Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 2, 2016

ခရမ်းတွင် အမျိုးသမီးနှစ်ဦး အသတ်ခံရ

 ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် မောင်းမကျေးရွာတွင် ဒီဇင်ဘာလ ၂ ရက် နံနက် ၁ နာရီခွဲက ပထမနှစ် ကျောင်းသူတစ်ဦးနှင့် အသက် ၂၈ နှစ် အမျိုးသမီးတစ်ဦး ခန္ဓာကိုယ်အနှံ့ ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် အသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ နှစ်ဦးမှာ အရှေ့ပိုင်းတက္ကသိုလ် (သမိုင်း) ပထမနှစ်ကျောင်းသူ အသက် ၂၀ အရွယ် မဆုနှင်းဝေနှင့် အသက် ၂၈ နှစ် မစန္ဒာဝင်းတို့ ဖြစ်ပြီး နှစ်ထပ် နေအိမ်အပေါ်ထပ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မဆုနှင်းဝေ၏ ဖခင်ဖြစ်သူ ဦးအုန်းဝင်းက စတင်မြင်တွေ့ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ သိရသည်။


“အမျိုးသမီး နှစ်ယောက်ကို နေအိမ်ထဲမှာ ရက်ရက်စက်စက် သတ်သွားတာ။ လူသတ်တရားခံကို စုံစမ်းနေတုန်းပဲ” ဟု အမည်မဖော်လိုသည့် ရဲအရာရှိက ပြောသည်။

ပထမနှစ်ကျောင်းသူ မဆုနှင်းဝေမှာ လည်ပင်းထိုးသွင်းဒဏ်ရာ ရင်အုံချိုင်းအောက် ပြတ်ရှဒဏ်ရာ ဝဲလက်မောင်းနှင့် ညာလက်ကောက် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မစန္ဒာဝင်းမှာ လည်ပင်းနှင့် နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ ဘယ်လက်တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
ကနဦး စုံစမ်းရရှိမှုသာ သိရှိရသေးပြီး ဖြစ်စဉ်အသေးစိတ်ကိုမူ မသိရှိရသေးပေ။

TheVoice

No comments:

Post a Comment