Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 10, 2017

အင်းရှည်ဆရာတော်ဘဒ္ဒန္တ၀ိဇာန ပျံလွန်တော်မူ


ဇန်န၀ါရီ - ၁၀ - ၂၀၁၇
သတင်း - ကရင်အမျိုးသားမီဒီယာ
ဓာတ်ပုံ - ဗိုလ်အယ်ထီး (KNLA)

ကရင်တော်လှန်ရေးနယ်မြေမှာဘုန်းကြီးရမ်ဘိုအဖြစ်ထင်းရှားခဲ့တဲ့ အင်းရှည်ဆရာတော်ဘဒ္ဒန္တ၀ိဇာန သက်တော် (၇၅) ၀ါတော် (၅၆) သည် မနေ့ကညနေ ၅ နာရီကျော်မှာ မော်လမြိုင်မြို့ မှာ ပျံလွန်တော်မူသွားတဲ့အတွက် ရပ်နီးရပ်ဝေးက ဒါယာယဒါယိကာများကိုသိစေအပ်ပါတယ်။

ဆရာတော်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတချိန်က မီဒီယာများကို ပြောကြားခဲ့တဲ့ အမှတ်တရစကားကို (အမှတ်တရ) အနေနှင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

" ငြိမ်းချမ်းရေးရှိတဲ့သူဆီမှာ ငြိမ်းချမ်းရေးကိုတောင်းရတယ်
ဝက်သားစားချင်ရင်တရုတ်ဆီမှာတောင်းရတယ်
ဝက်သားမစားတဲ့လူဆီမှာတောင်းလို့မရဘူး "

ဆိုတာပါဘဲ။

ဒီစကားကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မဲဆောက်တောရကျောင်းမှာကျင်းပတဲ့ ဗုဒ္ဒါဘိသေကပွဲမှာ မဲဆောက်အခြေစိုက် မြန်မာသတင်းဌာနတွေက (မီဒီယာ) သမားတွေကို ဆရာတော်ကမိန့်ကြားခဲ့တာဖြစ်ပါတယ်။

အဂ္ဃိဈာပနပြုလုပ်မည့်နေ့။

ဆရာတော်၏ အဂ္ဃိဈာပနကို ယခုလ ၁၆ ရက်နေ့တွင် မော်လမြိုင်မြို့ ၌ပြု လုပ်မည်ဖြစ်ပြီး မွန်းလွဲ ၁ နာရီအချိန်တွင် မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းရှိသုဿ န်တွင် မီးင်္သဂြို လ်မည်ဖြစ်သည်။
ကရင်အမျိုးသား မီဒီယာ

No comments:

Post a Comment