Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 21, 2016

ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းကို လူကြီးလူကောင်း မပီသဘူးလို့ ဦးဦးလှစော ပြော

ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းကို လူကြီးလူကောင်းမပီသဘူးလို့ အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောဆိုလိုက်ပါတယ်။

oooohlasaw-generalsecretaryrndp

ဒီဇင်ဘာလ ၂၀ ရက်နေ့ လွှတ်တော်မှာ မီဒီယာတွေနဲ့တွေ့ဆုံစဉ် အဲဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖို့အဆို ပယ်ချခံရပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုခဲ့မှုတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်အတွင်း သတိပေးပြောဆိုမှုနဲ့ ပတ်သက်ခဲ့မှုအပေါ် မီဒီယာတွေက မေးမြန်းစဉ် အဲဒီလိုပြောဆိုခဲ့တာပါ။

ဒါ့အပြင် မန်းဝင်းခိုင်သန်း အနေနဲ့ လွှတ်တော်အတွင်း ထိုင်ခုံပေါ်က ပြောဆိုမနေဘဲ မီဒီယာတွေအားလုံးရှေ့မှာ ဒီမိုကရေစီဒီဘိတ် ပြုလုပ်ဖို့လည်း စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။
MCN

No comments:

Post a Comment