Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 2, 2016

Apple ႏွင့္ အျခားကုမၸဏီမ်ား သံျဖဴကုန္ၾကမ္း UWSA ထိန္းခ်ဳပ္ သတၳဳတြင္းမွ ရယူေန


By Reuters 2 December 2016

ျမန္မာနိုင္ငံ အေရွ႕ေျမာက္ပိုင္းမွ သူပုန္စစ္တပ္တခုသည္ ကမၻာ့အႀကီးဆုံး လူသုံးကုန္ ကုမၸဏီမ်ားသို႔ ကုန္ၾကမ္း ေပးသြင္းသူမ်ားအား သံျဖဴသတၱဳရိုင္းမ်ားကို ေရာင္းခ်ေနသည္။

စမတ္ဖုန္း ထုတ္လုပ္သူ Apple ၊ ေကာ္ဖီလုပ္ငန္းႀကီး Starbucks ႏွင့္ အဆင့္ျမင့္ လက္ဝတ္ရတနာ လုပ္ငန္း Tiffny & Co, တို႔ အပါအဝင္ ကုမၸဏီ ၅၀၀ ေက်ာ္တို႔သည္ ၎တို႔ထံ ကုန္ၾကမ္းေပးသြင္းသူမ်ား အၾကား၌ ျမန္မာတ႐ုတ္ နယ္စပ္အနီး မိုင္းေမာ သတၱဳတြင္းမွ သတၱဳရိုင္းမ်ားကို သြယ္ဝိုက္ဝယ္ယူေနေသာ တ႐ုတ္ထိန္းခ်ဳပ္ ကုမၸဏီမ်ား ပါဝင္ေၾကာင္း ရိုက္တာ သတင္းဌာန၏ ကုန္ၾကမ္း ေပးသြင္းမွု ကြင္းဆင္း ေလ့လာမွု တခု အရ သိရသည္။

ထိုသတတၱဳမိုင္းကို မူးယစ္ေဆးဝါး ေရာင္ဝယ္မွုျဖင့္ စြပ္စြဲၿပီး အေမရိကန္ျပည္ေထာင္စုက ၂၀၀၃ ခုႏွစ္က အေရးယူ ပိတ္ဆို႔ ထားေသာ ဝျပည္ ေသြးစည္းညီညြတ္ေရး တပ္မေတာ္ UWSA က ထိန္းခ်ဳပ္ထားသည္။ ထိုသတၱဳမိုင္းမွ သံျဖဴထုတ္ယူေန ေသာ ကုမၸဏီ ၇ ခုကို ဝစစ္တပ္ႏွင့္ အစိုးရေခါင္းေဆာင္မ်ားက ပိုင္ဆိုင္သည္ သို႔မဟုတ္ ထိန္းခ်ဳပ္ထားသည္ ဟု UWSA ေခါင္းေဆာင္မ်ားႏွင့္ နီးစပ္ေသာ ဝ အရာရွိမ်ားႏွင့္ လူအခ်ိဳ႕က ေျပာသည္။

ဤ အခ်က္ေၾကာင့္ပင္ စက္မွုလုပ္ငန္းစုႀကီး ျဖစ္ေသာ General Electric အပါအဝင္ ကုမၸဏီ အမ်ားအျပား တို႔မွာ နာမည္ပ်က္ စာရင္းဝင္ အုပ္စုမ်ားႏွင့္ တိုက္ရိုက္ျဖစ္ေစ သြယ္ဝိုက္၍ျဖစ္ေစ ဆက္ဆံျခင္းကို ပိတ္ပင္သည့္ အေရးယူ ပိတ္ဆို႔မွုကို ခ်ိဳးေဖာက္သည့္ အႏၲရာယ္ ရွိလာနိုင္သည္ဟု အေမရိကန္ အရာရွိေဟာင္းတဦး၊ လက္ရွိအရာရွိတဦးႏွင့္ အေရးယူ ပိတ္ဆို႔မွု က်င့္သုံးေရးကၽြမ္းက်င္ေရွ႕ေနမ်ားက ေျပာသည္။

ျမန္မာ သံျဖဴကို မသိဘဲ သုံးေသာေၾကာင့္ ကုမၸဏီမ်ားကို အေမရိကန္အစိုးရက ဒဏ္ရိုက္မည့္ အလားအလာ မရွိေသာ္လည္း ၎တို႔အေနျဖင့္ ကုန္ၾကမ္း ေပးသြင္းသူ အသစ္ရွာရန္ ဖိအားေပးနိုင္သည္ဟု အေရးယူပိတ္ဆို႔မွု ဆိုင္ရာကၽြမ္းက်င္သူမ်ားက ေျပာသည္။

အေမရိကန္၏ အေရးယူပိတ္ဆို႔မွုသည္ ေယဘုယ်အားျဖင့္ အေမရိကန္ ကုမၸဏီမ်ား အေနျဖင့္ နာမည္ပ်က္ စာရင္းဝင္ လူပုဂၢိဳလ္မ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ တိုက္ရိုက္ျဖစ္ေစ သြယ္ဝိုက္ျဖစ္ေစ ေရာင္းဝယ္ျခင္း သို႔မဟုတ္ ဆက္ဆံျခင္းကို ပိတ္ပင္သည္ ဟု အေမရိကန္ ဘ႑ာေရးဌာန ေျပာခြင့္ရသူ အမ်ိဳးသမီးက ေျပာေသာ္လည္း ယခုျဖစ္ေနေသာ ကိစၥတြင္မူ ထပ္မံ ေဝဖန္ေျပာၾကားရန္ ျငင္းဆိုသည္။

ဤ အေျခအေနမွာ အေမရိကန္နိုင္ငံစုံလုပ္ငန္းႀကီးမ်ား ရင္ဆိုင္ေနရသည့္ ပို၍ပို၍ ရွုပ္ေထြးလာေသာ ကုန္ၾကမ္း ကြင္းဆက္ ေလ့လာေစာင့္ၾကည့္ေရး အခက္အခဲကို ျပသေနသည္။

၂၀၁၂ ခုႏွစ္ အေမရိကန္ လုပ္ထုံးလုပ္နည္းတခုကို လိုက္နာၿပီး ကုမၸဏီတို႔သည္ ဗဟိုအာဖရိကမွ လက္နက္ကိုင္အုပ္စုမ်ား ထိန္းခ်ဳပ္ထားသည့္ သတၱဳမိုင္းမ်ားမွ တြင္းထြက္သတၱဳမ်ား ၎တို႔ထုတ္ကုန္မ်ားတြင္ ပါ မပါ စစ္ေဆးရန္ ေဒၚလာ သန္းေထာင္ခ်ီ သုံးေနရသည္။

သို႔ေသာ္ ထိုလုပ္ထုံး လုပ္နည္းသည္ ကုမၸဏီမ်ားအေနျဖင့္ အျခားေသာ ပဋိပကၡေဒသမ်ားမွ တြင္းထြက္မ်ား၏ ပင္ရင္းကို စစ္ေဆးရန္ မလိုအပ္ေပ။

Apple ၊ Tiffany ၊ GE ႏွင့္ ရိုက္တာသတင္းဌာနက ဆက္သြယ္ခဲ့ေသာ ကုမၸဏီမ်ားကမူ ထိုလုပ္ထုံးလုပ္နည္းကို လိုက္နာရန္ (Conflict Free Sourcing Initiative – CFSI) က ထုတ္လုပ္ေသာ စစ္ေဆးေရး အစီအစဥ္ကို သုံးၾကသည္ဟု ေျပာသည္။

CFSI ၏ ဒါရိုက္တာတဦးကမူ ၎တို႔အေနျဖင့္ ျမန္မာမွ အျခားနိုင္ငံမ်ားသို႔ သံျဖဴတင္ပို႔ျခင္းႏွင့္ ျမန္မာ၏ လူ႔အခြင့္အေရးႏွင့္ လုံျခဳံေရး အေျခအေနကို သတိထားမိသည္ဟု ေျပာသည္။ ၎တို႔အဖြဲ႕သည္ ပဋိပကၡေဒသႏွင့္ အႏၲရာယ္မ်ားေသာ နယ္ပယ္ဟူေသာ ေဝါဟာရမ်ားကို ပိုမိုက်ယ္ျပန႔္ေသာ ဖြင့္ဆိုမွု ထည့္သြင္းရန္ စစ္ေဆးေရးစည္းမ်ည္းမ်ားကို ပိုမို ေကာင္းမြန္ေအာင္ ျပဳလုပ္ေနသည္ဟု ေျပာသည္။

ကုမၸဏီမ်ား အေနျဖင့္ လုံ႔လစိုက္ထုတ္ လုပ္ေဆာင္ရမည့္ တာဝန္ဝတၱရားတခုကို ဗဟိုအာဖရိကကို သီးျခား အာ႐ုံစိုက္သည့္ လုပ္ငန္းတခုသို႔ လုံးလုံးလ်ားလ်ား မလြဲအပ္ရဟု ေလ့လာေစာင့္ၾကည့္ေရး အဖြဲ႕တခုျဖစ္ေသာ Global Witness မွ ကၽြမ္းက်င္သူ Sophia Pickles က ေျပာသည္။

“ကုန္ၾကမ္းကြင္းဆက္ တာဝန္ေၾကေရးအတြက္ ကုမၸဏီေတြမွာ အေျခခံအားျဖင့္ တာဝန္ရွိတယ္။ လုပ္ငန္းအစီအစဥ္ေတြမွာ တာဝန္မရွိဘူး” ဟု သူမက ဆက္ေျပာသည္။

ျပည္တြင္းစစ္

တကမၻာလုံးမွ တူးေဖာ္ရရွိေသာ သံျဖဴအမ်ားစုကို အီလက္ထရြန္းနစ္ ပစၥည္းမ်ားတြင္ ဘက္ထရီႏွင့္ ေအာက္ခံျပားမ်ား ျပဳလုပ္ရန္ ၾကားခံအျဖစ္ သုံးၾကသည္။

မိုင္းေမာ သတၱဳတြင္းကို ၂၀၁၃ ခုႏွစ္ ပတ္ဝန္းက်င္က စတင္ေတြ႕ရွိေသာ အခါ အရည္အေသြးျမင့္ သတၱဳရိုင္း အမ်ားအျပား ေတြ႕ရွိသျဖင့္ ကမၻာ့သံျဖဴေဈးကြက္တြင္ လွုပ္ခတ္သြာေစခဲ့သည္။ ယခု ႏွစ္စဥ္ထုတ္လုပ္မွုမွာ သံျဖဴတန္ခ်ိန္ ၃၃၀၀၀ ရွိသည္ ဟု ခန႔္မွန္းရသည္။

ျမန္မာနိုင္ငံတြင္ စစ္တပ္ႏွင့္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားၾကား ျပည္တြင္းစစ္မွာ ဆယ္စုႏွစ္မ်ားစြာ သက္ဆိုးရွည္ေနခဲ့ၿပီး၊ အဆိုပါ သတၱဳမိုင္းကို ျမန္မာနိုင္ငံတြင္ အႀကီးဆုံးေသာ လက္နက္ကိုင္အုပ္စု ျဖစ္သည့္ UWSA က ထိန္းခ်ဳပ္ထားသည္။ ရိုက္တာ သတင္းဌာနသည္ ပထမဆုံး နိုင္ငံတကာမီဒီယာ အျဖစ္ ထိုသတၱဳမိုင္းသို႔ လြန္ခဲ့ေသာလက သြားေရာက္ခဲ့သည္။

ထိုသတၱဳမိုင္းကို အုပ္ခ်ဳပ္ေသာ အရာရွိမ်ား၊ UWSA ေခါင္းေဆာင္မ်ား၊ အာရွသံျဖဴလုပ္ငန္း အမွုေဆာင္မ်ားႏွင့္ ျပဳလုပ္ခဲ့ေသာ ေတြ႕ဆုံေမးျမန္းမွုမ်ားႏွင့္ သံျဖဴကုန္ၾကမ္း ေပးသြင္းသူမ်ား၏ ထုတ္ျပန္ခ်က္မ်ားကို ေလ့လာမွုမ်ား အရ အေမရိကန္ႏွင့္ အျခားနိုင္ငံတကာ ကုမၸဏီမ်ား၏ ထုတ္ကုန္အမ်ားအျပားသည္ ဝ ေဒသမွ သံျဖဴကို အသုံးျပဳေနဖြယ္ ရွိသည္ ဟု ခန႔္မွန္းရသည္။

မိုင္းေမာသတၱဳမိုင္းမွ သံျဖဴသည္ ၎တို႔ဘာသာ ျပည္နယ္အျဖစ္ ေၾကညာထားေသာ ဝျပည္နယ္ႏွင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္ ပါဝင္ရန္ သို႔မဟုတ္ လက္နက္ျဖဳတ္သိမ္းရန္ ျငင္းဆန္ေနေသာ ေဒသအုပ္ခ်ဳပ္သူမ်ား ရွင္သန္ေရး အတြက္ အေရးပါေသာ ဝင္ေငြကို ေပးသည္။ “မနက္တိုင္း သံျဖဴသတၱဳရိုင္းေတြ တ႐ုတ္ျပည္ကို ပို႔တဲ့ ထရပ္ကား ဒါဇင္နဲ႔ခ်ီ ရွိတယ္” ဟု ဝ ေဒသနိုင္ငံျခားေရး႐ုံး အႀကီးအကဲ Zhao Guo An က ရိုက္တာသတင္းဌာနသို႔ ေျပာသည္။ “သံျဖဴတူးေဖာ္ေရးဟာ က်ေနာ္တို႔ စီးပြားေရးရဲ့ မ႑ိဳင္ပဲ၊ ဝင္ေငြ အမ်ားဆုံး ေပးတဲ့ လုပ္ငန္းပဲ” ဟု သူက ေျပာသည္။

အေမရိကန္နိုင္ငံသည္ ျမန္မာနိုင္ငံအေပၚ အေရးယူပိတ္ဆို႔မွု အမ်ားစုကို ႐ုပ္သိမ္းထားေသာ္လည္း UWSA ကို ရည္ရြယ္ေသာ ပိတ္ဆို႔မွု အပါအဝင္အခ်ိဳ႕ကို ဆက္လက္ထားရွိေနဆဲျဖစ္သည္။ ထိုအုပ္စုႏွင့္ ၎၏ ေခါင္းေဆာင္ အမ်ားအျပားမွာ ဘိန္းျဖဴႏွင့္ မက္သာအဖက္တမင္း ေမွာင္ခိုမွု စြပ္စြဲခ်က္ျဖင့္ Kingpin Act ဟုေခၚေသာ ဥပေဒအရ နာမည္ပ်က္ စာရင္းဝင္ေနသည္။ UWSA ေခါင္းေဆာင္မ်ားကမူ ထိုကိစၥတြင္ မပါဝင္ေၾကာင္း ျငင္းၿပီး နိုင္ငံေရးအရ အပုတ္ခ်ျခင္းသာ ျဖစ္သည္ဟု ေျပာသည္။

အေမရိကန္ဘ႑ာေရးဌာန အေရးယူပိတ္ဆို႔မွု ဆိုင္ရာ အႀကံေပးေဟာင္း Peter Kucik ကမူ ယခုေတြ႕ရွိခ်က္မ်ားေၾကာင့္ အေသးစိတ္ ဂ႐ုတစိုက္ ေလ့လာေဆာင္ရြက္ရန္ လိုသည္ဟု ေျပာသည္။

“ဒီအခ်က္ေတြက ပါဝင္ပတ္သက္သူေတြ အတြက္ အေရးယူပိတ္ဆို႔မွုနဲ႔ မလြတ္နိုင္တဲ့ အႏၲရာယ္ကို ျပေနတယ္” ဟုသူကဆိုသည္။

Apple သို႔ ကုန္ၾကမ္း ေပးသြင္းသူ ကုမၸဏီႏွစ္ခု ျဖစ္သည့္ ကမၻာ့နပတ္ (၁) သံျဖဴထုတ္လုပ္သူ Yunnan Tin Co Ltd ႏွင့္ ထိုင္ဝမ္အေျခစိုက္ သံျဖဴၾကားခံပစၥည္း ထုတ္လုပ္သူ Shenmao Technology ထို႔က ၎တို႔ ဝယ္ယူေသာ သံျဖဴအခ်ိဳ႕မွာ ဝ ေဒသမွ ျဖစ္သည္ဟု ေျပာသည္။

ကမၻာ့ေဈးကြက္သို႔ ကုန္ၾကမ္းေပးသြင္းေနေသာ အျခားေသာ တ႐ုတ္သတၱဳလုပ္ငန္းမ်ားလည္း မိုင္းေမာသတၱဳမိုင္းမွ သံျဖဴကို ဝယ္ယူသည္ဟု လြန္ခဲ့ေသာလက ေဒသသို႔ သြားေရာက္ခဲ့ေသာ တ႐ုတ္နိုင္ငံမွ ထိပ္တန္း သတၱဳသုေတသနကုမၸဏီ ျဖစ္သည့္ Asia Metal မွ သုေတသီ Mandy Gan ႏွင့္ အျခားကၽြမ္းက်င္သူ တဦးတို႔က ေျပာသည္။

ထိုသံျဖဴကို သြယ္ဝိုက္ အသုံးျပဳျခင္းသည္ပင္ အေမရိကန္အေရးယူပိတ္ဆို႔မွု ဥပေဒကို ခ်ိဳးေဖာက္နိုင္သည္ ဟု အေရးယူပိတ္ဆို႔မွု ကၽြမ္းက်င္သူမ်ားက ေျပာသည္။ ထိုဥပေဒအရ အာဏာပိုင္မ်ား အေနျဖင့္ ရည္ရြယ္ခ်က္ကို သက္ေသျပရန္ မလိုေပ။ ရိုက္တာသတင္းဌာနႏွင့္ ေတြ႕ဆုံခဲ့ေသာ ျမန္မာနိုင္ငံမူဝါဒကို ကိုင္တြယ္သည့္ အေမရိကန္ အရာရွိတဦးကမူ UWSA ႏွင့္ မည္သည့္ပတ္သက္မွုကိုမဆို အစိုးရက စုံစမ္းစစ္ေဆးဖြယ္ ရွိသည္ဟု ေျပာသည္။

သို႔ေသာ္ ကုန္ၾကမ္း ေပးသြင္းေရး ကြင္းဆက္မွ နက္ရွိုင္းလွေသာ ကိစၥကို ဘာ႑ာေရးဌာန အေနျဖင့္ ကုမၸဏီမ်ားကို အေရးယူဖြယ္ မရွိဟု ဝါရွင္တန္အေျခစိုက္ အေရးယူပိတ္ဆို႔မွု ေရွေန Erich Ferrari က ေျပာသည္။ ထိုအဆက္အစပ္ လူသိရွင္ၾကား ျဖစ္လာပါက ကုမၸဏီမ်ားအေနျဖင့္ အေရာင္းအဝယ္ ရပ္စဲၿပီး ကုန္ၾကမ္းေပးသြင္းသူသစ္ မရွာလၽွင္သာ အာဏာပိုင္မ်ားက အေရးယူမည္ဟု သူက ေျပာသည္။

ကုန္ၾကမ္းေပးသြင္းေရး ကြင္းဆက္

အဓိကၾကားခံ ကုပၼဏီမွာ တ႐ုတ္နိုင္ငံ အေနာက္ေတာင္ပိုင္း ယူနန္ျပည္နယ္ အေျခစိုက္ အစိုးရပိုင ္Yunnan Cultural Industry International (YCII) ျဖစ္သည္။ ထိုကုမၸဏီက ၎တို႔သည္ ဝေဒသႏွင့္ ေသနဂၤဗ်ဴဟာက်ေသာ ေရရွည္ တည္ၿငိမ္ေသာ ဆက္ဆံေရးရွိသည္ ဟု ၎တို႔၏ အင္တာနက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

YCII (Yunnan Cultural Industry International) က ေတြ႕ဆုံေမးျမန္းမွုကို အႀကိမ္ႀကိမ္ ျငင္းဆိုသည္။ သို႔ေသာ္ ၎သည္ ကမၻာ့ထိပ္တန္း သံျဖဴထုတ္လုပ္သူ ယူနန္အေျခစိုက္ Yunnan Tin သို႔ အဓိကကုန္ၾကမ္းသြင္းသူ ျဖစ္သည္။

Yunnan Tin က Foxconn Technology Co အပါအဝင္ ကုမၸဏီအမ်ားအျပားသို႔ ကုန္ၾကမ္းေပးသြင္းၿပီး Pegatron Corp ကို သြယ္ဝိုက္ေပးသြင္းကာ Pegatron Corp ၏ ေဖာက္သည္မ်ားတြင္ Apple လည္း ပါဝင္သည္။ ၎သည္ သံျဖဴၾကားခံ ထုတ္လုပ္သူ Shenmao Technology သို႔လည္း ကုန္ၾကမ္းေပးၿပီး Shenmao Technology ကလည္း Pegatron သို႔ပင္ ကုန္ၾကမ္းေပးသည္။

“ျမန္မာနိုင္ငံကို ပဋိပကၡေဒသလို႔ CFSI က မသတ္မွတ္ဘူး။ သတၱဳလုပ္ငန္းေတြက ပင္ရင္းေဒသ အေထာက္အထား စာရြက္စာတမ္း ျပနိုင္ရင္ က်ေနာ္တို႔က လက္ခံတယ္” ဟု ထိုင္ဝမ္အေျခစိုက္ Shenmao မွ ပင္ရင္းေဒသ ႀကီးၾကပ္သူ  Tim Lin က ေျပာသည္။ ၎တို႔၏ သံျဖဴ ေလးပုံတပုံမွာ Yunnan Tin မွလာသည္ ဟုလည္း သူက ဆိုသည္။

လြန္ခဲ့ေသာ ၂ ႏွစ္အတြင္း Yunnan Tin သည္ အေမရိကန္ျပည္ေထာင္စုသို႔ သတၱဳ တန္ခ်ိန္ ၁၂၀၀၀ တင္ပို႔ခဲ့သည္ဟု အေမရိကန္ အေျခစိုက္ ကုန္သြယ္ေရး ေလ့လာမွု ကုမၸဏီ Panjiva ၏ အခ်က္အလက္မ်ားအရ သိရသည္။

လူသိရွင္ၾကား ကုန္သြယ္ေသာ အေမရိကန္ ကုမၸဏီ ၅၀၀ ေက်ာ္တို႔က ၎တို႔၏ ကုန္ၾကမ္းေပးသြင္းသူမ်ားသည္ Yunnan Tin သို႔မဟုတ္ ၎၏ San Mateo ရွိ California-based division ကာလီဖိုနီးယား အေျခစိုက္ဌာနခြဲ ျဖစ္သည့္ Yuntinic Resources မွ သံျဖဴကို သုံးၾကသည္ဟု ကုန္ပစၥည္း ထုတ္လုပ္ေသာ ကုမၸဏီမ်ားက U.S. Securities and Exchange Commission သို႔ တင္ျပေသာ ထုတ္ျပန္ခ်က္မ်ားကို ေလ့လာမွုအရ သိရသည္။

Yunnan Tin ၏ ဒါရိုက္တာအဖြဲ႕ဝင္ ႏွစ္ဦးျဖစ္ေသာ ဒုဥကၠဌ Yang Yimin ႏွင့္ အတြင္းေရးမွူးႏွင့္ ဒုတိယအေထြေထြ မန္ေနဂ်ာ Pan Wenhao တို႔က ၎တို႔၏ သံျဖဴအခ်ိဳ႕မွာ UWSA ၏ သတၱဳတြင္းမွ ျဖစ္သည္ဟု ေတြ႕ဆုံေမးျမန္းစဥ္ ေျပာၾကသည္။ “က်ေနာ္တို႔ ျမန္မာကသံျဖဴေတြကို သြယ္ဝိုက္ဝယ္ယူတာ ဟုတ္ပါတယ္၊ ပင္ရင္းေဒသ ဘယ္ကလဲ ဆိုတာကို သိပ္အာ႐ုံမစိုက္ပါဘူး “ ဟု Pan Wenhao က ေျပာသည္။

Yunnan Tin သည္ ဝ သံျဖဴကို တ႐ုတ္နိုင္ငံ အလယ္ပိုင္းႏွင့္ အေနာက္ေတာင္ပိုင္းမွ သတၱဳမ်ားႏွင့္ ေရာေႏွာၿပီး ပစၥည္း ထုတ္လုပ္သည္ဟု သူက ဆက္ေျပာသည္။

ထို႔ေၾကာင့္ ဤကုမၸဏီ၏ မည္သည့္တင္ပို႔မွုတြင္ ဝ သံျဖဴပါသည္ကို ေျပာရန္ မျဖစ္နိုင္ေတာ့ေပ။ သို႔ေသာ္ Yunnan Tin သည္ ၎၏ သံျဖဴသုံးစြဲမွု ၃ ပုံ ၁ ပုံ နီးပါး ၁၆၅၀၀ တန္ကို ဝသတၱဳမိုင္းမွ ဝယ္သည္ဟု Pan Wenhao က ခန႔္မွန္းသည္။

Apple ကမူ ၎တို႔သည္ ကုန္ၾကမ္းေပးသြင္းသူမ်ား စည္းကမ္းျပည့္မီရန္ ကူညီမည္ဟု ၎တို႔၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားၿပီး မလိုက္နာနိုင္သူ မလိုက္နာလိုသူမ်ားကို ကုန္ၾကမ္းေပးသြင္းသူ စာရင္းမွ ထုတ္ပယ္မည္ဟု ဆိုသည္။

“က်ေနာ္တို႔ရဲ့ ထုတ္ကုန္ေတြမွာ ျမန္မာက တရားမဝင္ သံျဖဴပါတဲ့ အေထာက္အထား မရွိေပမယ့္ ဆက္လက္စုံစမ္းစစ္ေဆး မယ္။ ျပႆနာေတြ႕ရင္ ေျဖရွင္းမယ္။ စံႏွုန္းေတြကို ျမႇင့္တင္ၿပီး လူ႔အခြင့္အေရးကို ကာကြယ္ဖို႔လိုတာ အားလုံး လုပ္ေဆာင္မယ္” ဟု Apple ၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ Foxconn ကလည္း ၎တို႔သည္ ကုန္ၾကမ္း ေပးသြင္သူ စီမံခန႔္ခြဲမွု စည္းကမ္းမ်ားကို နိုင္ငံတကာႏွင့္ ျပည္တြင္းပဋိပကၡေဒသ တြင္းထြက္ဥပေဒမ်ားႏွင့္ အညီ လိုက္နာေစေၾကာင္းႏွင့္ ထိုစည္းကမ္းမ်ားကို ၎တို႔ထံ ကုန္ၾကမ္းသြင္းသူမ်ားကို ႀကိဳတင္အသိေပးထားေၾကာင္း ေျပာသည္။

၎တို႔၏သံျဖဴ ၁ ရာခိုင္ႏွုန္း ခန႔္ကိုသာ Yunnan Tin မွဝယ္ယူၿပီး အေမရိကန္ျပင္ပေဖာက္သည္ တဦးတည္းသို႔သာ ပို႔သည့္ ပစၥည္းတြင္ သုံးသည္ဟုလည္း ေျပာသည္။ Pegatron Corp က ၎တို႔သည္ ကုန္ၾကမ္း ေပးသြင္းသူမ်ားကို ႏွစ္စဥ္စစ္ေဆးၿပီးပဋိပကၡေဒသႏွင့္ ကင္းေသာပင္ရင္းကို သုံးရန္ အားေပးသည္ဟု ဆိုသည္။

Pegatron Corp သည္ ၎၏ေဖာက္သည္မ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ လက္တြဲၿပီး ပင္ရင္းတြင္းထြက္မ်ားကို တာဝန္သိသိ စုံစမ္းစစ္ေဆးမည္ဟု ေျပာသည္။

လက္ဝတ္ရတနာမွ အိမ္သုံးကိရိယာမ်ား အထိ

အေမရိကန္ျပည္ေထာင္စုတြင္ လူသုံးကုန္ပစၥည္း ထုတ္လုပ္ေရာင္းခ်သူမ်ားသည္ Dodd-Frank Act ဥပေဒအရ ၎တို႔ထံ သံျဖဴႏွင့္ အျခားတြင္းထြက္ ေပးသြင္းသူမ်ား စာရင္းကို ထုတ္ျပန္ေၾကညာရသည္။

Yunnan Tin ကို ေဖာ္ျပေသာ ကုမၸဏီမ်ားအနက္ Tiffany က ၎ထံပစၥည္းေပးသြင္းသူ တဦးသည္ တ႐ုတ္သတၱဳလုပ္ငန္း သံျဖဴအနည္းငယ္ကို သြယ္ဝိုက္ ဝယ္ယူၿပီး ေငြထည္လက္ဝတ္ရတနာႏွင့္ ေခါင္းပြပစၥည္းမ်ားတြင္ ဂေဟၾကားခံ အျဖစ္ သုံးသည္ဟု ေၾကညာသည္။

Yunnan Tin သည္ ပဋိပကၡကင္းသည္ဟု CFSI က သတ္မွတ္ေၾကာင္း ထိုသတၱဳလုပ္ငန္းကို အသုံးျပဳျခင္းသည္ ၎တို႔၏ ပဋိပကၡတြင္းထြက္ မူဝါဒႏွင့္ ကိုက္ညီေၾကာင္းလည္း ေျပာသည္။

Starbucks ကလည္း Yunnan Tin မွ သတၱဳအနည္းငယ္ကို ၾကားခံေပးသြင္းသူ ထံမွ ဝယ္ယူၿပီး ၎တို႔ေကာ္ဖီဆိုင္ မီးဖိုမ်ားတြင္ သုံးသည္ဟု ေၾကညာသည္။ ၎တို႔သည္ ျမန္မာမွ သတၱဳသုံးေနေၾကာင္း မည္သည့္ အခ်က္အလက္မၽွ မရရွိေၾကာင္း၊ သို႔ေသာ္ပစၥည္း ေပးသြင္းသူမ်ားအေနျဖင့္ ပင္ရင္းေဒသ ေၾကညာရန္ တြန္းအားေပးမည္ဟု ေျပာခြင့္ရ ပုဂၢိဳလ္က ဆိုသည္။

GE ၏ ေျပာခြင့္ရသူ တဦးကလည္း ၎တို႔ ကုမၸဏီသည္ သတၱဳကုန္ၾကမ္း ေပးသြင္းသူ ကြင္းဆက္တြင္ က်င့္ဝတ္ညီေသာ ပင္ရင္းသုံးရန္ ႀကိဳးစားေၾကာင္း၊ ရိုက္တာ သတင္းဌာန၏ စိုးရိမ္မွုကို မွတ္သားထားၿပီး ၎တို႔၏ လုပ္ငန္းတြင္း ျဖစ္စဥ္မ်ား၊ ျပင္ပ လုပ္ေဖာ္ကိုင္ဖက္မ်ားမွ တဆင့္ ကိုင္တြယ္ေျဖရွင္မည္ ဟု ေျပာသည္။

Target အမည္ရွိ လက္လီအေရာင္း လုပ္ငန္းမွ ေျပာခြင့္ရသူကလည္း တာဝန္သိေသာ စီးပြားေရးက်င့္ဝတ္မ်ားကို အေလးထားေၾကာင္း၊ ဤ သတင္းကို အေလးအနက္ထားၿပီး စုံစမ္းစစ္ေဆးမည္ ျဖစ္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။            ။

( Reuters သတင္းေထာက္  Yimou Lee ႏွင့္ Joel Schectman တို႔၏ For Apple and others, tin supply chain has ties to rebel-held Myanmar mine ကို ဘာသာျပန္ဆိုသည္)
Irrawaddy
.................
By Reuters 2 December 2016

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ သူပုန်စစ်တပ်တခုသည် ကမ္ဘာ့အကြီးဆုံး လူသုံးကုန် ကုမ္ပဏီများသို့ ကုန်ကြမ်း ပေးသွင်းသူများအား သံဖြူသတ္တုရိုင်းများကို ရောင်းချနေသည်။

စမတ်ဖုန်း ထုတ်လုပ်သူ Apple ၊ ကော်ဖီလုပ်ငန်းကြီး Starbucks နှင့် အဆင့်မြင့် လက်ဝတ်ရတနာ လုပ်ငန်း Tiffny & Co, တို့ အပါအဝင် ကုမ္ပဏီ ၅၀၀ ကျော်တို့သည် ၎င်းတို့ထံ ကုန်ကြမ်းပေးသွင်းသူများ အကြား၌ မြန်မာတရုတ် နယ်စပ်အနီး မိုင်းမော သတ္တုတွင်းမှ သတ္တုရိုင်းများကို သွယ်ဝိုက်ဝယ်ယူနေသော တရုတ်ထိန်းချုပ် ကုမ္ပဏီများ ပါဝင်ကြောင်း ရိုက်တာ သတင်းဌာန၏ ကုန်ကြမ်း ပေးသွင်းမှု ကွင်းဆင်း လေ့လာမှု တခု အရ သိရသည်။

ထိုသတတ္တုမိုင်းကို မူးယစ်ဆေးဝါး ရောင်ဝယ်မှုဖြင့် စွပ်စွဲပြီး အမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်က အရေးယူ ပိတ်ဆို့ ထားသော ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က ထိန်းချုပ်ထားသည်။ ထိုသတ္တုမိုင်းမှ သံဖြူထုတ်ယူနေ သော ကုမ္ပဏီ ၇ ခုကို ဝစစ်တပ်နှင့် အစိုးရခေါင်းဆောင်များက ပိုင်ဆိုင်သည် သို့မဟုတ် ထိန်းချုပ်ထားသည် ဟု UWSA ခေါင်းဆောင်များနှင့် နီးစပ်သော ဝ အရာရှိများနှင့် လူအချို့က ပြောသည်။

ဤ အချက်ကြောင့်ပင် စက်မှုလုပ်ငန်းစုကြီး ဖြစ်သော General Electric အပါအဝင် ကုမ္ပဏီ အများအပြား တို့မှာ နာမည်ပျက် စာရင်းဝင် အုပ်စုများနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဆက်ဆံခြင်းကို ပိတ်ပင်သည့် အရေးယူ ပိတ်ဆို့မှုကို ချိုးဖောက်သည့် အန္တရာယ် ရှိလာနိုင်သည်ဟု အမေရိကန် အရာရှိဟောင်းတဦး၊ လက်ရှိအရာရှိတဦးနှင့် အရေးယူ ပိတ်ဆို့မှု ကျင့်သုံးရေးကျွမ်းကျင်ရှေ့နေများက ပြောသည်။

မြန်မာ သံဖြူကို မသိဘဲ သုံးသောကြောင့် ကုမ္ပဏီများကို အမေရိကန်အစိုးရက ဒဏ်ရိုက်မည့် အလားအလာ မရှိသော်လည်း ၎င်းတို့အနေဖြင့် ကုန်ကြမ်း ပေးသွင်းသူ အသစ်ရှာရန် ဖိအားပေးနိုင်သည်ဟု အရေးယူပိတ်ဆို့မှု ဆိုင်ရာကျွမ်းကျင်သူများက ပြောသည်။

အမေရိကန်၏ အရေးယူပိတ်ဆို့မှုသည် ယေဘုယျအားဖြင့် အမေရိကန် ကုမ္ပဏီများ အနေဖြင့် နာမည်ပျက် စာရင်းဝင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ရောင်းဝယ်ခြင်း သို့မဟုတ် ဆက်ဆံခြင်းကို ပိတ်ပင်သည် ဟု အမေရိကန် ဘဏ္ဍာရေးဌာန ပြောခွင့်ရသူ အမျိုးသမီးက ပြောသော်လည်း ယခုဖြစ်နေသော ကိစ္စတွင်မူ ထပ်မံ ဝေဖန်ပြောကြားရန် ငြင်းဆိုသည်။

ဤ အခြေအနေမှာ အမေရိကန်နိုင်ငံစုံလုပ်ငန်းကြီးများ ရင်ဆိုင်နေရသည့် ပို၍ပို၍ ရှုပ်ထွေးလာသော ကုန်ကြမ်း ကွင်းဆက် လေ့လာစောင့်ကြည့်ရေး အခက်အခဲကို ပြသနေသည်။

၂၀၁၂ ခုနှစ် အမေရိကန် လုပ်ထုံးလုပ်နည်းတခုကို လိုက်နာပြီး ကုမ္ပဏီတို့သည် ဗဟိုအာဖရိကမှ လက်နက်ကိုင်အုပ်စုများ ထိန်းချုပ်ထားသည့် သတ္တုမိုင်းများမှ တွင်းထွက်သတ္တုများ ၎င်းတို့ထုတ်ကုန်များတွင် ပါ မပါ စစ်ဆေးရန် ဒေါ်လာ သန်းထောင်ချီ သုံးနေရသည်။

သို့သော် ထိုလုပ်ထုံး လုပ်နည်းသည် ကုမ္ပဏီများအနေဖြင့် အခြားသော ပဋိပက္ခဒေသများမှ တွင်းထွက်များ၏ ပင်ရင်းကို စစ်ဆေးရန် မလိုအပ်ပေ။

Apple ၊ Tiffany ၊ GE နှင့် ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့သော ကုမ္ပဏီများကမူ ထိုလုပ်ထုံးလုပ်နည်းကို လိုက်နာရန် (Conflict Free Sourcing Initiative – CFSI) က ထုတ်လုပ်သော စစ်ဆေးရေး အစီအစဉ်ကို သုံးကြသည်ဟု ပြောသည်။

CFSI ၏ ဒါရိုက်တာတဦးကမူ ၎င်းတို့အနေဖြင့် မြန်မာမှ အခြားနိုင်ငံများသို့ သံဖြူတင်ပို့ခြင်းနှင့် မြန်မာ၏ လူ့အခွင့်အရေးနှင့် လုံခြုံရေး အခြေအနေကို သတိထားမိသည်ဟု ပြောသည်။ ၎င်းတို့အဖွဲ့သည် ပဋိပက္ခဒေသနှင့် အန္တရာယ်များသော နယ်ပယ်ဟူသော ဝေါဟာရများကို ပိုမိုကျယ်ပြန့်သော ဖွင့်ဆိုမှု ထည့်သွင်းရန် စစ်ဆေးရေးစည်းမျည်းများကို ပိုမို ကောင်းမွန်အောင် ပြုလုပ်နေသည်ဟု ပြောသည်။

ကုမ္ပဏီများ အနေဖြင့် လုံ့လစိုက်ထုတ် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတခုကို ဗဟိုအာဖရိကကို သီးခြား အာရုံစိုက်သည့် လုပ်ငန်းတခုသို့ လုံးလုံးလျားလျား မလွဲအပ်ရဟု လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သော Global Witness မှ ကျွမ်းကျင်သူ Sophia Pickles က ပြောသည်။

“ကုန်ကြမ်းကွင်းဆက် တာဝန်ကြေရေးအတွက် ကုမ္ပဏီတွေမှာ အခြေခံအားဖြင့် တာဝန်ရှိတယ်။ လုပ်ငန်းအစီအစဉ်တွေမှာ တာဝန်မရှိဘူး” ဟု သူမက ဆက်ပြောသည်။

ပြည်တွင်းစစ်

တကမ္ဘာလုံးမှ တူးဖော်ရရှိသော သံဖြူအများစုကို အီလက်ထရွန်းနစ် ပစ္စည်းများတွင် ဘက်ထရီနှင့် အောက်ခံပြားများ ပြုလုပ်ရန် ကြားခံအဖြစ် သုံးကြသည်။

မိုင်းမော သတ္တုတွင်းကို ၂၀၁၃ ခုနှစ် ပတ်ဝန်းကျင်က စတင်တွေ့ရှိသော အခါ အရည်အသွေးမြင့် သတ္တုရိုင်း အများအပြား တွေ့ရှိသဖြင့် ကမ္ဘာ့သံဖြူဈေးကွက်တွင် လှုပ်ခတ်သွာစေခဲ့သည်။ ယခု နှစ်စဉ်ထုတ်လုပ်မှုမှာ သံဖြူတန်ချိန် ၃၃၀၀၀ ရှိသည် ဟု ခန့်မှန်းရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား ပြည်တွင်းစစ်မှာ ဆယ်စုနှစ်များစွာ သက်ဆိုးရှည်နေခဲ့ပြီး၊ အဆိုပါ သတ္တုမိုင်းကို မြန်မာနိုင်ငံတွင် အကြီးဆုံးသော လက်နက်ကိုင်အုပ်စု ဖြစ်သည့် UWSA က ထိန်းချုပ်ထားသည်။ ရိုက်တာ သတင်းဌာနသည် ပထမဆုံး နိုင်ငံတကာမီဒီယာ အဖြစ် ထိုသတ္တုမိုင်းသို့ လွန်ခဲ့သောလက သွားရောက်ခဲ့သည်။

ထိုသတ္တုမိုင်းကို အုပ်ချုပ်သော အရာရှိများ၊ UWSA ခေါင်းဆောင်များ၊ အာရှသံဖြူလုပ်ငန်း အမှုဆောင်များနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုများနှင့် သံဖြူကုန်ကြမ်း ပေးသွင်းသူများ၏ ထုတ်ပြန်ချက်များကို လေ့လာမှုများ အရ အမေရိကန်နှင့် အခြားနိုင်ငံတကာ ကုမ္ပဏီများ၏ ထုတ်ကုန်အများအပြားသည် ဝ ဒေသမှ သံဖြူကို အသုံးပြုနေဖွယ် ရှိသည် ဟု ခန့်မှန်းရသည်။

မိုင်းမောသတ္တုမိုင်းမှ သံဖြူသည် ၎င်းတို့ဘာသာ ပြည်နယ်အဖြစ် ကြေညာထားသော ဝပြည်နယ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် သို့မဟုတ် လက်နက်ဖြုတ်သိမ်းရန် ငြင်းဆန်နေသော ဒေသအုပ်ချုပ်သူများ ရှင်သန်ရေး အတွက် အရေးပါသော ဝင်ငွေကို ပေးသည်။ “မနက်တိုင်း သံဖြူသတ္တုရိုင်းတွေ တရုတ်ပြည်ကို ပို့တဲ့ ထရပ်ကား ဒါဇင်နဲ့ချီ ရှိတယ်” ဟု ဝ ဒေသနိုင်ငံခြားရေးရုံး အကြီးအကဲ Zhao Guo An က ရိုက်တာသတင်းဌာနသို့ ပြောသည်။ “သံဖြူတူးဖော်ရေးဟာ ကျနော်တို့ စီးပွားရေးရဲ့ မဏ္ဍိုင်ပဲ၊ ဝင်ငွေ အများဆုံး ပေးတဲ့ လုပ်ငန်းပဲ” ဟု သူက ပြောသည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အများစုကို ရုပ်သိမ်းထားသော်လည်း UWSA ကို ရည်ရွယ်သော ပိတ်ဆို့မှု အပါအဝင်အချို့ကို ဆက်လက်ထားရှိနေဆဲဖြစ်သည်။ ထိုအုပ်စုနှင့် ၎င်း၏ ခေါင်းဆောင် အများအပြားမှာ ဘိန်းဖြူနှင့် မက်သာအဖက်တမင်း မှောင်ခိုမှု စွပ်စွဲချက်ဖြင့် Kingpin Act ဟုခေါ်သော ဥပဒေအရ နာမည်ပျက် စာရင်းဝင်နေသည်။ UWSA ခေါင်းဆောင်များကမူ ထိုကိစ္စတွင် မပါဝင်ကြောင်း ငြင်းပြီး နိုင်ငံရေးအရ အပုတ်ချခြင်းသာ ဖြစ်သည်ဟု ပြောသည်။

အမေရိကန်ဘဏ္ဍာရေးဌာန အရေးယူပိတ်ဆို့မှု ဆိုင်ရာ အကြံပေးဟောင်း Peter Kucik ကမူ ယခုတွေ့ရှိချက်များကြောင့် အသေးစိတ် ဂရုတစိုက် လေ့လာဆောင်ရွက်ရန် လိုသည်ဟု ပြောသည်။

“ဒီအချက်တွေက ပါဝင်ပတ်သက်သူတွေ အတွက် အရေးယူပိတ်ဆို့မှုနဲ့ မလွတ်နိုင်တဲ့ အန္တရာယ်ကို ပြနေတယ်” ဟုသူကဆိုသည်။

Apple သို့ ကုန်ကြမ်း ပေးသွင်းသူ ကုမ္ပဏီနှစ်ခု ဖြစ်သည့် ကမ္ဘာ့နပတ် (၁) သံဖြူထုတ်လုပ်သူ Yunnan Tin Co Ltd နှင့် ထိုင်ဝမ်အခြေစိုက် သံဖြူကြားခံပစ္စည်း ထုတ်လုပ်သူ Shenmao Technology ထို့က ၎င်းတို့ ဝယ်ယူသော သံဖြူအချို့မှာ ဝ ဒေသမှ ဖြစ်သည်ဟု ပြောသည်။

ကမ္ဘာ့ဈေးကွက်သို့ ကုန်ကြမ်းပေးသွင်းနေသော အခြားသော တရုတ်သတ္တုလုပ်ငန်းများလည်း မိုင်းမောသတ္တုမိုင်းမှ သံဖြူကို ဝယ်ယူသည်ဟု လွန်ခဲ့သောလက ဒေသသို့ သွားရောက်ခဲ့သော တရုတ်နိုင်ငံမှ ထိပ်တန်း သတ္တုသုတေသနကုမ္ပဏီ ဖြစ်သည့် Asia Metal မှ သုတေသီ Mandy Gan နှင့် အခြားကျွမ်းကျင်သူ တဦးတို့က ပြောသည်။

ထိုသံဖြူကို သွယ်ဝိုက် အသုံးပြုခြင်းသည်ပင် အမေရိကန်အရေးယူပိတ်ဆို့မှု ဥပဒေကို ချိုးဖောက်နိုင်သည် ဟု အရေးယူပိတ်ဆို့မှု ကျွမ်းကျင်သူများက ပြောသည်။ ထိုဥပဒေအရ အာဏာပိုင်များ အနေဖြင့် ရည်ရွယ်ချက်ကို သက်သေပြရန် မလိုပေ။ ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံခဲ့သော မြန်မာနိုင်ငံမူဝါဒကို ကိုင်တွယ်သည့် အမေရိကန် အရာရှိတဦးကမူ UWSA နှင့် မည်သည့်ပတ်သက်မှုကိုမဆို အစိုးရက စုံစမ်းစစ်ဆေးဖွယ် ရှိသည်ဟု ပြောသည်။

သို့သော် ကုန်ကြမ်း ပေးသွင်းရေး ကွင်းဆက်မှ နက်ရှိုင်းလှသော ကိစ္စကို ဘာဏ္ဍာရေးဌာန အနေဖြင့် ကုမ္ပဏီများကို အရေးယူဖွယ် မရှိဟု ဝါရှင်တန်အခြေစိုက် အရေးယူပိတ်ဆို့မှု ရှေနေ Erich Ferrari က ပြောသည်။ ထိုအဆက်အစပ် လူသိရှင်ကြား ဖြစ်လာပါက ကုမ္ပဏီများအနေဖြင့် အရောင်းအဝယ် ရပ်စဲပြီး ကုန်ကြမ်းပေးသွင်းသူသစ် မရှာလျှင်သာ အာဏာပိုင်များက အရေးယူမည်ဟု သူက ပြောသည်။

ကုန်ကြမ်းပေးသွင်းရေး ကွင်းဆက်

အဓိကကြားခံ ကုပ္မဏီမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် အခြေစိုက် အစိုးရပိုင ်Yunnan Cultural Industry International (YCII) ဖြစ်သည်။ ထိုကုမ္ပဏီက ၎င်းတို့သည် ဝဒေသနှင့် သေနင်္ဂဗျူဟာကျသော ရေရှည် တည်ငြိမ်သော ဆက်ဆံရေးရှိသည် ဟု ၎င်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

YCII (Yunnan Cultural Industry International) က တွေ့ဆုံမေးမြန်းမှုကို အကြိမ်ကြိမ် ငြင်းဆိုသည်။ သို့သော် ၎င်းသည် ကမ္ဘာ့ထိပ်တန်း သံဖြူထုတ်လုပ်သူ ယူနန်အခြေစိုက် Yunnan Tin သို့ အဓိကကုန်ကြမ်းသွင်းသူ ဖြစ်သည်။

Yunnan Tin က Foxconn Technology Co အပါအဝင် ကုမ္ပဏီအများအပြားသို့ ကုန်ကြမ်းပေးသွင်းပြီး Pegatron Corp ကို သွယ်ဝိုက်ပေးသွင်းကာ Pegatron Corp ၏ ဖောက်သည်များတွင် Apple လည်း ပါဝင်သည်။ ၎င်းသည် သံဖြူကြားခံ ထုတ်လုပ်သူ Shenmao Technology သို့လည်း ကုန်ကြမ်းပေးပြီး Shenmao Technology ကလည်း Pegatron သို့ပင် ကုန်ကြမ်းပေးသည်။

“မြန်မာနိုင်ငံကို ပဋိပက္ခဒေသလို့ CFSI က မသတ်မှတ်ဘူး။ သတ္တုလုပ်ငန်းတွေက ပင်ရင်းဒေသ အထောက်အထား စာရွက်စာတမ်း ပြနိုင်ရင် ကျနော်တို့က လက်ခံတယ်” ဟု ထိုင်ဝမ်အခြေစိုက် Shenmao မှ ပင်ရင်းဒေသ ကြီးကြပ်သူ  Tim Lin က ပြောသည်။ ၎င်းတို့၏ သံဖြူ လေးပုံတပုံမှာ Yunnan Tin မှလာသည် ဟုလည်း သူက ဆိုသည်။

လွန်ခဲ့သော ၂ နှစ်အတွင်း Yunnan Tin သည် အမေရိကန်ပြည်ထောင်စုသို့ သတ္တု တန်ချိန် ၁၂၀၀၀ တင်ပို့ခဲ့သည်ဟု အမေရိကန် အခြေစိုက် ကုန်သွယ်ရေး လေ့လာမှု ကုမ္ပဏီ Panjiva ၏ အချက်အလက်များအရ သိရသည်။

လူသိရှင်ကြား ကုန်သွယ်သော အမေရိကန် ကုမ္ပဏီ ၅၀၀ ကျော်တို့က ၎င်းတို့၏ ကုန်ကြမ်းပေးသွင်းသူများသည် Yunnan Tin သို့မဟုတ် ၎င်း၏ San Mateo ရှိ California-based division ကာလီဖိုနီးယား အခြေစိုက်ဌာနခွဲ ဖြစ်သည့် Yuntinic Resources မှ သံဖြူကို သုံးကြသည်ဟု ကုန်ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီများက U.S. Securities and Exchange Commission သို့ တင်ပြသော ထုတ်ပြန်ချက်များကို လေ့လာမှုအရ သိရသည်။

Yunnan Tin ၏ ဒါရိုက်တာအဖွဲ့ဝင် နှစ်ဦးဖြစ်သော ဒုဥက္ကဌ Yang Yimin နှင့် အတွင်းရေးမှူးနှင့် ဒုတိယအထွေထွေ မန်နေဂျာ Pan Wenhao တို့က ၎င်းတို့၏ သံဖြူအချို့မှာ UWSA ၏ သတ္တုတွင်းမှ ဖြစ်သည်ဟု တွေ့ဆုံမေးမြန်းစဉ် ပြောကြသည်။ “ကျနော်တို့ မြန်မာကသံဖြူတွေကို သွယ်ဝိုက်ဝယ်ယူတာ ဟုတ်ပါတယ်၊ ပင်ရင်းဒေသ ဘယ်ကလဲ ဆိုတာကို သိပ်အာရုံမစိုက်ပါဘူး “ ဟု Pan Wenhao က ပြောသည်။

Yunnan Tin သည် ဝ သံဖြူကို တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းမှ သတ္တုများနှင့် ရောနှောပြီး ပစ္စည်း ထုတ်လုပ်သည်ဟု သူက ဆက်ပြောသည်။

ထို့ကြောင့် ဤကုမ္ပဏီ၏ မည်သည့်တင်ပို့မှုတွင် ဝ သံဖြူပါသည်ကို ပြောရန် မဖြစ်နိုင်တော့ပေ။ သို့သော် Yunnan Tin သည် ၎င်း၏ သံဖြူသုံးစွဲမှု ၃ ပုံ ၁ ပုံ နီးပါး ၁၆၅၀၀ တန်ကို ဝသတ္တုမိုင်းမှ ဝယ်သည်ဟု Pan Wenhao က ခန့်မှန်းသည်။

Apple ကမူ ၎င်းတို့သည် ကုန်ကြမ်းပေးသွင်းသူများ စည်းကမ်းပြည့်မီရန် ကူညီမည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားပြီး မလိုက်နာနိုင်သူ မလိုက်နာလိုသူများကို ကုန်ကြမ်းပေးသွင်းသူ စာရင်းမှ ထုတ်ပယ်မည်ဟု ဆိုသည်။

“ကျနော်တို့ရဲ့ ထုတ်ကုန်တွေမှာ မြန်မာက တရားမဝင် သံဖြူပါတဲ့ အထောက်အထား မရှိပေမယ့် ဆက်လက်စုံစမ်းစစ်ဆေး မယ်။ ပြဿနာတွေ့ရင် ဖြေရှင်းမယ်။ စံနှုန်းတွေကို မြှင့်တင်ပြီး လူ့အခွင့်အရေးကို ကာကွယ်ဖို့လိုတာ အားလုံး လုပ်ဆောင်မယ်” ဟု Apple ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ Foxconn ကလည်း ၎င်းတို့သည် ကုန်ကြမ်း ပေးသွင်သူ စီမံခန့်ခွဲမှု စည်းကမ်းများကို နိုင်ငံတကာနှင့် ပြည်တွင်းပဋိပက္ခဒေသ တွင်းထွက်ဥပဒေများနှင့် အညီ လိုက်နာစေကြောင်းနှင့် ထိုစည်းကမ်းများကို ၎င်းတို့ထံ ကုန်ကြမ်းသွင်းသူများကို ကြိုတင်အသိပေးထားကြောင်း ပြောသည်။

၎င်းတို့၏သံဖြူ ၁ ရာခိုင်နှုန်း ခန့်ကိုသာ Yunnan Tin မှဝယ်ယူပြီး အမေရိကန်ပြင်ပဖောက်သည် တဦးတည်းသို့သာ ပို့သည့် ပစ္စည်းတွင် သုံးသည်ဟုလည်း ပြောသည်။ Pegatron Corp က ၎င်းတို့သည် ကုန်ကြမ်း ပေးသွင်းသူများကို နှစ်စဉ်စစ်ဆေးပြီးပဋိပက္ခဒေသနှင့် ကင်းသောပင်ရင်းကို သုံးရန် အားပေးသည်ဟု ဆိုသည်။

Pegatron Corp သည် ၎င်း၏ဖောက်သည်များ၊ အဖွဲ့အစည်းများနှင့် လက်တွဲပြီး ပင်ရင်းတွင်းထွက်များကို တာဝန်သိသိ စုံစမ်းစစ်ဆေးမည်ဟု ပြောသည်။

လက်ဝတ်ရတနာမှ အိမ်သုံးကိရိယာများ အထိ

အမေရိကန်ပြည်ထောင်စုတွင် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသူများသည် Dodd-Frank Act ဥပဒေအရ ၎င်းတို့ထံ သံဖြူနှင့် အခြားတွင်းထွက် ပေးသွင်းသူများ စာရင်းကို ထုတ်ပြန်ကြေညာရသည်။

Yunnan Tin ကို ဖော်ပြသော ကုမ္ပဏီများအနက် Tiffany က ၎င်းထံပစ္စည်းပေးသွင်းသူ တဦးသည် တရုတ်သတ္တုလုပ်ငန်း သံဖြူအနည်းငယ်ကို သွယ်ဝိုက် ဝယ်ယူပြီး ငွေထည်လက်ဝတ်ရတနာနှင့် ခေါင်းပွပစ္စည်းများတွင် ဂဟေကြားခံ အဖြစ် သုံးသည်ဟု ကြေညာသည်။

Yunnan Tin သည် ပဋိပက္ခကင်းသည်ဟု CFSI က သတ်မှတ်ကြောင်း ထိုသတ္တုလုပ်ငန်းကို အသုံးပြုခြင်းသည် ၎င်းတို့၏ ပဋိပက္ခတွင်းထွက် မူဝါဒနှင့် ကိုက်ညီကြောင်းလည်း ပြောသည်။

Starbucks ကလည်း Yunnan Tin မှ သတ္တုအနည်းငယ်ကို ကြားခံပေးသွင်းသူ ထံမှ ဝယ်ယူပြီး ၎င်းတို့ကော်ဖီဆိုင် မီးဖိုများတွင် သုံးသည်ဟု ကြေညာသည်။ ၎င်းတို့သည် မြန်မာမှ သတ္တုသုံးနေကြောင်း မည်သည့် အချက်အလက်မျှ မရရှိကြောင်း၊ သို့သော်ပစ္စည်း ပေးသွင်းသူများအနေဖြင့် ပင်ရင်းဒေသ ကြေညာရန် တွန်းအားပေးမည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

GE ၏ ပြောခွင့်ရသူ တဦးကလည်း ၎င်းတို့ ကုမ္ပဏီသည် သတ္တုကုန်ကြမ်း ပေးသွင်းသူ ကွင်းဆက်တွင် ကျင့်ဝတ်ညီသော ပင်ရင်းသုံးရန် ကြိုးစားကြောင်း၊ ရိုက်တာ သတင်းဌာန၏ စိုးရိမ်မှုကို မှတ်သားထားပြီး ၎င်းတို့၏ လုပ်ငန်းတွင်း ဖြစ်စဉ်များ၊ ပြင်ပ လုပ်ဖော်ကိုင်ဖက်များမှ တဆင့် ကိုင်တွယ်ဖြေရှင်မည် ဟု ပြောသည်။

Target အမည်ရှိ လက်လီအရောင်း လုပ်ငန်းမှ ပြောခွင့်ရသူကလည်း တာဝန်သိသော စီးပွားရေးကျင့်ဝတ်များကို အလေးထားကြောင်း၊ ဤ သတင်းကို အလေးအနက်ထားပြီး စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။            ။

( Reuters သတင်းထောက်  Yimou Lee နှင့် Joel Schectman တို့၏ For Apple and others, tin supply chain has ties to rebel-held Myanmar mine ကို ဘာသာပြန်ဆိုသည်)
Irrawaddy

No comments:

Post a Comment