Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 3, 2017

"ဇနီးနဲ႕ သမီးေတြရဲ႕ လုံၿခဳံေရးအတြက္ စိတ္ပူမိတယ္" ဆိုတဲ့ လြင္မိုး...!

 သ႐ုပ္ေဆာင္လြင္မိုးက ဟိုတယ္ေဆာက္ရန္ က်ိဳက္ထိုတြင္ ေျမကြက္တစ္ကြက္ဝယ္ခဲ့ၿပီး ယခုအခါ ၄င္းေျမကြက္နဲ႕ ပတ္သက္ၿပီး အရႈပ္ရွင္းေတြကိုလည္းရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။ ဒီကိစၥနဲ႕ပတ္သတ္ၿပီး လြင္မိုးက ဇန္နဝါရီလႏွစ္ရက္ေန႕မွာ သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

ကိုေက်ာ္သူရလွိုင္ ပိုင္ဆိုင္တဲ့ ေျမေနရာကို သ႐ုပ္ေဆာင္ လြင္မိုးက ေငြက်ပ္ သိန္း ၃,၉၅၀ ဝယ္ယူထားတာ ျဖစ္ေသာ္လည္း ၾကားထဲတြင္ ေနာက္ထပ္ လူတစ္ဦးျဖစ္တဲ့ ကိုေအာင္စိုးသူဟာ ေပၚလာကာ ယင္းၿခံကို ပိုင္ဆိုင္ေၾကာင္း ေျပာဆိုလာတယ္လို႔ သိရပါတယ္။ ယင္းကိစၥေတြနဲ႕ ပတ္သက္ၿပီး ၿခံပိုင္ရွင္ ကိုေက်ာ္သူရလွိုင္က ေျဖရွင္းေပးထားေသာ္လည္း လြင္မိုး ျပည္ပသို႔သြားေနခ်ိန္မွာကိုေအာင္စိုးသူဆိုတဲ့သူကၿခံမ်ားဝင္ခက္သြားၿပီး ျဖစ္လာတဲ့
 ျပႆနာေတြကိုလည္း လြင္မိုးကို ေခါင္းတည္ကာ ေျပာဆိုေနတယ္လို႔သိရပါတယ္။


press conference of actor lwin moe

ျဖစ္ပြားခဲ့တဲ့ ျပႆ နာေတြနဲ႕ ပတ္သက္ၿပီး လြင္မိုးက "ဒီၿခံဟာ သူပိုင္ဆိုင္ေၾကာင္း ထို ျခံ ပိုင္ဆိုင္မႈနဲ႕ပတ္သက္ၿပီး ကြၽန္ေတာ္ကိုလာေရာက္ ရွင္းလင္းပါရန္ ဆိုတဲ့ အေၾကာင္းၾကားစာ ေရာက္လာ ပါတယ္။ဆိုးတာက စာရဲ႕ ေအာက္ဆုံးမွာ ဦးေစာေနဗလူ KNUလက္နက္နဲ႕ ၿငိမ္းခ်မ္းေရး အဖြဲ႕ ပါလာတာမို႔ ကြၽန္ေတာ္ ကိုေက်ာ္သူရလွိုင္ ကိုေျပာတဲ့ အခါ သူက ေျဖးရွင္း ေပးနိုင္ေၾကာင္းဆိုပါတယ္ ။ ကြၽန္ေတာ္ဘက္က သူတို႔ကို ကိုယ့္ထိလက္ေရာက္ ဘာတစ္ခုမွာ မလုပ္ခဲ့ပါဘူး။ ျပန္ေပး ဆြဲဆိုတာေတြလဲ မလုပ္ခဲ့ပါဘူး ။ ကြၽန္ေတာ္ BGF(နယ္ျခားေစာင့္တပ္ )နဲ႕ ပူးေပါင္းၿပီးလဲ ဘာမွာ မလုပ္ခဲ့ပါဘူး ။ အခုလို စြတ္ဆြဲခ်က္ေတြ နဲ႕ပတ္သက္ၿပီး သူတို႔ဘက္က တရားစြဲတိုင္ၾကားထားတာေတြရွိပါတယ္။ ျပည္နယ္အလိုက္ ၿမိဳ႕အလိုက္ ဆက္သြယ္ေရး႐ုံးေတြလည္း ေမးျမန္းနိုင္ပါတယ္ " လို႔ လြင္မိုးက ေျပာျပထားပါတယ္။

သ႐ုပ္ေဆာင္ လြင္မိုးဟာ ဒီကိစၥနဲ႕ပတ္သတ္ၿပီး အေတာ္ေလးစိတ္ရႈပ္ေနရသလို ဇနီးနဲ႕ သားသမီးေတြရဲ႕ အသက္အႏၲရာယ္ကိုလည္း စိုးရိမ္မိတယ္လို႔ ဆိုပါတယ္………။

Credit:Myanmarload





#Unicode Version
သရုပ်ဆောင်လွင်မိုးက ဟိုတယ်ဆောက်ရန် ကျိုက်ထိုတွင် မြေကွက်တစ်ကွက်ဝယ်ခဲ့ပြီး ယခုအခါ ၎င်းမြေကွက်နဲ့ ပတ်သက်ပြီး အရှုပ်ရှင်းတွေကိုလည်း

ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး လွင်မိုးက ဇန်နဝါရီလနှစ်ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကိုကျော်သူရလှိုင် ပိုင်ဆိုင်တဲ့ မြေနေရာကို သရုပ်ဆောင် လွင်မိုးက ငွေကျပ် သိန်း ၃,၉၅၀ ဝယ်ယူထားတာ ဖြစ်သော်လည်း ကြားထဲတွင် နောက်ထပ် လူတစ်ဦးဖြစ်တဲ့ ကိုအောင်စိုးသူဟာ ပေါ်လာကာ ယင်းခြံကို ပိုင်ဆိုင်ကြောင်း ပြောဆိုလာတယ်လို့ သိရပါတယ်။ ယင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ခြံပိုင်ရှင် ကိုကျော်သူရလှိုင်က ဖြေရှင်းပေးထားသော်လည်း လွင်မိုး ပြည်ပသို့ သွားနေချိန်မှာ ကိုအောင်စိုးသူဆိုတဲ့ သူက ခြံများ ဝင်ခက်သွားပြီး ဖြစ်လာတဲ့ ပြဿနာတွေကိုလည်း လွင်မိုးကို ခေါင်းတည်ကာ ပြောဆိုနေတယ်လို့သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပြဿ နာတွေနဲ့ ပတ်သက်ပြီး လွင်မိုးက "ဒီခြံဟာ သူပိုင်ဆိုင်ကြောင်း ထို ခြံ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်ကိုလာရောက် ရှင်းလင်းပါရန် ဆိုတဲ့ အကြောင်းကြားစာ ရောက်လာ ပါတယ်။ဆိုးတာက စာရဲ့ အောက်ဆုံးမှာ ဦးစောနေဗလူ KNUလက်နက်နဲ့ ငြိမ်းချမ်းရေး အဖွဲ့ ပါလာတာမို့ ကျွန်တော် ကိုကျော်သူရလှိုင် ကိုပြောတဲ့ အခါ သူက ဖြေးရှင်း ပေးနိုင်ကြောင်းဆိုပါတယ် ။ ကျွန်တော်ဘက်က သူတို့ကို ကိုယ့်ထိလက်ရောက် ဘာတစ်ခုမှာ မလုပ်ခဲ့ပါဘူး။ ပြန်ပေး ဆွဲဆိုတာတွေလဲ မလုပ်ခဲ့ပါဘူး ။ ကျွန်တော် BGF(နယ်ခြားစောင့်တပ် )နဲ့ ပူးပေါင်းပြီးလဲ ဘာမှာ မလုပ်ခဲ့ပါဘူး ။ အခုလို စွတ်ဆွဲချက်တွေ နဲ့ပတ်သက်ပြီး သူတို့ဘက်က တရားစွဲတိုင်ကြားထားတာတွေရှိပါတယ်။ ပြည်နယ်အလိုက် မြို့အလိုက် ဆက်သွယ်ရေးရုံးတွေလည်း မေးမြန်းနိုင်ပါတယ် " လို့ လွင်မိုးက ပြောပြထားပါတယ်။

သရုပ်ဆောင် လွင်မိုးဟာ ဒီကိစ္စနဲ့ပတ်သတ်ပြီး အတော်လေးစိတ်ရှုပ်နေရသလို ဇနီးနဲ့ သားသမီးတွေရဲ့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်မိတယ်လို့ ဆိုပါတယ်………။


Credit:Myanmarload

No comments:

Post a Comment