Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 25, 2016

ဂျေမောင်မောင် ကား ဆိုင်ကယ်နှင့် အမျိုးသမီးငယ်(၂)ဦးအား တိုက်မိ၍ သေဆုံးမှုဖြစ်ပွား

ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်နေသည့် ဆိုင်ကယ်နှင့် အမျိုးသမီးငယ်(၂)ဦးအား တိုက်မိ၍ သေဆုံးမှုဖြစ်ပွား
နေပြည်တော်၊ ဒီဇင်ဘာ ၂၅

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တဲကြီးကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၁၆၄/၁-၂)ကြား တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက် အရ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ တောင်ငူမြို့နယ်၊ မိုးကောင်းကျေးရွာနေ ဖိုးခွားလေး(ခ) ဂျေမောင်မောင်(၂၅)နှစ်မောင်းနှင်လာသည့် 3M/×××× SINO TRUCK (၆)ဘီးယာဉ်သည် ရှေ့မှမောင်းနှင်နေသည့် (၁၂)ဘီးယာဉ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်တွင် ရပ်တန့်ထားသည့် ဆိုင်ကယ်နှင့် အနီးရှိ တဲကြီးကျေးရွာနေ မပိုးအိအောင်(၂၀)နှစ်နှင့် မချောကလျာအောင် (၁၃)နှစ်တို့(၂)ဦးအားတိုက်မိပြီး ၎င်းကျော်တက်ခဲ့သည့် (၁၂)ဘီးယာဉ်အား ထပ်မံတိုက်မိကာ တိမ်းမှောက်သွားခဲ့သည်။

 ယာဉ်တိုက်မှုကြောင့် မပိုးအိအောင်နှင့် မချောကလျာအောင် တို့ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မောင်း ဖိုးခွားလေး(ခ)ဂျေမောင်မောင် အား အုတ်တွင်းမြို့မရဲစခန်းယာဉ်(ပ)၃၈/၂၀၁၆၊ ၃၀၄-က/၂၇၉ ဖြင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment