Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 26, 2016

ပေါ်ဦးပြောပြသောပေါ်ဦးဖြတ်သန်းခဲ့သည့်မြောက်ပိုင်းကျောင်းသားရဲဘော်ဘဝ - - - - - - - - အပိုင်း( ၉ )






တဲလေးတစ်လုံး ၊ သပ်သပ်ရပ်ရပ်လေး ကပ်ကာဇလီ
သတ်ထားတယ် ကျောင်းသားတပ်ရဲ့အဓိပတိကြီးအာ
ဏာအရှိဆုံးကြီးမျိုးဝင်းရဲ့တဲပါ သူ့ထက်ရာထူးကြီးသူ
တွေတော့ရှိပါတယ် ဥက္ကဌကြီးရော်နယ်အောင်နိုင်တို့
CS သံချောင်းတို့ပေါ့ သူတို့ကမျိုးဝင်းထက်ရာထူးသာ
ကြီးတာမျိုးဝင်းအမိန့်ပေးတာလိုက်နာနေရသူတွေလေဒါ့ ကြောင့်ပြောတာအာဏာအရှိဆုံးမျိုးဝင်းလို့၊တဲတွေကပ်
ကာဇလီသတ်ဖြစ်ကုန်တာအခြားမဟုတ်ပါဘူး အကျဉ်း
သားတွေကိုအလုပ်ကြမ်းအဖြစ်ခိုင်းထားတာလေ အရင်
ကဆိုကပ်ကြမ်းတွေယက်ပြီးထောင်အဲ့ဒီပေါ်ကယင်ပေါင်ကြမ်းကိုကပ်ပြီးထောင်ထားတာအခုတော့အဲ့လိုဟုတ်တော့ဘူးကျောင်းသားတပ်တခုလုံးတဲကလေးတွေကပ်
်ကာဇလီသတ်နဲ့သပ်သပ်ရပ်ရပ်လေးတွေဖြစ်ကုန်ပြီလေ
အကျဉ်းသားတွေရဲ့လုပ်အားတွေပေါ့ထားပါအခုပြောချင်
တက မျိုးဝင်းရဲ့တဲရှေ့ကမြေကွက်လပ်လေးမှာစစ်ယူနီ
စုပ်စုပ်ပြတ်ပြတ်အဟောင်းအနွမ်းတွေနဲ့ရဲဘော်တစ်စုလက်မှာကနောက်ပြန်ပြစ်ထားပြီးကြိုးတွေချီထားတယ်
ဒူးထောက်ထားပြီးဦးခေါင်းတွေကငုံ့လို့ ပြီးတော့သူတို့
ခြေထောက်မှာကသံကြိုးကြီးနဲ့ချုပ်နှောင်းထားလိုက်သေး သူတို့ကအချားမဟုတ် ပါဂျောင်အကျဉ်းသားတွေ
စစ်အာဏာရှင်စနစ်နဲ့စစ်အာဏာရှင်ကြီးတွေကိုလက်နက်နဲ့တော်လှန်ဖြိုချဖို့တောခိုသူပုန်ထဖို့ရောက်လာကြတဲ့
ကျောင်းသားလေးတွေ ဒီရောက်မှ"ကျားကြောက်လို့ရှင်ကြီးခိုကျားထက်ဆိုး"ဆိုသလိုပဲအာဏာရူးသောက်ရူးတွေနဲ့တွေ့မှပဲ စစ်ထောက်လှမ်းရေးသူလျှိုပါလို့အဓမ္မစွပ်စွဲပြီးလူမဆန်စွာညှင်းပန်းနှိပ်စက်သတ်ဖြတ်တာခံနေရရှာရဲ့ ။

အဲ့ဒီအကျဉ်းသားတွေရဲ့နံဘေးပတ်ဝန်းကျင်မှာတော့
ဒေါ်နယ်အောင်နိုင်၊မျိုးဝင်း ၊သံချောင်း၊လှဆိုင်း၊အောင်
ဆွေဦးစတဲ့အာဏာလုABSDF NB ရဲ့ခေါင်းဆောင်
တွေ ABSDF NB ရောက်ကျောင်းသားရဲဘော်တွေ
ရဲမေတွေတခဲနက်ရွေးချယ်တင်မြှောက်ထားတဲ့ဥက္ကဌ
ကိုထွန်းအောင်ကျော်နဲ့ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့
ဦးစိန် ၊ကိုအားစိုက် ၊ ကိုညီကျော် ၊ကိုရဲလင်းစတဲ့သူတွေ
ပြီးတော့ငပေါ်တို့လိုရဲဘော်တွေကိုအတင်းအဓမ္မဖမ်းပြ
"အသေခံမလား၊ဝန်ခံမလား''ရွေးချယ်စရာနှစ်ခုသာပေး
ထားပြီးစစ်ကြောရေးအမည်ပေးကာညှင်းပန်းနှိပ်စက်မှုတွေလုပ်ကြက်ကလေးငှက်ကလေးသတ်သလိုမျိုးသတ်
ပြဖြတ်ပြနဲ့အာဏာသိမ်းထားကြတဲ့သောက်ရူးကောင်တွေကခေါင်းမော့ရင်ကော့နဲ့အောင်ပွဲရစစ်ပြန်ကြီးတွေအ
လားပေါ့ အရှက်မရှိလုပ်ပြနေကြရဲ့သူတို့နဲ့အတူသခင်
အားရကျွန်ပါဝလုပ်နေကြတဲ့ကျောင်းသားထောက်လှမ်းရေးအမည်ခံအာဏာပါးကွက်သားတွေရယ်လက်ကြိုးခြီခြေထောက်သံကျင်းခတ်ခံထားရတဲ့အကျဉ်းသားတွေကိုကြောက်အားကြီးပြီးလက်နက်အပ်ြည့်တပ်ထားပြီးကင်းချထားတဲ့ကွန်မန်ဒိုလို့အမည်ပေးထားတဲ့မျိုးဝင်းခါး
ပိုက်ဆောင်တပ်တို့ရှိနေလေရဲ့ ။

အကျဉ်းသားတွေထိုင်ခိုင်းထားတဲ့ပုံကထူးတယ်ဆန်းတယ်ဗျရှေ့ထွက်ထိုင်နေရတဲ့သူကသုံးယောက်သူတို့ကတော့ကိုသက်နိုင်၊ကိုအောင်ဖိုးနဲ့ကျနော်ငပေါ်တို့ပါပဲ၊ငပေါ်
တို့နောက်မှာ"လေးကိုင်းပုံစံ'ကွေးကွေးလေးထိုင်နေကြ
တယ်သူတို့ကတော့ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ကိုရဲ
လင်း၊မငယ်(ခ)မနန်းအောင်ထွေးကြည်တို့ပါအခြားသူ
တွေလည်းပါသေးတယ်ဒါပေမဲ့မမှတ်မိ၊

ကိုအောင်ဖိုးရဲ့ဘယ်ဘက်ခြေထောက် ခြေမနဲ့ခြေညှိုး
နှစ်ချောင်းကြား "ကက်"(Cap)နဲ့ချီထားတယ်အီဖေကို
ငပေါ်မှာတော့"ဘယ်ဘက်လက်ကောက်ဝတ်ကို"ကက်"(Cap)နွဲ့ချိထားခံရတယ်၊ Cap ဆိုတာကမိုင်းခွဲ
တဲ့အခါဖောက်ခဲရေးလုပ်တဲ့အခါမှာအသုံးပြုတဲ့အရာပါ
ငပေါ်တို့အတွက်ဆိုးဆိုးဝါးဝါးကြုံရတော့မယ့်သဘောပါ
ကိုအောင်ဖိုးကိုခြေထောက်ဖြတ်မယ်ငပေါ်ကိုလက်ဖြတ်မယ်ပေါ့၊ကိုအောင်ဖိုးကဟိုအရင်ကလည်းအခုလိုပဲ
ကက်(Cap)နဲ့ပဲလက်ကိုဖောက်ခွဲအဖြတ်ခံထားရတာ
လက်တစ်ဖက်မရှိရှာ၊ရှေ့ထွက်ထိုင်နေရတဲ့သုံးယောက်မှာပထမဆုံးကံဆိုးသူကသက်နိုင်သူ့ကိုပထမဆုံးမေး
တယ် မင်းယူလာတဲ့လက်နက်ဘယ်ထားလဲပေါ့ သက်
နိုင်ခမျာမဖြေနိုင်ရှာ ဘယ်ဖြေနိုင်မလဲလန်ကြုပ်မေးခွန်း
ကြီးကိုးဒီအခါဒေါသူပုန်ထပြတာကသံချောင်း၊သံချောင်း
ကကိုသက်နိုင်ရဲ့နားရွက်ကိုသေနတ်နဲ့ပစ်ဖောက်ပြစ်လိုက်တယ်ကိုသက်နိုင်ရဲ့နားရွက်ကိုကျည်ဆန်ကဖောက်
ထွက်သွားတယ်၊သွေးတွေကလည်းဖျာဆင်းသွားပြီးကိုယ်အနှံ့ရဲဗလန်းခတ်သွားတယ်၊ခံရသူခမျာတော့နာကျင်
အခံခက်ပေါ့ဒါပေမဲ့သံချောင်းကတော့မရပ်သေးဘေးနားမှာတွေ့တဲ့ဝါးအပိုင်းအဆကိုကောက်ယူပြီး"မင်းကိုနားတောင်းပန်ပေးမယ်"ဆိုကာသက်နိုင်ရဲ့နားအပေါက်
ထဲကိုထိုးထည့်ပေးလိုက်တယ် ငပေါ်တို့တုတ်တုတ်မှမ
လှုပ်ရဲ အဲမျိုးဝင်းတို့ဒေါ်နယ်အောင်နိုင်တို့လှဆိုင်းတို့က
တော့တခစ်ခစ်တသောသောနဲ့ပေါ့ရသမြောက်နေကြရဲ့

ဒုတိယကံဆိုးသူကကိုအောင်ဖိုး၊(ခ)အေးသက်လတ်ပါ
သူ့ကို"TNT"ဘယ်ထားလဲ အပ်ပါဖြူ စင်ပါမအပ်လို့က
တော့မင်းခြေထောက်ဖြတ်ပြစ်မယ်အိုကြောက်စရာစကားတွေ TNT ဆိုတာယမ်းပျော့ကိုပြောတာသူတို့ကို
သတ်ဖို့လုပ်ကြံဖို့ယူလာတယ်ပေါ့ လက်တောင်အဖြတ်
ခံထားရတာမခံနိုင်အဆုံးTNTယမ်းပါလာတယ်ပေါ့ဝန်
ခံပေးခဲ့ရတယ်၊အခုအဲ့ဒီယမ်းကိုအပ်ခိုင်းနေတာ ဘယ်
လိုပြောရပအဆုံးမှာတော့Capကိုတွဲထားတဲ့ဝါယာကြိုး
ကိုဘက္ထရီအိုးနဲ့ဂျိုင်းပြီးဖောက်ခွဲလိုက်ကြတယ်"ဒိုင်း"က
နဲပေါက်ကွဲသံနဲ့အတူကိုအောင်ဖိုးရဲ့ခန္ဓာကိုယ်ဟာမြေ
ပြင်ပေါ်ပုံလျက်ကျသွားတယ်လဲသွားတယ်ပေါ့ခြေချောင်းလေးတွေမရှိတော့ဘူးပြတ်ထွက်သွားတယ်သူ့ခန္ဓာကိုယ်အနှံ့မှာလည်းသွေးအလိမ်းလိမ်းနဲ့မကြည့်ရက်မမြင်
ရက်၊ကျန်သူတွေမှာတော့မသိငပေါ်ခင်မျာမှာရသမျှ ဘု
ရားစာတွေအကုန်ရွတ်ဖတ်နေမိတယ် ဘုရား ဘုရားပေါ့

ငပေါ်တို့သုံးယောက်၊ရှေ့ထွက်ထိုင်နေရတဲ့အထဲမှာနှစ်
ယောက်တော့ကံဆိုးသွားရှာပြီ၊ဒါဆိုငပေါ်လွတ်လမ်းမ
မြင်တော့ တစ်ယောက်ကနားရွက်၊တစ်ယောက်ကခြေ
ထောက် ငပေါ်ကိုCapနဲ့တွဲထားတာကလက် ငပေါ်က
ကိုယ့်လက်ကိုနှစ်မြေတသစွာကြည့်နေတုန်းအသံတစ်ခုကြားရတယ်"ဒါဏ်ရာမရှိသေးတဲ့သူရှိလားရှိရင်ထွက်ခဲ့"တဲ့ဒီအချိန်မှာကျော်ထင်ဦးက"ရှိတယ်ဟိုကောင်ပေါ်
ဦးဒဏ်ရာမရှိသေးဘူး"တဲ့ဝမ်းသာအားရဝင်ပြောတယ်
ကျော်ထင်ဦးအသံကငှက်ဆိုးထိုးသံထက်ပိုဆိုးတယ်ချီး
တွင်းနှိုက်ခိုင်းတဲ့အညှိုးအတေးပဲဖြစ်မယ်၊ဒုက္ခိတပေါ်ဦး
လက်တစ်ဖက်ပြတ်ပေါ်ဦးဘဝတော့ရောက်ခြေတော့မည်၊ဒီအချိန်မှာမျိုးဝင်းက"ပေါ်ဦးမင်းဆီကိုအောင်ဖိုးကသူ့
TNT ယမ်းတွေမင်းကိုပေးထားတယ်ပြောတယ်အဲ့ဒါ
မင်းဘယ်မှာထားလဲ"တဲ့။ပြောစရာမရှိ ကိုအောင်ဖိုးကရန်ကုန်ကငပေါ်ကမုံရွာသားဒီရောက်မှသိကြတွေကြတာ
ဆေးသင်တန်းကိုအတူတက်ခွင့်ရတော့ပိုရင်းနီးသွားတာဒါနဲ့ပဲသူ့မိုင်းယမ်းပျော့ကငပေါ်လက်ထဲရောက်လာတယ်ဖြစ်တော့တာတကယ်ကလည်းမဟုတ်ရူးချင်လာတယ်ဘာပြောရမလဲစဉ်းစားမရဖြစ်နေပြီ ၊ဒီအချိန်မှာပဲ
Capနဲ့တွဲထားတဲ့ဝါယာစကိုဘက္ထရီအိုးဆီကိုယူသွားပြီ
ဘက္ထရီငုတ်နှစ်ခုနဲ့ဝါယာဆနှစ်ခုထိဖို့ချိန်နေပြီ ငပေါ်
လည်းဘာမှမမြင်တော့စောပိုင်းကရွတ်ဖတ်နေတဲ့ဂါထာတွေဘုရားဂုဏ်တော်တွေလည်းကပေါက်တိကပေါက်ချာဖြစ်လို့ပေါ့ ငါ့ဘဝတော့သွားပြီပေါ့ ဒုက္ခိတဖြစ်သွား
ရင်လည်းငပေါ်လည်းသေစာရင်းအသွင်းခံရတာနဲ့အတူ
တူပဲပေါ့ဗျာ ငပေါ်စိတ်တွေအိမ်ပြန်ရောက်သွားတယ်အ
မေနဲ့အဖေကိုကန်တော့တောင်းပန်လို့ပေါ့ညီကိုမောင်နှစ်မတွေကိုမျက်ရည်တွေနဲကြည့်ရင်းပေါ့ ။

ဆိုးဝါးလှတဲ့ကံရယ်ဆိုပြီးစိတ်ကိုဒုံးဒုံးချလိုက်တယ် ငပေါ်ကိုယ့်လက်ကိုနောက်ဆုံးတဝကြီးကြည့်ထားလိုက်တယ်မျက်ရည်တွေယိုစိမ့်လာတယ်အားတင်းထား
ဒီကောင်တွေရှေ့မျက်ရည်မကျစေနဲ့ပေါ့ ကိုင်းဒီအခြေ
အနေကိုဂျွန်းထိုးဖောက်ခုံလုပ်ပြစ်ဖို့ဘယ်သူစဉ်းမိလည်း
သေဖို့အထိဆုံးဖြတ်ထားတဲ့လူတစ်ယောက်ရဲကံဇာတာကိုပြောင်းလဲနိုင်သေးတယ်ဆိုတာဘယ်သူထင်မလဲနော်အဲ့လိုအခြေအနေမှာငပေါ်ရဲ့အခြေအနေကိုပြောင်း
လဲပြစ်ဖို့ကြိုးစားလာသူကတော့ကိုထွန်းအောင်နဲ့ကိုချို
ကြီးတို့ပါပဲ ကိုထွန်းအောင်ကျော်ကခနနေပါဦးကျနော်
စကားပြောကြည့်ပါဦးမယ်ဆိုပြီးမတ်တတ်ထပြီးကိုအောင်ဖိုးနားသွားတယ်ကိုချိုကြီးလည်းထလိုက်လာတယ်
ကိုအောင်ဖိုးဆီရောက်တော့ထိုင်ချလိုက်ပြီးကိုထွန်းအောင်ကျော်က"အောင်ဖိုးမင်းအသေအချာစဉ်းစားပါကွာ
မင်းတို့ငါတို့ကသေလူတွေပါဒီတော့မဆိုင်တဲ့ပေါ်ဦးကိုမပါလာပါစေနဲ့ကွာ"တဲ့ကိုချိုကြီးကလည်း"ဟုတ်တယ်အောင်ဖိုးရမဆိုင်တဲ့ကလေးကိုမထည့်ပါနဲ့ကွာကိုယ့်တာဝန်ကိုယ်ယူကြရအောင်"တဲ့ ဝင်ပြောကြတော့"အရှေ့
မှနေဝန်းထွက်သည့်ပမာ"ဆိုတဲ့စာလုံးတွေသွားမြင်တယ်ဒီတော့ကိုအောင်ဖိုး(ခ)ကိုအေသက်လတ်ကိုလှန်း
ကြည့်လိုက်တော့သူ့မျက်နာကသွေးတွေပေကြန်နေတဲ့
ကြားက ပြတ်သားမှု၊ တည်ငြိမ်မှု ၊ ရဲရင့်မှု ၊ခိုင်မာမှုတွေ
ကိုတွေ့နေရတယ်ငပေါ်သိလိုက်ပြီကိုအောင်ဖိုးတစ်ယောက်သူ့အသက်သူ့ခန္ဓာထက်သူ့ယုံကြည်မှုကိုရွေးလိုက်ပြီဆိုတာလေအဲ့နောက်တော့ကြည်လင်ပြတ်သားတဲ့
လေသံနဲ့စကားကိုတစ်လုံးခြင်းပြောချလိုက်တယ်အဲ့ဒါက"ပေါ်ဦးနဲ့မဆိုင်ပါဘူး ပေါ်ဦးဘာမှမသိပါဘူးပစ္စည်း
ကကျနော့ဆီမှာပါ ကျနော်ဝှက်ထားတာပါ"တဲ့ ။

ကျေးဇူးတင်ပါတယ်ကိုထွန်းအောင်ကျော် ကိုချိုကြီးနဲ့ကို
အောင်မွန်တို့ကိုငပေါ်လက်တစ်ဖက်ဆုံးရှုံးရမဲ့ဘေးဆိုး
ကြီးကကယ်ထုတ်ပေးကြသူတွေပါအဲ့ဒီလက်သာဖြတ်ခံထိရင်ငပေါ်လည်းအခုချိန်အသက်ရှိထင်ရှားရှိမှာမဟုတ်တော့ပါဘူးဖေဖော်ဝါရီ ၁၂ရက်ပြည်ထောင်စုနေ့လူ
ူသတ်ပွဲကြီးမှာပါသွားပြီပေါ့ဗျာအခုသူတို့သုံးယောက်လုံး
ဖေဖော်ဝါရီလူသတ်ပွဲကြီးမှာပါသွားလို့လောကကြီးထဲကထွက်သွားပေမဲ့ငပေါ်ရင်ထဲအသဲထဲမှာကျေးဇူးရှင်များအဖြစ်ရှင်သန်နေပါတယ်၊ကိုထွန်းအောင်ကျော်ရဲ့ခေါင်း
ဆောင်ပီသမှုကိုချိုကြီးကိုအောင်ဖိုးတို့ရဲ့ရဲဘော်ရဲဘက်စိတ်ပြည့်ဝမှုတွေကငပေါ်အတွက်တော့အသက်ရှင်သန်ခွင့်တစ်ခုပေါ့ကျေးဇူးတင်စွာသတိရနေမှာပါ အကိုကြီး
ကိုထွန်းအောင်ကျော်နဲ့တကွအသတ်ဖြတ်ခံရဲဘော်အပေါင်းကောင်းရာသုကတိတည်ပါစေ ။

မုံရွာမြို့ကသူငယ်ချင်းကိုးယောက်အထက်တန်းကျောင်း
သားလေးကိုးယောက်ABSDF NBသို့ဒီမိုကရေစီရရှိ
ရေး လူ့အခွင့်ရေးရရှိရေး ဖယ်ဒရွယ်ပြည်ထောင်စုကြီး
ပေါ်ပေါက်ရေးအတွက်စစ်အာဏာရှင်ကြီးတွေကိုလက်
နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ရောက်ခဲ့ကြတယ် ကိုးေ
ယာက်ထဲကသုံးယောက်ကျော်ကျော်ထွေးကိုထီး(ခ)ဝင်း
ကျော်၊ကျော်ကျော်လွင်တို့ကကျန်းမာရေးကြောင့်ကျဆုံးခဲ့ရ၊ကျန်ခြောက်ယောက်ထဲကမှလေးယောက်ကစစ်ထော
က်လှမားရေးပါဆိုပြီးစွပ်စွဲညှင်းပန်နှိပ်စက်ခံခဲ့ရတယ်သူတို့ကကျော်ကျော်ဦး၊အောင်မွန်၊မြင့်ဇော်၊အီဖေကိုယ်ပေါ်
ဦးတို့ဖြစ်ကြောင်းပါ၊ကိုးဦးမှာကံအကောင်ဆုံးနှစ်ယော
က်ကတော့မြင့်နိုင်နဲ့ထွန်းထွန်းလင်း(ခ)ရှောက်သီးတို့ပါပဲ။

No comments:

Post a Comment