Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 6, 2016

မြန်မာပြည်က ရိုဟင်ဂျာ နှစ်သောင်း ထွက်ပြေးလို့ IOM ဆို


ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာသူတွေကို ကောက်ယူ တဲ့စာရင်းတွေ ကို အခြေခံပြီး ခန့်မှန်း
IOM နိုင်ငံတကာ ရွှေ့ပြောင်း သူများဆိုင်ရာ အဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ မြန်မာ နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ အရေအတွက် နှစ်သောင်း တထောင် ရှိတယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။

ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ထုတ်ပြန်တာထက် နှစ်ဆ ကျော် ပိုများနေပါတယ်။

မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကောက်ဆက်ဘဇား မြို့က IOM အရာရှိက တော့ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာသူတွေကို ကောက်ယူ ထားတဲ့စာရင်းတွေ ကို အခြေခံပြီး ခန့်မှန်းတာလို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment