Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 1, 2017

ကဗျာဆရာကြီး ဦးတင်မိုး (၁၀)နှစ်ပြည့် အမှတ်တရ (သစ်ထူးလွင်)

ကဗျာဆရာကြီး ဦးတင်မိုး ၊ ကိုဒီ (သစ်ထူးလွင်) ၊ ကဗျာဆရာကြီးမောင်စွမ်းရည်
ဟာဆန်မြစ်ကမ်း နံဘေး အမှတ်တရ ၂၀၀၆ ခုနှစ်
၂၀၀၆ နှစ် အမေရိကန် နိုင်ငံ ရဲ့ နွေရာသီမှာ နယူးယောက်ပြည်နယ် ရန်ဆယ်လ်လီယာမြို့ က
မြန်မာဘုန်းတော်ကြီး ကျောင်းမှာ ကဗျာဆရာကြီးဦးတင်မိုး(ကွယ်လွန်)၊ ကဗျာဆရာကြီးမောင်စွမ်းရည် (ယခု နယူးယောက်မြို့ မှာနေထိုင်) တို့ တစ်လခန့် အတူနေထိုင်ခဲ့ရပါတယ်။

အတူနေထိုင်စဉ် ဆရာနှစ်ဦးကို မိဘသဖွယ် ပြုစုစောင့်ရှောက်ခွင့် ရခဲ့သလို ဆရာတွေရဲ့ အဆုံး အမ ၊ ရှေ့ ဟောင်း နှောင်းဖြစ် မှတ်သားဖွယ်ရာ ဗဟုသုတ အထွေထွေ စကားတွေလည်း နေ့ စဉ် နားထောင်ခွင့် ရခဲ့ပါတယ်။ ညနေတိုင်း ဟာဆန်မြစ်ကမ်းနားဘေးက ပန်းခြံမှာ လမ်းလျှောက် ၊ အပြန်မှာ ဒန်ကင်းဒိုးနတ် ဆိုင်မှာ လက္ဖက်ရည်သောက်ရင်း ထိုင်ခဲ့တာလည်း ကျနော်တို့ ဝိုင်းက အကြာဆုံးဖြစ်မှာပါ။

ဆရာကြီးနှစ်ဦးက ပြည်ပအလွှင့်ဌာနတွေအတွက် အပါတ်စဉ်ဆောင်းပါးတွေကို နှုတ်တိုက်ပြောပေးပြီး၊ ကျနော်က လက်ရေးနဲ့ လိုက်ရေး ၊ fax နဲ့ သက်ဆိုင်ရာ ဌာန တွေကို ပို့ ပေးပါတယ်။ ညစဉ် စကားတွေပြောရင်း ၊ စာတွေရေးရင်းနဲ့ ဆရာကြီးဦးတင်မိုး  ငုတ်တုတ်ထိုင် အိပ်ပျော်သွားစဉ် ခဏတာက ချစ်စရာပါ။ အခုတော့ ဆရာကြီး အပြီးတိုင် အိပ်ပျော်ခဲ့တာ (၁၀)ပြည့်ခဲ့ပါပြီ။

ဆရာကြီး ကောင်းရာသုဂတိလားပါစေ။

ကိုဒီ (သစ်ထူးလွင်)

No comments:

Post a Comment