Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 6, 2016

အဖေဖြစ်တဲ့ စိုးသူက ထားပစ်ခဲ့သော်လည်း အချစ်မပျက်တဲ့ သမီးလေး angel ရဲ့ ဖေဖေ့အတွက်မွေးနေ့ဆုတောင်း


အဖေဖြစ်တဲ့ စိုးသူက ထားပစ်ခဲ့သော်လည်း အချစ်မပျက်တဲ့ သမီးလေး angel ရဲ့ ဖေဖေ့အတွက်မွေးနေ့ဆုတောင်း
 အဖေတောင် အသက် ၅၁ နှစ် ပြည့်သွားခဲ့ပြီနော် သမီးရယ် တီတီဒါ မျက်ရည်ဝဲမိတယ်... အဖေဖြစ်သူက တခြား မိန်းမနဲ့ ဖောက်ပြန်ပြီး သမီးအရင်းနဲ့ သမီးရဲ့ မေမေကို ဥပေက္ခါပြုထားပေမယ့် still positive အနေနဲ့ အဖေ့ မွေးနေ့မှာ ရွှင်လန်းတက်ကြွစွာ ဆုတောင်းပေးနိုင်တယ်... ဘာသာစုံ A ရပြီး ကျောင်းက တကျောင်းလုံးမှာ ၁၂ ယောက်ကိုပဲ ပေးတဲ့ ဂုဏ်ထူးဆောင် ဆုရတာရော ကိုယ့်အပေါ် ရက်စက်ပြီး စိတ်နာကျင်အောင် လုပ်သွားတဲ့သူကို အခုလို အဖေဟာ အဖေပဲဆိုတဲ့ အမြင်နဲ့ စိတ်ထားနဲ့ positive way of living ဖြစ်နေတာကို ဂုဏ်ယူမိပါတယ်...
သမီးကို ရင့်ကျက်တဲ့ စိတ်တွေနဲ့ ရှင်သန်နေတတ်အောင် ပြုစုပျိုးထောင်ပေးတဲ့ မမှူံ Kha Nge ကိုလည်း credit ပေးတယ်... ချီးကျူးပါတယ်...
သမီးလေး သူ့အဖေကို ရင့်ကျက်လိမ်မာယဉ်ကျေးစွာ ပြောသွားတဲ့ ၅ ချက်က...
နံပါတ်တစ်: သမီး ကျောင်းမှာ grade 8 အတွက် ကျောင်းအုပ်ကြီးကနေ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆု သမီး ရတယ်... ဒါဟာ အဖေ့သမီးရဲ့ အောင်မြင်မှု့တခုလို့ အဖေ မထင်မိဘူးလား?

နံပါတ်နှစ်: သမီး မျှော်လင့်ပါတယ် အဖေ ဂုဏ်ယူအောင် လုပ်နိုင်မယ်လို့လေ...
ဟင့်အင်း မဟုတ်သေးဘူး.. သမီးသိတယ် အဖေ့သမီးဟာ အဖေ့ကို ဂုဏ်ယူအောင် လုပ်ကိုလုပ်နိုင်သူ တယောက် ဖြစ်နေရမယ်ဆိုတာကိုလေ... ဘာလို့လဲဆိုတော့ သမီး အခုလို ဆက်ကြိုးစားသွားရင် သမီး အကောင်းဆုံး ဖြစ်လာမို့ပေါ့...

နံပါတ်သုံး: အကယ်၍များပေါ့လေ အဖေ သိချင်နေမယ်ဆိုရင်တော့ သမီးနဲ့ အမေ အဆင်ပြေပါတယ်... အဖေ ဒီမှာ မရှိတော့ ပိုများပြားလှတဲ့ ဖိစီးမှု့ဆိုတာတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကတော့ ရိုးရှင်းစွာံ ရှိနေတာပေါ့ အဖေရယ်... ဒါပေမယ့် အမေနဲ့သမီး အဆင်ပြေအောင် နေတတ်နေပါတယ်...

နံပါတ်လေး: သမီးမွေးနေ့အတွက် အဖေမုန့်ဖိုးပေးတဲ့ ဒေါ်လာတရာ အတွက် ကျေးဇူးတင်ပါတယ် အဖေ... ဒါတွေဟာ သမီးအတွက် မလိုအပ်ပါဘူး သမီး အသုံးလဲ မပြုဖြစ်ဘူးလေ... အဲ့တော့ ဒီက အစိုးရကို အခွန်ဆောင်ဖို့ သမီး အမေ့ကို ပေးလိုက်ပါတယ် အဖေ...
နံပါတ်ငါး: မွေးနေ့မှာ ပျော်ရွှင်ပါစေ အဖေ... အဖေတောင် အသက် ၅၁ နှစ် ပြည့်သွားခဲ့ပြီနော်... အဖေ့မွေးနေ့မှာ အဖေ ပျော်ရွှင်နေပါစေလို့ သမီး မျှော်လင့်မိပါတယ်...
အကောင်းဆုံးအချိန်များ ဖြစ်ပါစေ...' လို့ M
ya Nandar Thet Lwin အကောင့်မှ ဘာသာပြန်ပြီးရေးထားပေးခဲ့ပါတယ်။
Credit - Mya Nandar Thet Lwin


No comments:

Post a Comment