူတိုင်း တန်းတူ အခွင့်အရေးရှိတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့တယ်။

-------------------

ဖြစ်စဉ် (၂)

အဖိုးအို တစ်ယောက်ဟာ ဘုရားကျောင်းမှာ ဝတ်ပြုဖို့ ခပ်ဖြေဖြေး လမ်းလျောက်လာနေသည်။ ထိုအဖိုးအို၏ ဆန့်ကျင်ဖက် အခြမ်းမှာလဲ လူငယ် တစ်ယောက်ဟာ ခပ်သုတ်သုတ် လမ်းလျောက်လာနေသည်။ လူငယ်သည် အဖိုးအို နှင့် မျက်နှာချင်းဆိုင် တစ်လံမျှ အကွာတွင် လွယ်အိတ်ထဲမှ တစ်စုံတစ်ခုကို ယူ၍ လက်ဆန့်တန်းလိုက်လေသည်။ ခဏ အကြာတွင် သေနတ်သံ "....ဒိုင်း ....ဒိုင်း... ဟုထွက်ပေါ်လာပြီး အဖိုးအိုသည် ရင်ဘတ်ကို ဖိကာ လဲကျသွားလေသည်။

လမ်းဘေး တစ်ဖက်တစ်ချက်မှ လူများလည်း မှောက်ရက် ဝပ်သူဝပ် အကွယ်သို့ ပုန်းရှောင်သူရှောင်နှင့် ဖြစ်ကုန်သည်။ သေနတ်နှင့် ပစ်သော လူငယ်လည်း အဝေးသို့ ထွက်ပြေးသွားပြီး ဒဏ်ရာနှင့် လဲကျနေသော အဘိုးအို အနားသို့ ပြေးကြည့်ကြတော့ မဟတ္တမဂန္ဒီ ကြီးဖြစ်နေသည်။

ဂန္ဒီ ကြီး သည် ထိုဒဏ်ရာဖြင့်ပင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရလေသည်။
ထိုအချိန်တွင် အန္ဒိယ၌ ဟိန္ဒူ မူဆလင် အဓိကရုဏ်း အကြီးအကျယ် ဖြစ်နေလေရာ ဟိန္ဒူ အစွန်းရောက်များက ဂန္ဒီကြောင့် ဟုယူဆကြသည်။ ပြဿနာကား ပါကစ္စတန် နိုင်ငံခွဲထွက်ရေးကို ဂန္ဒီ ကသဘောတူသည်။ ထိုအပြင် ခွဲထွက်သွားသော ပါကစ္စတန်နိုင်ငံအား နိုင်ငံ ဘဏ္ဏာ ၅၅ ကုဋေ ပေးရန် ဂန္ဒီ ကသဘောတူသောကြောင့် ဟုထင်မြင်ယူဆ ကြသောကြောင့် ဖြစ်သည်။

ဂန္ဒီအား လုပ်ကြံသော ဂတ်ဆေးအမည်ရှိ ဟိန္ဒူ အစွန်းရောက် လူငယ်သည် ခွဲထွက်ရေးကို မလိုလား ပါကစ္စတန် နိုင်ငံအား ထောက်ပံခြင်းစသော အထက်ဖော်ပြပါ ကိစ္စများအား အခဲမကြေ သဖြင့် လုပ်ကြံခြင်းဖြစ်သည်။

ဂန္ဒီ လုပ်ကြံမခံရမှီ ၆ လအလိုတွင် တစ်ကြိမ် လုပ်ကြံရသည့် ၁၉၄၈ ခုနှစ် ဇန္နဝါရီလတွင် တစ်ကြိမ် နှစ်ကြိမ်တိတိ ဟိန္ဒူ မူဆလင် အဓိကရုဏ်း အကြီးအကျယ် ဖြစ်သည်။ နှစ်ကြိမ်လုံးတွင် ဂန္ဒီက အစာငတ်ခံ ဆန္ဒပြ သဖြင့် ဟိန္ဒူ မူဆလင် ခေါင်းဆောင်များ ညှိနှိုင်းပြီး ပြေလည်ခြင်းသို့ ရောက်ခဲ့ခြင်းဖြစ်သည်။ နောင်တွင် အခြေအနေက သည့်ထက်ပိုဆိုးပြီး
ပြည်တွင်းစစ်ကြီး ဖြစ်နိုင်သည့် အခြေ အနေကို ဂန္ဒီက မြင်သဖြင့် ခွဲထွက်ခွင့် ပြုလုပ်ခြင်း ဖြစ်ဟန်တူသည်။

လူသတ်သမားက လုပ်ကြုံခြင်းခံခဲ့ရသော်လည်း ဂန္ဒီ၏ ပါကစ္စတန်အား ခွဲထွက်ခွင့်ပေးခြင်းသည် မှန်ခဲ့ပြီး ပြည်တွင်းစစ်ဖြစ်မည့် အခြေအနေကို တားစီးနိုင်ခဲ့သည်။ ထိုအပြင် ယခုအခါ အန္ဒိယ သည် အိုင်တီပညာ၌ အမေရိကန်ပြီးလျှင် ဒုတိယ အင်အားအကြီးနိုင်ငံ အဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။

ဟိန္ဒူ မူဆလင် ချစ်ကြည်ရင်းနှီးစွာ နေထိုင်နေကြတဲ့ အပြင် ဟိန္ဒူအင်အားများတဲ့ နိုင်ငံမှာ သိပ္ပံ ပညာရှင်လည်းဖြစ် မူဆလင်လည်းဖြစ်တဲ့ သမ္မတ အဗ္ဗတူကလမ်ပါ အုပ်ချူပ်ခွင့်ရခဲ့သည်။ သမ္မတ အဗ္ဗတူကလမ်ကြောင့် pokhran II လို့ခေါ်တဲ့ နူကလီယားစမ်းသပ်ချက် အောင်မြင်ပြီး အိမ်နည်းခြင်း မူဆလင် နိုင်ငံဖြစ်တဲ့ ပါကစ္စတန်ရဲ့ နူကလီးယား ခြိမ်းခြောက်မှု အန္တရယ်ကို ဟန့်တားနိုင်ခဲ့ ခြင်းဖြစ်သည်။

--------------------

ဖြစ်စဉ် (၃)
အားလုံးသည့်ကြသည့် အတိုင်း ၁၉၄၇ ခုနှစ် ဇူ လိုင် ၁၉ တွင် ဗိုလ်ချူပ် အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင် ၉ ဦး လုပ်ကြံခံရသည်။

ထိုလုပ်ကြံမှုကို ဂဋ္ဌုန် ဦးစောက လုပ်ကြံခဲ့ခြင်း မှန်သော လည်း မြန်မာပြည်အား လွတ်လပ်ရေး မပေးလိုသော အင်္ဂလိပ် အစိုးရ၏ စနက်က အဓိက ဖြစ်သည်။ ထိုသည်ကို ဗိုလ်တထောင် ဘီအိုစီ (Base Ordnance Depot) ခေါ် ပစ္စည်းသိုလှောင်ရေး တပ်ဖွဲ့ကနေ ဘရင်းဂန်း အလက် ၂၀၀ ကျော် ပျောက်ဆုံးခဲ့မှု နှင့် ဦးစော အိမ်ထဲကနေ ရှာဖွေတွေ့ရှိတဲ့ "ဦးစော Prime Minister"ဆိုတဲ့ ရာဘာတံဆိပ်ဆုံးတွေက သက်သေတွေပဲဖြစ်သည်။

သိုသော် အင်္ဂလိပ်တို့ ထင်သလိုမဖြစ်ပဲ ဦးနုနှင့် ကျန်ခေါင်းဆောင်များ၏ ဆက်လက်ကြိုးပမ်းမှုဖြင့် အင်္ဂလိပ် လက်အောက်မှ မြန်မာပြည်လွတ်လပ်ရေး ရခဲ့သည်။

ထိုဖြစ်စဉ် ၃ ခုကို နှိုင်းယှဉ်ကြည့် လျှင် အကြမ်းဖက် လူသတ်သမားများ၏ အကြံအစီတိုင်းသည် မ အောင်မြင်ခဲ့ခြေ။

ယခုတစ်ကြိမ်တွင် NLD ၏ ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံခံရသည်။ ဦးကိုနီအား ကျန်သည့် ခေါင်းဆောင်ကြီးများနှင့် မနှိုင်းယှဉ်လိုသော်လည်း မြန်မာပြည်၏ အပြောင်းအလဲဖြစ်စဉ်တွင် အရေးပါသူတစ်ဦးဖြစ်သည်။သူသည် ၂၀၀၈ ဖွဲ့စည်းပုံ ကို ကျွမ်းကျင်ပိုင်နိုင်ပြီး သူကြောင့် NLD သည် ရွေးကောက်ပွဲနှင့် အစိုးရဖွဲ့ရေးတွင် များစွာ အထောက်အပံ ဖြစ်ခဲ့သည်။

အကြမ်းဖြင်း သုံးသပ်ရလျှင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေရန်ရည်ရွယ် သည်လည်း ဖြစ်နိုင်သည်။ လက်ရှိအစိုးရလက်ထက်တွင် ရပိုင်ခွင့်များ ဆုံးရှုံးနေသူများက ပြုလုပ်သည်လည်းဖြစ်နိုင်သည်။ နောက်တစ်ချက်က ဆက်ဆံရေး ကောင်းမွန်နေသော NLD အစိုးရနှင့် စစ်တပ်ကို သွေးခွဲ လို၍ ဖြစ်နိုင်သည်။ နောက်ဆုံးတစ်ချက်က နှစ် ၆၀ အတွင်း ပထမဦးဆုံးအကြိမ်ပေါ်ပေါက်လာသော လက်ရှိပြည်သူ့ အစိုးအား သွေးတိုးစမ်းလိုက်ခြင်း ဖြစ်သည်။ ပြည်ထဲရေးသည် လက်ရှိအစိုးရ လက်အောက်တွင် မရှိသေး၍ လုပ်ရကိုင်ရ ခက်နေချိန် ဖြစ်သည်။

သို့သော် ဘာသာရေး သွေးခွဲလိုသော လုပ်ရပ်သည် မအောင်မြင်ပဲ ဦးကိုနီ၏ ဈာပနတွင် မြန်မာ နှင့် မူဆလင် ညီအကိုများ လက်ချင်းတွဲ၍ ညီညွတ်ကြောင်း ပြခဲ့သည်က သက်သေပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သည်လုပ်ရပ်သည် မြန်မာပြည်သူတစ်ယောက်ချင်း၏ လုံခြုံရေးကို ခြိမ်း ခြောက်လိုက်ခြင်းဖြစ်သည်။ လူတိုင်း ဘာသာလူမျိုး မခွဲခြားပဲ နောက်ကြောင်းပြန်လှည့်ချင်သည့် နောက်ကွယ်က လက်မဲကြီးကို ရှာဖို့လိုသည်။

ဖြစ်စဉ် ၃ ခုက ဥပမာ အတိုင်းယခုတစ်ကြိမ်တွင်လည်း အကြမ်းဖက်လုပ်ကြံမှု ရည်ရွယ်ချက် မအောင်မြင်နိုင်ဟု ယုံကြည်သည်။

ကျနော်တို့ ပြည်သူတိုင်း ကျောချင်းကပ်ကာ စည်းလုံးနေသ၍ ကြုံလာသမျှ အခက်အခဲကို အောင်မြင်အောင် ကျော်လွှားနိုင်မည် ဖြစ်ပြီး ကျနော် မျှော်မှန်းသော ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း သိထားသမျှ ဖောက်သည်ချလိုက် ရပါသည်။

ရဲမင်း (4/2/2017)

References
(1) 9 infamous assassins
and the world leaders they dispatched
(2) Wikipedia
(3) Google

(ဝန်ခံချက်။ ဆရာကိုညီ (သရဝဏ် ပြည်) ၏ ဆောင်းပါး တစ်ပုဒ် ဖတ်မိရာက ရေးဖို့ အကြံရခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment