Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 15, 2016

သိသူဖော်စားနေတဲ့ မြန်မာအီးဘွတ်ခ်(Ebook) ဇာတ်လမ်းများ



စာအုပ်ကို လက်ကကိုင်ဖတ်ရသည်နှင့် အီးဘွတ်ခ် (Ebook) ခေါ် ကွန်ပျူတာ၊ လက်ပ်တော့နှင့် ကင် ဒဲလ် (Kindle) ကဲ့သို့ စာဖတ်ရန် အထူးပြုလုပ်ထားသည့် အရာတွေ နှင့် ဖတ်ရသောစာအုပ်ကိုဖတ်ရ ခြင်းမှာ မည်ကဲ့သို့ ဖတ်ရသည်က ပိုကောင်းပါသနည်း။ စာအုပ်က ပိုဖတ်၍ကောင်းသည်ဆိုသည်က ငြင်းစရာမရှိ။ သို့သော် အောက်ပါ အချက်များနှင့် ပြည့်စုံမှ စာအုပ်ကို လက်ကနေ ကိုင်ဖတ်ရသည်က ကောင်းပါသည်ဟု ဆိုနိုင်ပေလိမ့် မည်။ စာဖတ်သူမှာ အေးအေး ဆေးဆေး ဖတ်ရမည့်အချိန်ရှိပါ လျှင်၊ စာအုပ်များကို ထွက်တိုင်း ၀ယ်ယူနိုင်သည့် ငွေကြေးရှိပါလျှင်၊ အိမ်မှာစာအုပ်များကို ထိန်းသိမ်း ရန် စာကြည့်စင် (သို့မဟုတ်) စာ ကြည့်သည့်နေရာကောင်းကောင်း ရှိပါလျှင် စာအုပ်ကိုကိုင်ဖတ်ရ သည်က နိဗ္ဗာန်ဘုံဖြစ်ပါလိမ့်မည်။
သို့သော် အိမ်မှာ စာအုပ်ကို ကိုင်ဖတ်ရန် အချိန်မရှိသည့် လူ တစ်ယောက်။ စာအုပ်များကိုပေါ် တိုင်း ၀ယ်ဖတ်ရန် ငွေကြေးမတတ် နိုင်သည့် သူတစ်ယောက်။ ပညာ ရေးအတွက် အလကားရသော အွန်လိုင်းပေါ်မှ အီးဘွတ်ခ်များကို မဖတ်မနေဖတ်ရမည့် သူတစ် ယောက်။ အချိန်အတော်များများ ကို လမ်းပေါ်မှာခရီးသွားရင်း၊ ကား ပိတ်ရင်း ကုန်ဆုံးရသူတစ်ယောက်၊ စာအုပ်များကို ထိန်းသိမ်းရန် အခြေအနေမပေးသည့် သူတစ်ယောက်အတွက် ဖုန်းနှင့်ပင် ဖတ်၍ရသည့် အီးဘွတ်ခ်သာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။

အရာခပ်သိမ်းနည်းပညာဖြင့် လျင်မြန်စွာပြောင်းလဲနေသော ၂၁ ရာစုမှာ လူသားများ၏ လေ့လာ သင်ယူမှုပုံစံကလည်း ပြောင်းလဲ သွားသည်။ ယခင်က ပညာအ တွက် ကျောင်းကိုသွားရ၏။  ယခု ခေတ်တွင်မူ ကျောင်းများက အွန် လိုင်းဖြစ်ပြီး ပညာရေးကလည်း အွန်လိုင်းဖြစ်လာ၏။ ယခင်က ကိုးကားလိုသော အထောက်အ ထားအတွက် စာကြည့်တိုက်မှာ သွားပြီး ရှာရဖွေရ၏။ ယခုအခါ မှာ စာကြည့်တိုက်များက အွန် လိုင်းစာကြည့်တိုက်ဖြစ်လာသည်။ စာအုပ်များနေရာမှာလည်း အွန် လိုင်းပေါ်က အီးဘွတ်ခ်များဖြစ် လာသည်။
‘‘ခေတ်ကလည်း ပြောင်းလဲ သွားတာကိုးဗျ။ ကျွန်တော်တို့ငယ် ငယ်က အဖေကရုံးမသွားခင် မနက်မှာ သတင်းစာကိုအေးဆေး ဖတ်နိုင်တယ်။ ပြီးမှရုံးကိုသွားတယ်။ ညနေ ၅ နာရီလောက်ဆိုပြန် ရောက်တယ်။ တီဗီကလည်းမရှိ တော့ ညဘက်ရေဒီယိုနားထောင် ပြီး စာဖတ်ရတယ်။ ကျွန်တော်တို့ ခေတ်မှာတော့ မနက်ဆို မိုးလင်း ပြေးရတာပဲ။ သတင်းစာလည်းမ၀ယ်နိုင်တော့ဘူး။ ဖတ်ဖို့လည်း အချိန်မရှိတော့ဘူး’’ဟု ရန်ကုန်ကကုန်တိုက်တစ်ခုတွင် အလုပ်လုပ်နေသော ကိုသိန်းစိုးက ပြောသည်။ သူ့အနေဖြင့် ဖုန်းဖြင့်ဖေ့စ်ဘွတ်ခ် ပေါ်မှစာကိုသာ ဖတ်သည်ဟုဆို သည်။
စာဖတ်သူအချို့ကမူ ယခင် ကကဲ့သို့ စာအုပ်ကိုကိုင်ပြီး ဖတ် တာကမှ အကောင်းဆုံးဟုဆိုလေ့ ရှိကြသည်။ အီးဘွတ်ခ်ကို စမ်းသပ်ရန် ၀န်လေးကြ၏။ နည်းပညာသစ် ကို မ၀ံ့မရဲဖြစ်နေသည်လည်း ပါ ၏။ သို့သော် ထိုသူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်က လူနေမှု စနစ်ပြောင်းလဲနေပုံကိုလည်း တစ် ချက်ခန့်လေ့လာသင့်၏။ ခေတ်မီ တိုင်းလည်းကောင်းသည်မဟုတ် သော်ငြား ခေတ်ကိုမျက်ခြည်ပြတ်ပါက ခေတ်နောက်ကျကျန်ခဲ့မည် ဖြစ်သည်။
အီးဘွတ်ခ်၏ အကောင်းဆုံး အားသာချက်က ဈေးကြီးသော စာအုပ်များကို ၀ယ်မဖတ်နိုင်သည့် စာဖတ်သူများအတွက် စာအုပ် ကောင်းများကို အလကားဖတ်နိုင် ခြင်း ဖြစ်သည် ဈေးကြီးသောဆေး စာအုပ်များ၊ ဘာသာရပ်ဆိုင်ရာစာ အုပ်များကို ၀ယ်မဖတ်နိုင်သူ ပညာရှင်များ၊ လေ့လာသူများသည် အင်တာနက်မှာ ရှာလျှင်ရှာတတ်သ လို ထိုစာအုပ်များကို အလကား ဖတ်၍ရနိုင်သည်။ ၀ယ်ရမည်ဆိုပါ ကလည်း စာအုပ်ဝယ်ရသည် ထက်များစွာဈေးသက်သာ၏။ အင်္ဂလိပ်ဘာသာဖြင့် ရေးထား သော ကမ္ဘာကျော်ဝတ္ထုများဆိုလျှင် ဗစ်တာဟူဂိုး၏၀တ္ထုကအစ၊ အင်္ဂလိပ်အချစ်ဝတ္ထုစာရေးဆရာမ ဗာဂျီးနီးယား၏ ၀တ္ထုအလယ်၊ ဟယ်ရီပေါ်တာစာအုပ်အဆုံးအလကား ဖတ်နိုင်၏။ ကိုယ့်ကွန်ပျူတာမှာ ဒေါင်းလုပ်လုပ်ပြီး သိမ်းထားမလား ရသေးသည်။ အင်္ဂလိပ်လိုမဖတ်နိုင်သဖြင့် မြန်မာဘာသာဖြင့် ဖတ်ချင်ပါသလား။ မြန်မာအီးဘွတ်ခ် တွေ အွန်လိုင်းပေါ်မှာ သောင်းချီရှိ ၏။ မွန်ဝန်ကြီးဗညားဒလ၏ မွန်-မြန်မာအရေးတော်ပုံကျမ်းအား ဒေါက်တာနိုင်ပန်းလှ ဘာသာပြန် ထားသည်ကို ဖတ်ချင်သလား၊ စာရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ၏အချစ်ကဗျာများကို ဖတ်ချင်သလား။ တွတ်ပီကာတွန်းပဲ ဖတ်မလား၊ အွန်လိုင်းမှာ အလကားဖတ်နိုင်သည်။
‘‘ကျွန်မက အီးဘွတ်ခ်စဖတ် တာ နိုင်ငံခြားရောက်ကတည်းက ပေါ့နော်။ ကျွန်မမြန်မာပြည်မှာ ရှာ လို့မရနိုင်တဲ့ စာအုပ်တွေကို အွန် လိုင်းမှာ ကျွန်မအကုန်ဖတ်ရတယ်။ စာရေးဆရာဓူဝံရဲ့ မာလာလို စာ အုပ်တောင် အီးဘွတ်ခ်နဲ့မှ ဖတ်ဖူး တယ်။ မစန္ဒာတို့၊ ခင်နှင်းယုတို့ဆို လည်း ကျွန်မမဖတ်ဖူးတဲ့အ ဟောင်းတွေကအစ။ မောင်သိန်း ဆိုင်တို့၊ မောင်သာရတို့တောင်ပါ သေးတယ်’’ဟု ကနေဒါနိုင်ငံ တို ရန်တိုမြို့မှာ နေထိုင်သူ မမျိုးအေး က ပြောကြားသည်။ သူကမြန်မာ အီးဘွတ်ခ်များထဲကနေ စိတ်ကြိုက် စာအုပ်၊ ရှားပါးစာအုပ်များဆိုလျှင် ဒေါင်လုတ်ချပြီး သိမ်းထားသည်ဟု ဆိုသည်။ ထို့ပြင် ကင်ဒဲလ်(Kindle) ခေါ် အမေဇုန်က ထုတ်သည့် စာ အုပ်ဖတ်လို့ရသည့် ကွန်ပျူတာအ သေးစားလေးကို နေရာတကာ သယ်ပြီး သူကစာဖတ်သည်။ ကမ္ဘာပေါ်မှာ အီးဘွတ်ခ်ကိုဖတ်လျှင် အ ကောင်းဆုံးဟုဆိုကြသည့် ကင် ဒဲလ်ဗားရှင်းကို အမေဇုန်က ယခု အခါ ကွန်ပျူတာနှင့်အိုင်ဖုန်း။ အိုင် ပတ်များကပါ ဒေါင်လုပ်လုပ်ပြီး ဖတ်ခွင့်ပေးလိုက်ပြီ ဖြစ်သည်။ ကင်ဒဲလ်နုတ်ဘွတ်ခ်မ၀ယ်ထား လည်း မိမိအိုင်ဖုန်းနှင့် အိုင်ပတ်ခ် မှာ ကင်ဒဲလ်ဗားရှင်းကို ဖတ်လို့ရ သည်။ အိုင်ဖုန်းမရှိပါကလည်း ကွန်ပျူတာကနေ ဖတ်နိုင်၏။ နိုင်ငံတကာဈေးကွက်မှ စာအုပ်အသစ် စက်စက်ကို ဖတ်မည်ဆိုပါက ကင်ဒဲလ်ဗားရှင်းဖြင့် အီးဘွတ်ခ်က ဈေးအလွန်သက်သာ၏ အမေဇုန်မှာ အသင်းဝင်အဖြစ်နှင့် ၀ယ်လျှင် စာအုပ်အတော်များများကို အခမဲ့ ဖတ်ခွင့်ရ၏။ စာအုပ်အသစ်တိုင်း ကို အခန်းတစ်ခန်းခန်း အမြည်းအ ဖြစ် အခမဲ့ဖတ်နိုင်သည်။ စာဖတ် သူများက သူတို့အတွက် ကင်ဒဲလ် က ရတနာသိုက်ဟု တင်စားကြ ၏။ စာအုပ်များ၊ စာအုပ်ဆိုင်များ ကို လူအများအဖတ်နည်းသွားကြ ပြီး စာအုပ်ဈေးကွက်မကောင်း သည်မှာ မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်ပါ။ နိုင်ငံတကာမှာလည်း စာအုပ်ဆိုင်ကြီးတွေက တဖြုတ် ဖြုတ်ပြုတ်ကုန်ကြသည်။ စာအုပ် ထုတ်ဝေရေးကလည်း ကျဆင်း လာသည်။ အလကားပေးဝေ သည့် မဂ္ဂဇင်းပင် လူတွေကမဖတ် ကြတော့ပေ။ သို့သော် စာရေး ဆရာများကတော့ အခြေအနေ ဆိုးသွားသည်မဟုတ်ပါ။ သူတို့က စာအုပ်များကို အမေဇုန်ကဲ့သို့ အွန်လိုင်းစာအုပ်ဆိုင်များကနေ အီးဘွတ်ခ်အဖြစ် ဈေးကွက်သစ် တင်ခဲ့သည်။ ထုတ်ဝေသူများက လည်း အွန်လိုင်းပေါ်ရောက်လာ ၏။ ထို့ကြောင့် ဟယ်ရီပေါ်တာကဲ့ သို့ စာအုပ်များဆိုလျှင် စာအုပ် ထက် အွန်လိုင်းပေါ်က ရောင်းချ သည့် အရေအတွက်များခဲ့၏။ ထို့ ကြောင့် စာရေးဆရာများအတွက် အကျိုးအမြတ်ရှိသည့် ဈေးကွက် သစ်တစ်ခုဖြစ်လာခဲ့သည်။ ထို့ ကြောင့် စာအုပ်ဆိုင်များ မရှိသော် လည်း အွန်လိုင်းစာအုပ်ဆိုင်များ ရှိလာသဖြင့် နိုင်ငံတကာစာရေး ဆရာများက ပန်းပန်နေဆဲ ဖြစ်၏။
မြန်မာပြည်အခြေစိုက်  မြန်မာစာရေးဆရာများထဲမှ မိမိစာအုပ်ကို ကိုယ်တိုင်အီးဘွတ်ခ်အ ဖြစ် စင်တင်ရဲသူတစ်ယောက်မှ မတွေ့ရသေးပေ။ သည်အချက်ကလည်း အကြောင်းအမျိုးမျိုးရှိ သည်။ အွန်လိုင်းဘဏ်စနစ်ဖြစ် ဖြစ်မြောက်မြောက် မရှိခြင်း၊ စာအုပ်ကိုအွန်လိုင်းကနေ အီးဘွတ်ခ်ဖတ်ရှုရအောင် အင်တာနက်မြန် နှုန်း မကောင်းခြင်းနှင့် စာအုပ်ထုတ်ဝေသူများမှာ အွန်လိုင်းစနစ်နှင့် အီး ဘွတ်ခ်စနစ် နည်းပညာကိုလေ့ လာစူးစမ်းမှု မရှိခြင်း၊ ထိတွေ့မှုမရှိ ခြင်းတို့ကြောင့်လည်း ဖြစ်သည်။
တကယ်တမ်း ပြောကြလျှင် မြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်း ခန့်ရှိပါ၏။ သို့သော် အရောင်းရ ဆုံးစာရေးဆရာပင် တစ်ကြိမ်စာ အုပ်ထုတ်လျှင် ရောင်းရသည့် စာ အုပ်မှာတစ်သောင်းခန့်ပင် မပြည့် ပါ။ သို့သော် အွန်လိုင်းပေါ်မှ မြန်မာအီးဘွတ်ခ်များကို တက် ကြည့်ပါ။ ဖတ်ရှုသူအရေအတွက် မှာ စာအုပ်တစ်အုပ်လျှင် သိန်းချီ ရှိနေသည်ကို တွေ့ရမည်။ ဒေါင်း လုတ်ဆွဲသည့်အကြိမ်မှာလည်း သောင်းချီသိန်းချီရှိ၏။ စာရေးဆ ရာ မင်းလူ၊ မင်းသိင်္ခ၊ ဂျူးနှင့် ခင် ခင်ထူးတို့၏ စာအုပ်များမှာ လူ ဖတ်အများဆုံးမြန်မာအီးဘွတ် ခ်စာအုပ်များဖြစ်၏။ ဖတ်ရှုသူက လည်း မြန်မာနိုင်ငံက စာဖတ်ပရိ သတ်ချည်းသက်သက်သာ မဟုတ်။ကမ္ဘာတစ်လွှားက မြန်မာပရိသတ် များ ဖြစ်သည်။
‘‘ဒါပေမဲ့ စိတ်မကောင်းစရာ က မြန်မာစာရေးဆရာတွေက အဲ ဒီအကျိုးအမြတ်ကို တစ်ပြားမှမခံ စားရတာပဲ။ ကိုယ့်စာအုပ်ကိုလူ တွေက တင်နေတာဖတ်ချင်သလို ဖတ်နေတာကို ဒီအတိုင်းကြည့်နေ ကြတယ်။ မူပိုင်ခွင့်တောင်လုပ်ရ မှန်းမသိ။ လုပ်လို့ရတယ်ဆိုတာ လည်း မသိကြဘူး။ ကန့်ကွက်ရမှန်း လည်း မသိဘူး။ သူတို့စာအုပ်တွေ ဟာ စာအုပ်ဆိုင်မှာရောင်းရတာ ထက် အွန်လိုင်းမှာ သောင်းချီဒေါင်း လုတ်လုပ်ဖတ်နေတယ်ဆိုတာကို သိပုံမရကြဘူး’’ဟု မအေးမျိုးက ဆို၏။
လျင်သူစားစတမ်းဆိုသည့် စကားအတိုင်း မြန်မာအီးဘွတ်ခ် များနှင့် ပတ်သက်၍ စာရေးဆရာ များထက် အဆပေါင်းများစွာ ခံ စားခွင့်ရှိနေသည်က အွန်လိုင်းပေါ် က မြန်မာအီးဘွတ်ခ်အင်တာနက် စာမျက်နှာများပင် ဖြစ်သည်။ အ မေရိကန်မှာ အခြေစိုက်သော မြန် မာအွန်လိုင်းအီးဘွတ်ခ်အင်တာ နက် စာမျက်နှာတစ်ခုဆိုလျှင် စာ ရေးဆရာများကို ခွင့်တောင်းခြင်း မရှိဘဲ စာအုပ်များကို စကင်ဖတ် အီးဘွတ်ခ်လုပ်ကာ သူ့ဆိုက်မှာ တင်သည်။ စာဖတ်သူများက အ ခမဲ့ဖတ်နိုင်သည်။ ဖတ်ရှုသူလည်း အတော်များ၏။ ထို့ကြောင့် အခမဲ့ ဆိုသော်ငြား ထိုစာမျက်နှာက ဖတ်ရှုသူများသဖြင့် ကြော်ငြာများရ သည်။ ထို့ကြောင့် အဆိုပါအင် တာနက်စာမျက်နှာမှာ စီးပွားရေး အရ အောင်မြင်နေပြီး ၀န်ထမ်း များပင် ခန့်ထားရသည်။ ထိုအချိန် မှာ ရန်ကုန်က မူရင်းစာရေးဆရာ မှာ စာအုပ်တစ်ထောင်ကုန်အောင် မနည်းရောင်းနေရတုန်း ဖြစ်သည်။
တစ်ခါတစ်ရံ စာရေးဆရာ၏ စာအုပ်က ရန်ကုန်မှာသည်နေ့ ဖြန့် ချိလျှင်သူတို့က ချက်ချင်းအီးဘွတ် ခ် ကောက်တင်၏။ ထို့ကြောင့် ရန်ကုန်က စာဖတ်သူများ မဖတ်ရ မီ အွန်လိုင်းမှာလူတွေက အခမဲ့ ဖတ်နေကြသည်။ အမေရိကန်နှင့် နိုင်ငံတကာနေသူ မိတ်ဆွေများရှိ သည့် စာရေးဆရာတစ်ဦး၊ နှစ်ဦး စကမူ အဆိုပါ ၀က်ဘ်ဆိုက်ကို တရားဝင်ကန့်ကွက်ပြီး တင်ခွင့်မ ပေးသဖြင့် သူတို့၏စာအုပ်များကို တော့ ထပ်မတင်တော့ပေ။ တခြားစာရေးဆရာများနှင့် ထုတ်ဝေသူ များကလည်း အထောက်အထား နှင့် တင်ပြနိုင်ပါက ဖြုတ်ပေးမည် ဟု အဆိုပါ အင်တာနက်စာမျက်နှာမှာ ရေးသားထားသည်။ သို့သော်သူတို့ကမူ စာရေးဆရာ၏ ခွင့်ပြုချက်ကိုလာမတောင်းဘဲ တင်နေခြင်းဖြစ်သည်ဟု နာမည်ကြီးစာ ရေးဆရာတစ်ဦးက ပြောပြသည်။
ထို့ကြောင့် စာအုပ်များကို လက်ကလည်း ကိုင်ဖတ်ပါ။ ထို့အ ပြင်ခေတ်နှင့်အညီ အမီလိုက်ဖို့ လည်း အွန်လိုင်းပေါ်က အီးဘွတ်ခ် များကိုလည်း လက်လှမ်းမီအောင် အားထုတ်ပါ။ သို့မဟုတ်ပါက ကမ္ဘာကြီးနှင့် သီးခြားစီဖြစ်ကျန်နေ ခဲ့လိမ့်မည်။ ထို့ထက်ပိုဆိုးသည် ကား မြန်မာစာရေးဆရာများကဲ့သို့ အွန်လိုင်းပေါ်က လုပ်စားသူများ၏ အမြတ်ထုတ်မှုကို ခံရလိမ့်မည်။

No comments:

Post a Comment