Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 23, 2017

ရှစ်ဦး သေဆုံးခဲ့သော ဘုရားဖူးယာဉ်ကို အသက်ရှင်သူက မောင်းနှင်ဟု ဝန်ခံ


တောင်ငူ၊ ဇန်နဝါရီ၂၁

ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၄ နှင့်၂ ဖာလုံအနီးတွင် ဘုရားဖူးပြန်လာသူ ရှစ်ဦး မီးလောင် သေဆုံးခဲ့သော ဘုရားဖူးယာဉ်ကို တစ်ဦးတည်း အသက်ရှင် ကျန်ရစ်ခဲ့သူ အမျိုးသားက မောင်းနှင်ခဲ့ဟု ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှုခင်းဌာနမှ ရဲမှူးရန်နောင်ဝင်းက ပြောကြားသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်က Hiace အမျိုးအစား အံစာတုံးယာဉ်ကို မောင်းနှင်သူမှာ ကုမ္ပဏီပိုင်ရှင် ဦးဝင်းထွန်း မောင်းနှင်သည်ဟု အသက်ရှင်လွတ်မြောက်လာသူက ထွက်ဆိုခဲ့သော်လည်း ယာဉ်နှင့် မျက်မြင်သက်သေများကို တိုက်ဆိုင်စစ်ဆေးရာတွင် အသက်ရှင်ကျန်ခဲ့သော အသက် ၂၅ နှစ်အရွယ် ကိုအောင်ခန့်က ဘောနတ်ကြီး ယာဉ်ရပ်နားစခန်း အထွက်တွင် မောင်းနှင်ခဲ့သည်ကို သိရှိရကြောင်း၊ ယနေ့ (ဇန်နဝါရီလ ၂၃ ရက်) မွန်းလွဲပိုင်းတွင် ၎င်းကိုယ်တိုင် ဝန်ခံ ထွက်ဆိုခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သော အမျိုးသားမှာ   ပုဂံဘုရားဖူးပြန်လာသော ၎င်းအပါအဝင် ကိုးဦး လိုက်ပါလာသော Hiae ယာဉ် အန်စာတုံးပုံကို မော်တော်ယာဉ် မီးလောင်မှုဖြစ်ရာ နေရာနှင့် ၃၄ မိုင် ကွာဝေးသော ဘောနတ်ကြီး ယာဉ်ရပ်နားစခန်း အထွက်တွင် မောင်းနှင်ခဲ့ကြောင်းကို ယာဉ်မီးလောင်မှု ဖြစ်ပွားပြီး နှစ်ရက်အကြာတွင် ရဲစခန်း၌ ဝန်ခံခဲ့သည်။

အဆိုပါ ယာဉ်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲက ပဲခူးဘက်မှ ရန်ကုန်သို့ အမြန်းလမ်းပေါ်အတိုင်း မောင်းနှင်လာစဉ် မိုင်တိုင် ၄ မိုင်နှင့် ၂ ဖာလုံ၌ မော်တော်ယာဉ်ရှေ့ဘီးပေါက်ကာ လမ်းဘေးရှိ အလူမီနီယံတန်းများကို  ဝင်တိုက်ကာ ဆီတိုင်ကီ ပေါက်ကွဲ မီးလောင်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် အမျိုးသား အပါအဝင် ဝန်ထမ်း အမျိုးသမီး ရှစ်ဦး သေဆုံးခဲ့သည်။

မော်တော်ယာဉ် မီးလောင်ပြီး လူသေဆုံးမှုကြောင့် အသက်ရှင်ခဲ့သော ကိုအောင်ခန့်ကို အမှတ် ၃ လမ်းဆုံ အမြန်လမ်း ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း အမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ မော်တော်ယာဉ်မီးလောင်ပြီး လိုက်ပါလာသူများ သေဆုံးမှုမှာ မသင်္ကာဖွယ်ရာ အချက်အလက်များ မြင်တွေ့ရသောကြောင့် အမှုမှန် ပေါ်ပေါက်ရေးကို အစွမ်းကုန် ကြိုးစား ဖော်ထုတ်သွားမည် ဖြစ်ကြောင်း၊ ကားမီးလောင်မှုတွင် အသက် ဆုံးပါးခဲ့သော အမျိုးသမီး၏ ခင်ပွန်း ဦးအောင်ကိုဦးက လူမှုကွန်ရက် စာမျက်နှာတွင် ဗီဒီယိုရိုက်ကူးကာ တင်ပြထားသည်။
The Voice

No comments:

Post a Comment