Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 31, 2017

ပိုက်ဆံရှာကြသူများ


----------
"သားတွေ သမီးတွေနဲ့ ခရီးထွက်ရအောင် ယောက်ျားရေ"

"နောက်မှ ဒီ့ထက်ကောင်းတဲ့နေရာကို ထွက်မယ်။ လောလောဆယ် ငွေရှာလိုက်ဦးမယ် မိန်းမရာ"
----------
"ကလေးတွေ ခြံနဲ့ဝန်းနဲ့ ဆော့ရအောင် ရှိတဲ့ငွေလေးနဲ့ မြို့စွန်ဘက်မှာ ခြံတစ်လုံးဝယ်ပြီးသွားနေရအောင် ယောက်ျားရေ"

"နောက်မှ ဒီ့ထက်ကောင်းတဲ့အိမ်ကို ဝယ်မယ်။ လောလောဆယ် ငွေရှာလိုက်ဦးမယ် မိန်းမရာ"
----------
"ကလေးတွေခေါ်ပြီး ညစာကို ဆိုင်ကောင်းကောင်းတစ်ခုမှာ သွားစားရအောင် ယောက်ျားရေ။"

"နောက်မှ ဒီ့ထက်ကောင်းတဲ့အစာကို စားမယ်။ လောလောဆယ် ငွေရှာလိုက်ဦးမယ် မိန်းမရာ။ မင်းလဲ ငွေဖြုန်းဖို့ချည်း စဉ်းစားနေတယ်။ နောင်ရေးအတွက် စုပါ ဆောင်းပါဟ!"
----------
၁၀ နှစ်ကြာသော်...

"သားနဲ့သမီးတို့ရေ... ဖေဖေတို့ မိသားစု အပန်းဖြေ ခရီးထွက်ရအောင်!"

"သမီး မအားဘူးဖေဖေ...။ ကျောင်းပိတ်ရက် သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုး ဘုရားဖူးဖို့ အားလုံးလုပ်ပြီးနေပြီ။"

"သားလည်း မအားဘူး ဖေဖေ...။ သားဘော်ဒါတွေနဲ့ ချောင်းသာ သွားဖို့ စီစဉ်ပြီးသား။ ဖေဖေတို့ ကိုယ့်ဘာသာ ကိုယ် သွားကြပါဗျာ။"
----------
"မိန်းမရေ... တို့မိသားစု နေဖို့ အိမ်ကောင်းကောင်းဝယ်ကြစို့ကွာ"

"ဝယ်မနေပါနဲ့တော့ရှင်...။ သားကြီးက နောက်နှစ်မင်္ဂလာ ဆောင်တော့မှာ။ သမီးကြီးလည်း ဘာထူးလို့လဲ။ လပိုင်းပဲ ကွာမှာလေ။ သူတို့ အတွက်ပဲ အိမ်နှစ်လုံး ဝယ်လက်ဖွဲ့ လိုက်တော့။ ကျွန်မနဲ့ ရှင်နဲ့က ဘယ်နေနေ... ရတာပဲ။"
----------
"ဟယ်လို... သားလား။ ဒီည တစ်နေရာရာ သွားစားကြရအောင်။ ဖေဖေတို့မိသားစုလည်း မဆုံတာကြာပြီဆိုတော့..."

"ဟာ... အဖေ သားက အခု နယ်စပ်ကို ရောက်နေတာ။ သုံးလေး လ လောက်ကြာမယ် အဖေရ။ မမကိုပဲ ခေါ်ပြီး လက်ဆုံစားလိုက်ပါ။"

"အော်... အေးပါ။ သား အစ်မဆီခေါ်တော့လည်း သူ့ ယောက်ျားနဲ့ နိုင်ငံခြား ရောက်နေတယ် ဆိုတာနဲ့..။ အေးပါ သားရယ်... နောက်မှပေါ့။ ဘယ်တတ်နိုင်မလဲ..."
----------
(၁) ကလေးတွေ အသက်ငယ်တုန်း ကိုယ့်အနားနေချိန်ကို မိဘတွေ ကောင်းကောင်း အသုံးချပါ။

(၂) ကိုယ်နဲ့တူတူ ဖြတ်သန်းတဲ့ ပျော်ရွှင်စရာ အချိန်တွေအဖြစ် ဖန်တီးပါ။

(၃) နောင်တစ်ချိန် အရွယ်ရောက်လာလို့ ဆိုင်ရာ အသိုင်းအဝိုင်းတွေ ပေါ်လာတဲ့အခါ သူတို့ရော မိဘတွေပါ နောင်တရ မကျန်နေစေဖို့ အရေးကြီးပါတယ်။

- credit to
မှတ်စုကြမ်း #kyawnge

No comments:

Post a Comment