CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 19, 2016
ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်းအပါအ၀င် လမ်းမကြီး ၁၁ ခုတွင် လမ်းဘေးဈေးသည်များအား ရောင်းချခွင့်ပြုတော့မည်မဟုတ်
ရန်ကုန်မြို့တွင်း ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များရှိ လမ်းဘေးဈေးသည်များကို အဆိုပါ မြို့နယ်များအတွင်းမှ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနား လမ်း၊ ပန်းဆိုးတန်းလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဆူးလေဘုရားလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်းနှင့် ဘုန်းကြီး လမ်းစသည့် လမ်းမကြီးများပေါ်ရှိ ကားပါကင် လူသွားစကြံ င်္တို့တွင် လုံးဝရောင်းချခွင့်ပြုတော့မည်မဟုတ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
''လမ်းမကြီး ၁၁ ခုမှာ ရောင်းချမှုခွင့်မပြုတော့ဘူး။ ခွင့်မပြုတော့တဲ့အတွက် မည်သည့်ဈေးသည်ကိုမှ ၂၄ နာရီလုံးဈေး ရောင်းချခွင့်မပြုတော့ဘူး။ ရောင်းတယ်ဆိုရင် စည်ပင်ဥပဒေနဲ့ အရေးယူမယ်'' ဟု အထက်ပါ တာဝန်ရှိသူက News Watch သို့ ပြောသည်။
ထို့ပြင် လမ်းဘေးဈေးသည်စည်း ကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီအဖွဲ့ကို နယ်လုံဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ခရိုင်ရဲမှူး၊ ခရိုင်ထွေအုပ်၊ ခရိုင်စည်ပင်၊ ယာဉ်ထိန်းတပ်ဖွဲ့မှူး၊ မြို့နယ်ထွေအုပ်၊ မြို့နယ် စည်ပင်၊ မြို့နယ်ရဲမှူးတို့ပါဝင်ဖွဲ့စည်းထားကြောင်းနှင့် ယင်းအဖွဲ့မှ စည်းကမ်းထိန်းရေးအတွက် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
စည်ပင်မှ စက်တင်ဘာလအတွင်း ယင်းမြို့နယ်(၄)ခုရှိ လမ်းဘေးဈေးသည်များ မှတ်ပုံတင်စာရင်းများကို ကောက်ယူရာ ဈေးသည်ပေါင်း ၆၀၄၁ ဦးကို မှတ်ပုံတင်ထားပြီး ဖြစ်သည်။ ယင်းတို့အနက်မှ အစားအသောက် နှင့်သစ်သီးဆိုင်များပါဝင်သည့် ဈေးသည်ပေါင်း ၁၆၀၀ ကို ကမ်းနားလမ်းကားပါကင်သို့ နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်းတွင် ရွှေ့ပြောင်းကာ တရားဝင် အသိအမှတ်ပြုကတ်ပြားဖြင့် ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ကျန်ရှိသော ဈေးသည် လေးထောင်ကျော်အား နံပါတ်တပ်လမ်းများအတွင်း ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုပြဿနာအထိုက်အလျောက် ပြေလျော့စေရန်နှင့် လမ်းဘေးဈေးသည်များ စနစ် တကျဖြစ်စေရန်အတွက် စည်ပင်မှ စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါ လမ်းမကြီး ၁၁ ခုတို့တွင် ၂၄ နာရီဈေး ရောင်းချခွင့်ပြုတော့မည်မဟုတ်ကြောင်းနှင့် ဈေးသည်များကို ကမ်းနားလမ်းသို့ ပြောင်းရွှေ့ပြီးပါက ကျန်ရှိသည့် ဈေးသည်များအနေနှင့် နံပါတ်တပ်အတွင်းလမ်းများသို့ မိမိအစဉ် အစဉ်ဖြင့် ရွှေ့ပြောင်းရောင်းချကြရမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် စည်ပင်မှ လိုက်လံအသိပေးခဲ့သည်။
''ဈေးသည် ၁၆၀၀ ကိုရွှေ့မယ်။ ကျန်တဲ့ဈေးသည်တွေကို အတွင်းလမ်းတွေမှာ ပြောင်းပြီးတော့ရောင်းဖို့ ကြော်ငြာထားတယ်။ အတွင်းလမ်းဆိုတာကလည်း ပြောင်းရွှေ့ရောင်းလို့ရမယ့် သင့်တော်တဲ့ နေရာ၊ ပတ်ဝန်း ကျင်နဲ့လည်း အဆင်ပြေနိုင်မယ့်နေရာကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းရမယ်။ ဈေးသည်တွေ ရွှေ့ပြီးပြီဆိုရင် ကျန်တဲ့ဈေးသည်တွေကို အတွင်းလမ်းကိုဖယ်ဖို့ကို အသိပေးမယ်။ အချိန်လေးတခု ရက်ပိုင်းလေး အချိန်ပေး ပြီးတော့ ရွှေ့ဖို့အတွက်စောင့်မှာပေါ့။ သတ်မှတ်ထားတဲ့ရက်ကျော်ရင်တော့ အရေးယူတော့မှာပါ။ ဒါကို မလိုက် နာဘဲ ရောင်းရင်တော့ ဥပဒေအရ အရေးယူခံရမယ်''ဟု ယင်းတာဝန်ရှိသူက ပြောသည်။
ထို့ပြင် စာရင်းကောက်ယူထားသော ဈေးသည်များအားလုံးကို တရားဝင် စမတ်ကတ်ထုတ်ပေးထားမည်ဖြစ် သည့်အတွက် ကောက်ယူထားသောစာရင်းတွင် မပါရှိသော ဈေးသည်များ၊ ထပ်တိုးဈေးသည်များသည် တရား မ၀င်ကြောင်းနှင့် မှတ်ပုံတင်မရှိသော ဈေးသည်များကို နေရာချထားပေးရန် စဉ်းစားမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်းအပါအ၀င် လမ်းမကြီး ၁၁ ခုတွင် လမ်းဘေးဈေးသည်များအား ရောင်းချခွင့်ပြုတော့မည်မဟုတ်
Reviewed by MP4 YoU
on
November 19, 2016
Rating: 5
Reviewed by MP4 YoU
on
November 19, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment