Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 29, 2016

ကာလုံအစည်းအဝေး မခေါ်ရင် ဥပဒေဘောင်ထဲက ရေဆုံးမိုးဆုံး လုပ်သွားမယ်လို့ ဦးသိန်းညွန့်ပြော

 

တောင်းဆိုထားတဲ့အတိုင်း ကာလုံအစည်းအဝေး မခေါ်ယူပါက ဥပဒေဘောင်အတွင်းက ရေဆုံးမိုးဆုံး လုပ်ဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက် ဒီကနေ့မှာ MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုမှာ အခုလို ပြောဆိုလိုက်တာပါ။ ပါတီ (၁၃)ခုက ကာလုံအစည်းအဝေးအမြန်ခေါ်ယူဖို့ တောင်းဆိုခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးရဲ့ပြောကြားချက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေကို နိုင်ငံတော်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ နီးနီးစပ်စပ် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး အဲဒီညှိနှိုင်းမှုတွေဟာ ကာလုံအစည်းအဝေးမဟုတ်ပေမယ့် ကာလုံသဘောမျိုးဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

အဲဒီလိုပြောဆိုတာနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ မေးခွန်းထုတ်စရာတစ်ခုဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို သက်ဆိုင်ရာအစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်မှုမျိုး မလုပ်ပေးခဲ့ဘူးဆိုရင် အခြေခံဥပဒေဘောင်အတွင်းက ရေဆုံးမိုးဆုံး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။
MCN

No comments:

Post a Comment