Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 15, 2016

အတူတူခရီးသွားနိုင်မယ့် မိန်းကလေးတစ်ဦးကို iPhone 7 လက်ဆောင်ပေးမယ့် တရုတ်အဘွားအို


တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုအတွင်း မယုံနိုင်လောက်အောင် လူနေမှုဘဝတွေ ဖွံဖြိုးတိုးတတ်လာခဲ့သလို အထီးကျန်ခြင်းဖြစ်ရပ်များနဲ့ စိတ်ကျဝေဒနာခံစားရခြင်းဖြစ်ရပ်တို့လည်း အဆမတန် မြင့်တတ်လာခဲ့ရပါတယ်။

 ဒီလို အထီးကျန်ဝေဒနာ ခံစားနေရတဲ့ အသက် ၆၃နှစ်အရွှယ် အဘွားအိုတစ်ဦးဟာ သူနဲ့အတူ လည်ပတ်သွားလာနိုင်ဖို့ မိန်းကလေးတစ်ယောက် အလိုရှိကြောင်း ကြောညာချက်ထုတ်ပြန်လိုက်ပါတယ်။

 Li Yanling အမည်ရှိ အဘွားအိုဟာ သူနဲ့စကားပြောဖော် ၊ ဓါတ်ပုံအတူရိုက်ကူးဖော် အသက် ၁၉နှစ်နဲ့ ၂၄နှစ်ကြား အမျိုးသမီးတစ်ဦးကို အလိုရှိပါကြောင်း တရုတ်လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ WeChat ပေါ်ကနေ ကြေညာသွားခဲ့ပါတယ်။ အဘွားအိုဟာ ဆောင်းရာသီအတွင်းမှာ ပင်လယ်ကမ်းခြေတစ်ခုကို သွားရောက်လည်ပတ်ချင်နေတာဖြစ်ပြီး ခင်ပွန်းသည်နဲ့ သမီးတို့ မအားလပ်မှုကြောင့် လည်ပတ်ခွင့်မရကာ စိတ်ညစ်နေသူဖြစ်ပါတယ်။



 ဒါကြောင့်မို့ အဘွားအိုက သူနဲ့အတူ ခရီးထွက်ဖော်ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး လိုက်ပါမယ့်သူဟာ ခရီးစရိတ်အားလုံးကို ငွေကုန်ကြေးကျခံစရာမလိုတဲ့အပြင် လက်ဆောင်အနေနဲ့ iPhone 7 တစ်လုံးကိုပါ လက်ဆောင်ရရှိသွားမှာဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုကြောင့် အချိန်ခဏလေးအတွင်းမှာပဲ စိတ်ဝင်စားမှုအရှိန် မြင့်တတ်လာခဲ့ပြီး တရုတ်မိန်းမပျိုတော်တော်များများမှာလည်း အဘွားအိုနဲ့ ခရီးကိုအတူလိုက်ခဲ့ဖို့ ဆက်သွယ်လာကြပါတော့တယ်။

  ဒီလို ဆက်သွယ်လာတဲ့အထဲက မိန်းကလေးတစ်ဦးကတော့ အဘွားအိုရဲ့အထီးကျန်ဆန်နေမှုအတွက် အကူအညီပေးချင်ရုံကလွဲပြီး ဘာလက်ဆောင်မှမလိုအပ်ကြောင်းနဲ့ ခရီးစရိတ်ကိုလည်း သူမကသာ အကုန်စိုက်ပေးချင်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ ဒါကြောင့် Li Yanling အဘွားနဲ့ ခရီးလည်ပတ်ချင်သူဟာ တယ်အကူအညီပေးချင်သူလား အကျိုးလိုချင်သူဖြစ်နေမလားဆိုတာကလည်း တစ်မျိုးစိတ်ဝင်စားစရာကောင်းနေပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

No comments:

Post a Comment