Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 8, 2017

YMCA ခန်းမမှာ ကျင်းပတဲ့"၁၄၉၁ ကြိမ်​​မြောက်​ တမန်​​တော်​​နေ့အထိမ်းအမှတ်​ ဓမ္မသဘင်​အခမ်းအနား "ကန့်ကွက်မှုများကြားမှ ညှိနှိုင်းမှုအရကျင်းပနိုင်ခဲ့ဟုသိရ

 ရန်​ကုန်​၊ ဇန်​နဝါရီ ၈

ရန်ကုန်၊ဗိုလ်​တစ်​​ထောင်​မြို့နယ်​ ၉ရပ်​ကွက်​ ၄၅လမ်း YMCA ခန်းမမှာ " ၁၄၉၁ ကြိမ်​​မြောက်​ တမန်တော်​​နေ့အထိမ်းအမှတ်​ဓမ္မသဘင်​အခမ်းအနား " ဆိုတဲ့ အခမ်းအနားတစ်​ခု ကျင်းပမယ့်​အ​ပေါ် ရန်​ကုန်​မှာရှိတဲ့အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့က ပုဂ္ဂိုလ်တွေလာရောက်ကန့်ကွက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီ့အဖွဲ့ဟာအမျိုသားရေးတက်​ကြွလှုပ်​ရှား
သူ ရဟန်းအချို့နဲ့လူပုဂ္ဂိုလ်​အချို့တို့စု​ပေါင်းထားတဲ့ အမျိုးသား​ရေးညွန့်​​ပေါင်းအဖွဲ့တစ်ခုပါ။

လာကန့်ကွက်သူအရေအတွက်က လူ၁၀၀ ခန့်​ ရှိတယ်လို့သတင်းဖြစ်စဉ်နေရာမှာရှိတဲ့သတင်းထောက်ကသတင်းပေးပို့ပါတယ်။

ကန့်ကွက်သူတွေကဇန်​နဝါရီ ၈ ရက်​​နေ့ ၁၂နာရီဝန်းကျင်​အချိန်​က YMCA ခန်းမအနီးကို လာ​ရောက်​ကန့်​ကွက်​ခဲ့ကြတာဖြစ်​ပြီး ပွဲစီစဉ်​သူများ၊ကန့်​ကွက်​သူများ၊မြို့နယ်​သံဃနာယကအဖွဲ့ဝင်​များ၊အ​ထွေ​ထွေအုပ်​ချုပ်​​ရေးအဖွဲ့ဝင်​များက ၁၂နာရီခွဲခန့်​အချိန်​မှာ ညှိနှိုင်းခဲ့ကြပြီး လာ​ရောက်​ကန့်​ကွက်​သူများထဲမှ ကိုယ်​စားလှယ်​(၅)ဦးကို ပွဲကျင်းပရာအတွင်းကို ဝင်​ခွင့်​ပြုခဲ့ကာ အခမ်းအနားကိုနာရီဝက်​သာ ကျင်းပခဲ့ကြပါတယ်​။ဒါ့အပြင်​ အခမ်းအနားကိုလာ​ရောက်​သူအားလုံးကို ပွဲအတွင်းသို့ ဝင်​ခွင့်​မပြုခဲ့ပါဘူး။

ဒီပွဲကျင်းပဖို့ကိုတိုင်းအစိုးရကခွင့်ပြုပေးခဲ့တာပါ။

ဗိုလ်​တ​ထောင်​မြို့နယ်​မှူး ရဲမှူးကိုကိုဦးက" မလိုအပ်​တဲ့ကိစ္စ​တွေ ဖြစ်​မှာစိုးလို့ ကျွန်​​တော်​တို့လုံခြုံ​ရေး
တာဝန်​ယူ​ပေးခဲ့ပါတယိ ငြိမ်းငြိမ်းချမ်းချမ်းပဲပြီးသွားပါတယ်​" လို့​ပြောပါတယ်​။

သတင်း၊ဓာတ်​ပုံ-ဖြိုးထက်​​အောင်
Popular 8.1.2017




No comments:

Post a Comment