Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 25, 2016

ရန်ကုန်တိုင်းအစိုးရရုံးဝင်းထဲမှာ ယမန်နေ့ညနေပိုင်းကဖောက်ခွဲမှုလုပ်ခဲ့တဲ့ အဓိကကျုးလွန်သူလို့ယူဆရတဲ့သူကိုရဲတပ်ဖွဲ့ကဖမ်းမိပြီ


ရန်ကုန်၊ နိုဝင်ဘာ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးဝင်းထဲမှာ ယမန်နေ့ညနေပိုင်းကဖောက်ခွဲမှုလုပ်ခဲ့တဲ့အဓိကကျုးလွန်သူလို့ယူဆရတဲ့သူကိုရဲတပ်ဖွဲ့ကဒီကနေ့မနက်အစောပိုင်းမှာဖမ်းဆီးလိုက်တယ်လို့သတင်းရရှိပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ရဲတပ်ဖွဲ့ကစစ်ဆေးဖော်ထုတ်ပြီးအပူတပြင်းလိုက်လံရှာဖွေခဲ့မှုအရခုလိုဖမ်းနိုင်ခဲ့တာလို့သိရပါတယ်။
သူနဲ့အတူပေါက်ကွဲမှုဖြစ်စဉ်မှာ အသုံးပြုတဲ့ပုလင်းတွေကိုလဲ သိမ်းဆီးရမိတယ်လို့လက်တလောသတင်းရထားပါတယ်။
သူ့ကိုသင်္ဃကျွန်းဘက်ကနေဖမ်းမိခဲ့တာပါ။
သူဟာတိုင်းအစိုးရရုံးထဲကိုဘယ်လိုချိတ်ဆက်ပြီးဝင်ရောက်လာတယ်၊နောက်ကွယ်မှာဘယ်သူတွေရှိတယ်၊ဘာရည်ရွယ်ချက်စတာတွေကိုတော့စစ်ဆေးနေဆဲပဲလို့သတင်းရရှိထားပါတယ်။
သူဟာ ဒီအပါတ်အတွင်းပေါက်ကွဲခဲ့မှုတွေဖြစ်တဲ့
တောင်ဒဂုံလ၀ကရုံး၊ဒေါပုံCapital ဈေးဝယ်စင်တာ၊Oceanဈေးဝယ်စင်တာစတဲ့ဖြစ်စဉ်များထဲပါဝင်ပါတ်သတ်နေတယ်လို့လည်းထပ်မံသိရပါတယ်။
ဆက်စပ်တရားခံတွေကိုပါစုံစမ်းဖော်ထုတ်ပြီးရင်ရဲတပ်ဖွဲ့ကဖြစ်စဉ်ကိုသတင်းထုတ်ပြန်ပေးဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။
PN
Credit Popular News

No comments:

Post a Comment