Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 18, 2016

အင်းဝအပ်ချုပ်ဆိုင်မှ မစုမွန်လတ်က အိမ်အကူမိန်းကလေးအား လက်လှန်ချိုးကြောင်း တရားလိုပြသက်သေ ထွက်ဆို


နိုဝင်ဘာ ၁၈

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင် မိသားစုက အိမ်အကူမိန်းကလေးငယ်နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုကို ကျောက်တံတား တရားရုံးတွင် ယနေ့ (နိုဝင်ဘာ ၁၈ရက်) စစ်ဆေးရာ မစုမွန်လတ်က အိမ်အကူ မစန်းကေခိုင်၏ ဘယ်ဖက်လက်မောင်းကို လှန်ချိုးခဲ့ကြောင်း တရားလိုပြသက်သေက ထွက်ဆိုသည်။

နှိပ်ခိုင်းရာတွင် လက်မပေါက်၍ဟုဆိုကာ လက်လှန်ချိုးခဲ့ခြင်းဖြစ်ကြောင်း မစန်းကေခိုင်၏ ပြောပြချက်ကို တရားလိုပြသက်သေ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းက ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။


တရားလိုပြသက်သေ အုပ်ချုပ်ရေးမှူးဟောင်း၏ ထွက်ဆိုချက်တွင် မစန်းကေခိုင်တို့ကို သွားရောက်ခေါ်ယူရန် ကျောက်တံတားရဲစခန်းက အကြောင်းကြားသည့်အခါ သွားရောက်ခဲ့ကြောင်း ၊ မသဇင်မှာ အသာတကြည်လိုက်၍ မစန်းကေခိုင်မှာ မိခင်နှင့် ဆွဲထုတ်မှ ပါလာခဲ့ကြောင်း ၊၄င်းနောက် ကူးတို့ဆိပ်အထိ မစုမွန်လတ်နှင့် ရာဇာထွန်းတို့နှစ်ဦးက လိုက်ပို့ကြောင်း သိရသည်။

''သက်သေမှာ မမှန်သက်သေ ထွက်ဆိုရင် တရားရုံးကို လျှောက်ခွင့်ရှိတယ်။ နှစ်ဖက်တရားရုံးနှစ်ခုလုံး ထွက်ဆိုချက်ကို ကျွန်တော်တို့ ကြည့်သွားမှာပါ။''ဟု အင်းဝအပ်ချုပ်ဆိုင်ဘက်မှ အကျိုးဆောင်ရှေ့နေတဦးက ဆိုသည်။

အိမ်အကူမိန်းကလေးငယ် မစန်းကေခိုင်နှင့် မသဇင်တို့အား ညှဉ်းပန်းနှိပ်စက်ခဲ့သဖြင့် တရားစွဲဆိုခြင်းခံရသော အင်းဝအပ်ချုပ်ဆိုင်အမှုတွင် တစ်မှုမှာ လူမှုဝန်ထမ်းဦးစီးဌာနမှ တရားလိုပြုလုပ်ကာ ကလေးသူငယ်ဥပဒေဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ပြစ်ကြီး၁၈၄ ၊၁၈၅ ၊၁၈၆/၂၀၁၆တွင် ဒုရဲမှူး တိုးမြို့က တရားလိုပြုလုပ်ကာ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ခြောက်ဦးလုံးအား ပြစ်မှုကြောင်းအရ တရားစွဲဆိုထားခြင်းဖြစ်သည်။

MTH
SKY Land News & Entertainment Media
https://www.facebook.com/skyland.news

No comments:

Post a Comment