Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 17, 2016

ကိုယ်ဝန်ဆောင်ထားသည့် ဧရာဝတီလင်းပိုင်မကြီးတစ်ကောင် သေဆုံး

၁၃-၁၁-၂၀၁၆ ရက်နေ့တွင် စစ်ကိုင်းမြို့-ခိုတောင်ကျေးရွာရှေ့ရေပြင်တွင် ဝမ်းဗိုက်အတွင်း ကိုယ်ဝန်ဆောင်ထားသည့် ဧရာဝတီလင်းပိုင်မကြီးတစ်ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဒေသခံများ၏ပြောကြားချက်အရ အဆိုပါ လင်းပိုင်မ ကြီးသည် အုပ်စုဖွဲ့ပြီးတရားမဝင် ရှော့တိုက် ငါးဖမ်းဆီးခြင်းများ ဆောင်ရွက်နေခြင်းကြောင့် သေဆုံးသွားခဲ့သည်ဟု ကြားသိရပါသည်။

ဧရာဝတီလင်းပိုင်များ တဖြည်းဖြည်းမျိုးသုဉ်းပျောက် ကွယ်မှုမရှိအောင် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့(WCS)တို့မှ ပူးပေါင်းထိန်းသိမ်းစောင့် ရှောက်လျက်ရှိကြောင်းသိရှိရသည်။

#FridayTimes










No comments:

Post a Comment