Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 23, 2017

လမ်းဘေးက ဆေးသမား ဘဝမှ မီလီယံနာ အဖြစ်သို့


ဘားရန့် ဆိုတဲ့ လူငယ်တစ်ယောက်ဟာ သူကိုယ်သူ သေလူအဖြစ် သတ်မှတ်ထားလိုက်တယ်။ သူ့ရဲ့  ပန်းနာ ရင်ကြပ် ရောဂါ ကြီးက သူ့ကို အကြိမ်ကြိမ် နှိပ်စက်နေပြီ။ သူ့ အဆုတ်ဟာ ဆီမရှိတဲ့ အင်ဂျင်လို အရမ်း ခြောက်ကပ်နေပြီလို့ ခံစားနေရတယ်။ သူ့ ကိုယ်သူနောက်ဆုံး မှတ်မိလိုက်တာက ဆေးရုံပေါ်မှာ သူ့ကုတင်ကို ဆေးရုံ ဝန်ထမ်းတွေက အသဲအသန် အရေးပေါ်ခန်းဆီသို့ တွန်းသွားတဲ့ အသံတွေ။

သူ ၁၅ ရက်လောက် မေ့မျောနေခဲ့ပြီး ပေါင် ၄၀ လောက် ဝိတ်ကျသွားတယ်။ သူပြန်သတိရလာတော့ နှစ်ပတ်လောက် စကား မပြောနိုင်တော့ဘူး။ အဲဒီတော့မှ ဘဝမှာ ပထမဦးဆုံး အကြိမ် သူ့ကိုယ်သူ ပြန်စဉ်စား ဖြစ်တယ်။ ငါဟာ အခုမှ အသက် ၂၀ ကျော်ကျော်လေးပဲ ရှိသေးတယ် ဘဝ ဆုံးမတတ် ဖြစ်ခဲ့ရပြီ။ သေမလောက်အောင် ခံရတဲ့ ရောဂါတွေလည်း ရခဲ့ရတယ်လို့ ကိုယ်ဘဝ အကြောင်း ကိုယ်ပြန်စဉ်းစားမိတယ်။

တကယ်တော့ ပန်းနာ ရင်ကြပ် ရောဂါက သူ့မွေးရာပါ ရောဂါလို့ ပြောလို့ရတယ်။ ဒီရောဂါကြောင့် ဆေးရုံကို အခေါက်ပေါင်းများစွာ သွားခဲ့ရပြီး ဆေးရုံက လူတွေနဲ့တောင် ကောင်းကောင်း ရင်းနှီးနေပီ။ ဘားရန့်ဟာ မွေးရာပါ ရောဂါပေါင်းစုံ ရှိတဲ့ အတွက် တခြားခလေးငယ်တွေ ဆော့တဲ့ စကိတ်စီးခြင်း ဟော်ကီစီးခြင်း စတဲ့ ကစားနည်းတွေ ဆော့ခွင့်မရခဲ့ပါဘူး။

သူ့အသက် ၁၀ နှစ် အရွယ်မှာ မိဘနှစ်ပါးက ကွားရှင်းခဲ့ကြတယ်။ မိဘ အုပ်ထိမ်းမှု့ ကောင်းကောင်း မရှိတော့တဲ့ ဘားရန့်ဟာ ဆေးလိပ်သောက်တယ် ။ နောက်အရက် ပြီးတော့ မူးယစ်ဆေးဝါးပါ စွဲခဲ့ရတယ်။ တစ်နေ့ကို ဆေးလိပ် အလိပ်ပေါင်း ၃၀ လောက် သောက်တဲ့အထိပါ အကျင့်ပါခဲ့တယ်။

သူကျောင်းပါထွက်ခဲ့ရပြီး ဝမ်းစာ အတွက် အခိျန်ပိုင်း အလုပ် တစ်ခုပြီး တစ်ခု ပြောင်းလုပ်ခဲ့ရတယ်။ ငွေမရှိလို့ လမ်းဘေးမှာ အိပ်ခဲ့ရတဲ့ အကြိမ်လဲ မနည်းဘူး။ ဒီလို ဆေးလိပ် အရက် မူးယစ်ဆေးဝါးတွေ သုံးဆွဲမှုကြောင့် သူ့ ကျမ်းမာရေးဟာ ဆိုးရွား သထက် ဆိုးရွားလာတာပေါ့။

သူဟာ သူ့ကျမ်းမာရေးကို အလုံးစုံပစ်ထားခဲ့ပြီး ထင်သလိုနေခဲ့ လုပ်ချင်ရာတွေ ဇွတ်လုပ်ပြီး နေခဲ့တာ ဆေးရုံပေါ် ရောက်တဲ့ အထိပေါ့။ သူ ခန္ဓာကိုယ်ကလည်း မခံစားနိုင်အောင်ကို အရမ်းကို ပင်ပန်းနွမ်းနယ်နေပြီ။ သူကိုယ်သူ ပြန်ပြောလိုက်တယ်။ တော်ပြီ ဒါဟာ နောက်ဆုံး အကြိမ်ပဲ။ ငါဘဝ ကို အသစ်ကပြန်စမယ်ဆိုပြီး သံဒိဋ္ဌာန်ချလိုက်တယ်။ ငါ့ဘဝမှာ ဒါမျိုးနောက်တစ်ကြိမ် မဖြစ်စေရတော့ဘူး ဆိုပြီးတော့ပေါ့။

ဘားရန့်ဟာ ဆေးရုံက ဆင်းဆင်းခြင်း fitness သင်တန်းတွေစတက်တယ်။ သူဟာ fitness သင်တန်း ၁၂ ခုလောက် တက်ပြီးတဲ့ အချိန်မှာ တော်တော် ကျမ်းမာလာပြီ။ ၃ နှစ်ကြာတဲ့ အချိန်မှာ fitness သင်တန်းဆရာ ဖြစ်လာပြီး ၅ နှစ်ကြာတဲ့ အချိန်မှာ အမျိုးသား fitness ပြိင်ပွဲမှာ ချန်ပီယံ ဖြစ်လာတယ်။ ဒီကြားထဲမှာ သူဟာ ကျောင်းပြန်တက်ပြီး အထက်တန်း ပညာ ပြီးဆုံးအောင် သင်ခဲ့တယ်။ နောက် အထက်တန်းအောင်တော့ တက္ကသိုလ် ဆက်တက်ခဲ့တယ်။

ကျောင်းပြီးတော့ သူငယ်ချင်းတစ်ယောက်နဲ့ ဖက်စပ် စီးပွားရေးတစ်ခုထောင်တယ်။ ကုမ္ပဏီ စထောင် သူအပါအဝင် ဝန်ထမ်း ၄ ယောက်ပဲ ရှိတယ်။ အခုတော့ အဲဒီ Typhoon Sportswear ကုမ္ပဏီ ဟာ မီလီယံ ပေါင်းများစွာတန်တဲ့ ကုမ္ပဏီ ဖြစ်နေပြီ။

သူ့တို့ရဲ့  အဓိက ဖောက်သည်တွေက Nike တို့လို ကုမ္ပဏီကြီးတွေ ဖြစ်ပြီး ဘားရန့် ဟာလည်း မီလီယံနာ တစ်ယောက် ဖြစ်လာခဲ့တာပေါ့။ ဘားရန့် ဟာ သေမလိုဖြစ်နေတဲ့ ဆေးသမား ဘဝကနေ မီလီယံနာ ဖြစ်လာခဲ့တယ်..။

ဘာကြောင့်လဲ ဒီလိုဖြစ်လာခဲ့တာလဲ...။ အဓိက က မကောင်းတဲ့ အကျင့် habit တွေအစား ကောင်းတဲ့ habit တွေ အစားထိုးလိုက်လို့ပါ။
Your habit will determine your future တဲ့ မင်းရဲ့  အလေ့အကျင့်တွေက မင်းရဲ့  အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ အဆုံး အဖြတ် ပေးသွားလိမ့်မယ်တဲ့။ အရမ်းမှန်တဲ့ စကားပါ။

ကောင်းမွန်တဲ့ ဘဝရဖို့ဆိုတာ သူ့အလိုလို ဖြစ်လာတာမဟုတ်ပါဘူး..။ နေ့စဉ်ပြုလုပ်တဲ့ ကိုယ့်ရဲ့  အလေ့အကျင့်တွေပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာတာပါ။ ဥပမာ ကျမ်းမာရေအတွက် မသင့်တော်တဲ့ အစားအသောက်တွေ နေ့စဉ်စားမယ်။ ကိုယ့်လက်လေ့ကျင့်ခန်း ပုံမှန်မလုပ်ဘူးဆိုရင် တချိန်မှာ ကိုယ့်ကျမ်းမာရေး ဆိုးရွားစွာ ထိခိုက်လာမှာပါ။

ကိုယ်က အစားအသောက် သင့်တော်အောင်စားမယ် ပုံမှန် လေ့ကျင့်ခန်းလုပ်မယ် ဆိုရင် ဂရုမစိုက်တဲ့ လူလို ဆိုးဆိုးရွားရွား ကျမ်းမာရေး မထိခိုက်နိုင်ပါဘူး။ အလေ့အကျင့် ကောင်းဆိုတာ တဖြေးဖြေးနဲ့ ပြုစု ပျိုးထောင်ရတာပါ။ အလေ့အကျင့် ကောင်း တစ်ခုကို ၂၁ ရက်တိတိ တစိုက်မတ်မတ် ပြုလုပ် ပျိုးထောင်တယ်ဆိုရင် အဲဒီ အလေ့အကျင့်ဟာ ကိုယ့်ရဲ့  အကျင့်ကောင်းတစ်ခု ဖြစ်သွားနိုင်ပါတယ်တဲ့။

We first make our habits, and then our habits make us. - John Dryden ပြောခဲ့ဖူးတာပါ။
ငါတို့တွေဟာ အလေ့အကျင့်တွေကို စလုပ်တယ်.... အလေ့အကျင့်တွေက ငါတို့ဘဝတွေကို ပြန်ဖန်တီး သွားကြတယ်တဲ့..။

အမှန်ပါပဲ။ အထက်မှာပြောသွာတဲ့ ဆေးသမားဘဝက မီလီယံနာ ဖြစ်သွားတဲ့ ဘားရန့်ရဲ့  ဘဝအကြောင်းလေးက သက်သေပါပဲ။ သူ့လို သေမတတ် ဆေးသမားဘဝက မီလီယံနာ ဖြစ်ခဲ့သေးရင် ကျနော်တို့ အားလုံးလဲ သူလို အောင်မြင်ဖို့ အခွင့်အလမ်းရှိတာပေါ့။ ဒါကြောင့် ကျနော်တို့တတွေ နေ့စဉ် ကောင်းမွန်တဲ့ အလေ့အကျင့်လေးတွေ ပြုစု ပျိုးထောင်ရင်း ကောင်းမွန်တဲ့ အနာဂတ်တွေ ပိုင်ဆိုင်ဖို့ ကြိုးစားနိုင်ပါကြောင်း. ဖတ်မိသမျှကို တဆင့်ဝေမျှပါတယ်..

Jack Canfield ရဲ့ Power of focus စာအုပ်ထဲမှ အကြောင်းအရာလေးကို ဆီလျှော်အောင် ပြန်ဆိုပါတယ်။

ရဲမင်း (23/1/2017)

No comments:

Post a Comment